တပ်ရဟတ်ယာဉ် အသုံးပြုတိုက်ခိုက်နေကြောင်း AAအဖွဲ့ ထုတ်ပြန်ချက်ကို တပ်မတော်ငြင်းဆို

ဇန်န၀ါရီ၊ ၇ရက်

ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့နယ်တဝိုက်မှာ အစိုးရတပ်မတော်က ရဟတ်ယာဉ်တွေပေါ်ကနေ ဗုံးကြဲတိုက်ခိုက်နေတယ်ခဲ့တယ်လို့ ရက္ခိုင့်တပ်မတော် AA ရဲ့ ထုတ်ပြန်ချက်ကို တပ်မတော်က ငြင်းဆိုလိုက်တယ်လို့ သိရပါတယ်။
ဇန်န၀ါရီလ၆ရက်နေ့လယ်ပိုင်းက မြေပြင်မှာ ထိပ်တိုက်တွေ့ဆုံတာတွေ မရှိခဲ့ပေမယ့် တပ်မတော်က ရဟတ်ယာဉ်တွေပေါ်ကနေ ဗုံးကြဲတိုက်ခိုက်တာတွေ ပြုလုပ်ခဲ့တယ်လို့ AA သတင်းနဲ့ ပြန်ကြားရေးတာဝန်ခံ ခိုင်သုခက RFA ကို ပြောကြားခဲ့ပါတယ်။

အဲ့ဒီထုတ်ပြန်ချက်နဲ့ပတ်သက်ပြီး အနောက်ပိုင်းတိုင်းစစ်ဌာချုပ် နပခ တိုင်းဦးစီး ဗိုလ်မှူးကြီး ဝင်းဇော်ဦးကို RFA က ဆက်သွယ်မေးမြန်းရာမှာ မနေ့က လေကြောင်းအသုံးပြု တိုက်ခိုက်တာတွေ မရှိကြောင်းနဲ့ ဇန်နဝါရီလ ၄ ရက်နေ့က ရဲကင်းစခန်းတွေ တိုက်ခိုက်ခံရချိန်မှာတော့ ရဟတ်ယာဉ်နှစ်စီးနဲ့ ပစ်ကူတိုက်ခိုက်ခဲ့ကြောင်းဖြေကြားခဲ့ပါတယ်။ရခိုင်ပြည်နယ်မြောက် ပိုင်းမှာ တပ်မတော်က လေကြောင်းနဲ့ဗုံးကြဲတိုက်ခိုက်တာတွေ ၃ ကြိမ်လောက် ရှိခဲ့ကြောင်းနဲ့ ၊လက်နက်ကြီး ပစ်ခတ်တာ တွေပြုလုပ်နေတဲ့အတွက် ဒေသခံကျေးရွာသားတချို့ ထွက်ပြေးနေရတယ်လို့ သိရပါတယ်။

လက်ရှိအချိန်မှာ တပ်မတော်ဘက်ကနေ ရခိုင်ပြည်နယ်မြောက် ပိုင်းမှာ စစ်အင်အားတိုးချဲ့တာတွေ ပြုလုပ်နေပြီး မကြာခင် တိုက်ပွဲတွေပြင်းထန်လာနိုင်တယ်လို့လည်း ဆိုပါတယ်။
ပြီးခဲ့တဲ့ရက်ပိုင်းက ရခိုင်ပြည်နယ်မြောက်ပိုင်းမှာရှိတဲ့ ရဲကင်းစခန်း ၄ ခုကို အကြမ်းဖက် တိုက်ခိုက်တာကို ပြင်းထန်စွာရှုတ်ချကြောင်းနဲ့ သေဆုံးသူတွေအတွက် ဝမ်းနည်းကြေကွဲကြောင်း မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးက မနေ့ကညပိုင်းက သဘောထား ထုတ်ပြန်လိုက်ပါတယ်။ပြဿနာတွေကို သက်ဆိုင်ရာ အဖွဲ့အစည်းတွေအနေနဲ့ ဆွေးနွေးညှိနှိုင်းဖြေရှင်းပြီး ရခိုင်ပြည်နယ် တည်ငြိမ်ရေးနဲ့ လုံခြုံရေးကို အတူတကွ ထိန်းသိမ်းကာကွယ်ဖို့ တရုတ်သံရုံးက တိုက်တွန်းထားတယ်လို့သိရပါတယ်။

crd; Rfa.

Loading...

Facebook Comments