အနုပညာအလုပ်တွေ ဆက်လက်လုပ်ကိုင်ဖို့ မရှိတော့ပါဘူးဆိုတဲ့ ရဲကိုကို

သရုပ်ဆောင် ရဲကိုကို ဟာ ပရိသတ်တွေကြား အခိုင်အမာ နေရာရယူထားပြီး ယနေ့အချိန်ထိ အားပေးမှုရရှိနေတဲ့ မင်းသားတစ်လက်ဖြစ်ပါတယ်။ အနုပညာလောကအပြင် ၊ ပရိသတ်တွေရဲ့ မြင်ကွင်းကနေပါ ပျောက်ကွယ်သွားခဲ့တာ အတော်ကြာလှပြီဖြစ်တဲ့ ရဲကိုကိုအကြောင်းကို မီဒီယာတွေက ဖော်ပြတဲ့အချိန်တိုင်း သူ့ကို ပြန်လာစေချင်ခဲ့တဲ့ပရိသတ်တွေက အများအပြားရှိနေတာကိုလည်း တွေ့မြင်ရပါတယ်။

ရဲကိုကိုတစ်ယောက် ဘယ်ရောက်နေပြီလဲဆိုတဲ့ မေးခွန်းလေးတွေနဲ့အတူ ပရိသတ်တွေက ရဲကိုကို ကို အနုပညာလောကထဲ ပြန်လည်ရောက်ရှိစေချင်ခဲ့ကြတာပါ။ နှစ်ပေါင်းအတော်ကြာ ပျောက်ကွယ်သွားခဲ့တဲ့ ရဲကိုကို ကို ယနေ့ သရုပ်ဆောင် ဦးမင်းစိန်ရဲ့ နောက်ဆုံးခရီးလေးမှာ လိုက်ပါ ပို့ဆောင်တာကို ပရိသတ်တွေ တွေ့မြင်ခဲ့ကြရပါတယ်။

ရဲကိုကိုကတော့ အနုပညာအလုပ်တွေကို ကမ်းလှမ်းခဲ့မယ်ဆိုရင်တော့ ဆက်လက်လုပ်ကိုင်ဖို့မရှိတော့ဘူးလို့ဆိုပါတယ်။

“အနုပညာအလုပ်တွေလုပ်ဖို့မရှိတော့ပါဘူး။ လောလောဆယ်တော့ အမေ့အိမ်မှာနေနေပါတယ်။ တစ်နှစ်ခွဲကျော်လောက်ရှိနေပါပြီ။ ” လို့ လက်ရှိမြန်မာနိုင်ငံမှာ ပြန်လည်ရောက်ရှိနေထိုင်နေကြောင်းကို ပြောလာပါတယ်။

ကွယ်လွန်သွားခဲ့တဲ့ ဦးမင်းစိန်နဲ့ရဲကိုကိုတို့ဟာ ငယ်စဉ်တည်းက ပေါင်းလာခဲ့သူတွေဖြစ်ကြပြီး ကောင်းတူဆိုးဖက် အများကြီးလုပ်ခဲ့ကြဖူးတယ်လို့ ရဲကိုကိုက ဆိုပါသေးတယ်။

“ဦးမင်းစိန်ကတော ငယ်ငယ်လေးတည်းက ပေါင်းခဲ့တာဆိုတော့ အမှတ်တရတွေအများကြီးပါပဲ။ ကောင်းတူဆိုးဖက်ပါပဲ။ ကောင်းတာတွေလည်းလုပ်ခဲ့တယ် ဆိုးတာတွေလည်းလုပ်ခဲ့တယ်။ ” လို့ MC အင်တာဗျူးမှာဖြေကြားသွားခဲ့တာဖြစ်ပါတယ်။

ပရိသတ်ကြီးရေ အနုပညာလောကနဲ့အဆက်ပြတ်သွားတာအရမ်းကြာသွားပြီဖြစ်တာကြောင့် ရဲကိုကိုကတော့ အနုပညာလောကထဲကို ပြန်လည်ဝင်ရောက်လာတော့မှာမဟုတ်ပါဘူးနော်။We Love Cele

Photos-MC

Loading...

Facebook Comments