“နှင်းဆီပုဝါခြုံတဲ့လက်” ရဲ့ ထူးခြားတဲ့ အစီအစဉ်လေးတွေကို ပြောပြလာကြတဲ့ နှင်းဆီအဖွဲ့သားများရဲ့ video

2019 ခုနှစ်မှာမှ ပထမဦးဆုံး ဗန်းဗောက် ကပြဖျော်ဖြေပေးမယ့် နှင်းဆီအဖွဲ့သားများရဲ့ ” နှင်းဆီပုဝါခြုံတဲ့လက် ” အငြိမ့်ကို ပရိသတ်တွေက စိတ်ဝင်စားအားပေး ကြည့်ချင်နေခဲ့ကြပြီပဲ ဖြစ်ပါတယ်။ ပရိသတ်တွေ ရင်ခုန်စိတ်လှုပ်ရှားမှု အပြည့်ဖြင့် စိတ်ဝင်စားစွာ စောင့်မျှော်နေကြရတဲ့ ” နှင်းဆီပုဝါခြုံတဲ့လက် ” အငြိမ့်ကို ပြည်လမ်းရှိ တော်ဝင်ဂါးဒင်း ဟိုတယ်မှာ ဇန်နဝါရီလ ၁၁ ရက် နေ့ကစ၍ ဇန်နဝါရီလ ၁၂ ရက်နေ့အထိ ၂ ရက်တိုင်တိုင် ကပြဖျော်ဖြေ ပေးတော့မှာပဲဖြစ်ပါတယ်။

” နှင်းဆီပုဝါခြုံတဲ့လက် ” အငြိမ့်ကို ဒါရိုက်တာ မောင်မျိုးမင်းက ပုံဖော်ရိုက်ကူးပေးမှာဖြစ်ပြီး ပါဝင်ပြီး ကပြဖျော်ဖြေပေးကြမယ့် အနုပညာရှင်များကတော့ လူရွှင်တော်များအဖြစ် မင်းမော်ကွန်း၊ နေတိုး၊ ကျော်ကျော်ဗိုလ်၊ ထွန်းထွန်း၊ ရဲလေး တို့နဲ့အတူ ကပြဖျော်ဖြေပေးမယ့် မင်းသမီးများအဖြစ် ဖူးစုံ၊ မေကဗျာ၊ မိုးပြည့်ပြည့်မောင်၊ မိုးယုစံ တို့က ပါဝင်ထားခဲ့ကြတာပဲဖြစ်ပါတယ်။

မကြာခင် အချိန်အတောအတွင်းမှာ ဖျော်ဖြေတင်ဆက် ကပြပေးတော့မယ့် ” နှင်းဆီပုဝါခြုံတဲ့လက် ” အငြိမ့်ရဲ့ ထူးထူးခြားခြား အစီအစဉ်တွေနဲ့ ကပြဖျော်ဖြေ သွားမယ့်အကြောင်းကို တစ်ယောက်ချင်းမိတ်ဆက် ပြောပြသွားခဲ့ကြတဲ့ နှင်းဆီအဖွဲ့သားများရဲ့ စကားသံများကို ဆက်လက်ပြီး ကြည့်ရှုအားပေး ကြပါဦးနော်။

” နှင်းဆီပုဝါ ခြုံတဲ့လက် ” အငြိမ့်ရဲ့ ထူးခြားတဲ့ အစီအစဉ်တွေအတွက် တစ်ယောက်စီချင်း မိတ်ဆက်ပေးခဲ့ကြတဲ့ နှင်းဆီအဖွဲ့များရဲ့ Video

မကြာခင်အချိန်မှာ ထူးခြားမှုတွေနဲ့ ဖျော်ဖြေတင်ဆက် ပေးတော့မယ့် ” နှင်းဆီပုဝါခြုံတဲ့လက် ” ကို ပရိသတ်တွေရင်ထဲ အရောက်ထည့်ပေးတော့မှာ ဖြစ်တာကြောင့် ပြည်သူ့အချစ်တော် မင်းသား မင်းသမီးဖြစ်တဲ့ နှင်းဆီအဖွဲ့သားများရဲ့ ကြိုးစားအားထုတ် တင်ဆက်မှုတွေကို ဆက်လက်ပြီး စောင့်မျှော်ကြည့်ရှု အားပေးကြပါဦးနော်။ ကြည့်ရှုအားပေးကြပါသော ချစ်ပရိသတ်များအပေါင်းကို မိုမိုလေးမှ ကျေးဇူးအထူးတင်ရှိပါတယ်။

Kay Kay
Ref : နှင်းဆီရင်ခွင် လူမှုကူညီရေးဖောင်ဒေးရှင်း ဖေ့ဘုတ်

Loading...

Facebook Comments