နှစ်ပတ်လည်နေ့လေးကို ခင်ပွန်းသည်ရဲ့ လက်ဆောင်တွေနဲ့အတူ ဖြတ်သန်းခဲ့တဲ့ ရွှေမှုန်ရတီ

အမြဲတမ်း ရိုဆန်နေကြတဲ့ ရွှေနှစ်ရွှေစုံတွဲကတော့ ယနေ့လေးမှာ ပျော်ရွှင်စရာ နှစ်ပတ်လည်နေ့လေးကို ကျင်းပခဲ့ကြတာဖြစ်ပါတယ်။ ရွှေနှစ်ရွှေစုံတွဲကတော့ အောက်တိုဘာလ အတွင်းမှာ မင်္ဂလာလက်မှတ်ရေးထိုးခဲ့ကြတာဖြစ်ပြီး နိုဝင်ဘာလ ၉ ရက်နေ့မှာ မင်္ဂလာဦးဆွမ်းကပ်အလှူကိုပြုလုပ်ခဲ့ကြတာဖြစ်ပါတယ်။ နိုဝင်ဘာလ ၁၁ ရက်နေ့မှာတော့ အင်းယားလိတ်ဟိုတယ်မှာ မင်္ဂလာဧည့်ခံပွဲအခမ်းအနားကို ခမ်းနားစွာကျင်းပခဲ့ကြတာဖြစ်ပါတယ်။

ဒီနေ့ ၆ ရက်နေ့လေးကတော့ သူမတို့အတွက် အမှတ်တရနေ့လေးဖြစ်ပြီးတော့ ရွှေမှုန်ရတီတစ်ယောက် ဒီနေ့လေးကို မေ့နေတာပါတဲ့ ဒါပေမယ့် ချစ်ရတဲ့ခင်ပွန်းကတော့ မမေ့ဘဲ ဇနီးသည် သူမအတွက် ပန်းစည်းနဲ့အတူ Happy Anniversary စာတန်းပါ ကိတ်လေးကိုပါ လက်ဆောင်ပေးခဲ့တာဖြစ်ပါတယ်။

ခင်ပွန်းဖြစ်သူရဲ့လက်ဆောင်နဲ့ ပျော်ရွှင်နေတဲ့ ပုံရိပ်လေးတွေကို ပရိသတ်ကြီးအတွက် ဖော်ပြပေးလိုက်ပါတယ်နော်။

ခင်ပွန်းသည်ဖြစ်တဲ့ ရွှေထူးက ဝယ်ထားပေးတဲ့ ရွှေမှုန်အတွက်လက်ဆောင်လေး (ခွေးလေး ၂ ကောင်ပါနော်)

၆ ရက်နေ့ကို သူမမေ့နေပေမယ့် ခင်ပွန်းဖြစ်သူကတော့ မမေ့ပါဘူးတဲ့

ရွှေထူးက Anniversary ကိတ်လေးပါပေးခဲ့တာနော်

Anni နေ့လေးကို မမေ့တဲ့ခင်ပွန်းသည်ကြောင့် ပီတိတွေဖြစ်နေတဲ့ ရွှေမှုန်ရတီ

ရွှေနှစ်ရွှေ စုံတွဲ Happy Anniversary လေးဖြစ်ပါစေနော် လို့ ပရိသတ်တွေနဲ့အတူ ဆုတောင်းပေးလိုက်ပါတယ်။We Love Cele

Video Source-Shwe Mhone Yati

Loading...

Facebook Comments