မင်းစိန်၏ ရုပ်အလောင်းကို ဦးကျော်သူနှင့် ကိုလူချောအဖွဲ့သားများက ရေဝေးသို့ပို့ဆောင်

ရုပ်ရှင်နှင့် ဗီဒီယို ဇာတ်ပို့၊ ဇာတ်ရံ သရုပ်ဆောင် လူကြမ်းမင်းသားကြီး ဦးမင်းစိန် အသက် ( ၅၆) နှစ်သည် ယနေ့ ဇန်နဝါရီလ ၅ ရက်နေ့ ၊ မနက် ( ၂ : ၃၀ ) ခန့်က ရန်ကုန်ဆေးရုံကြီးတွင် ချွဲကျပ်ရောဂါအတွက် ဆေးကုသမှုခံယူရင်း ရုတ်တရက် ကွယ်လွန်ဆုံးပါးသွားခဲ့တာပဲ ဖြစ်ပါတယ်။

မင်းစိန်၏ ရုပ်အလောင်းကို ပရဟိတမင်းသားကြီး ဦးကျော်သူနဲ့ ကိုလူချောအဖွဲ့သားများက ရေဝေးသို့ပို့ဆောင်ပေးရာ ” လူကြမ်းသရုပ်ဆောင် မင်းစိန်၏ ရုပ်ခန္ဓာအား ရေဝေးအအေးခန်းထဲမထည့်မီ မေတ္တာပို့သ အမျှပေးဝေခြင်းတို့ကို ပြုလုပ်ခဲ့ပါသည်။ မိမိပြုခဲ့သမျှကောင်းမှုအစုစုတို့အား ရုပ်နာမ်နှစ်ပါးရှိသတ္တဝါအပေါင်းတို့အား အမျှ အမျှ အမျှပေးဝေငှပါ၏ သာဓု သာဓု သာဓု ” ဆိုပြီး ကျော်သူရဲ့ ဖေ့ဘုတ်စာမျက်နှာကနေ ရေးသားဖော်ပြပေးထားခဲ့တာပဲ ဖြစ်ပါတယ်။

မင်းစိန် ကွယ်လွန်ဆုံးပါးသွားတာနဲ့ပတ်သက်ပြီး ဦးကျော်သူက ” လူဆိုတာ အချိန်မရွေး သေနိုင်ပါတယ်။ အရေးကြီးဆုံးက ကိုယ်အသက်ရှင်ချိန် ခဏလေးမှာ ကောင်းတာတွေချည်းပဲ ကျင့်ကြံ အားထုတ်သွားဖို့ လိုတယ်။ မင်းစိန် ကောင်းရာ မွန်ရာ ရောက်ပါစေ” ဆိုပြီး သရုပ်ဆောင် မင်းစိန် ရဲ့ နောက်ဆုံးခရီးကို ငြိမ်းငြိမ်းချမ်းချမ်းလေး ဖြစ်စေချင်တဲ့ အကြောင်း အင်တာဗျူးတစ်ခုမှာ ဖြေဆိုပြောပြထားခဲ့တာပဲ ဖြစ်ပါတယ်။

မင်းစိန်၏ ရုပ်အလောင်းကို ဦးကျော်သူနဲ့ ကိုလူချောအဖွဲ့ဝင်တွေက ရေဝေးသို့ လိုက်လံပို့ဆောင်ပေးခဲ့ကြတာဖြစ်ပြီး ဇန်နဝါရီလ ၇ ရက်နေ့မှာ မီးဂြိုလ်သွားမှာ ဖြစ်တယ်လို့ သိရှိထားခဲ့ရတာပဲ ဖြစ်ပါတယ်။တိုတောင်းလွန်းတဲ့ လူ့ဘဝကြီးထဲမှာ ကြပ်ကြပ်တည်းတည်းနဲ့ နေထိုင်ဖြတ်သန်းပြီး ကွယ်လွန်ဆုံးပါးသွားခဲ့ရတဲ့ မင်းစိန်အတွက် ဆုမွန်ကောင်းလေးနဲ့ ဆုတောင်းပေးသွားကြပါဦးနော် ပရိသတ်ကြီးရေ။ ဖတ်ရှုပေးကြပါသော ချစ်ပရိသတ်များအပေါင်းကို မိုမိုလေးမှ ကျေးဇူးအထူးတင်ရှိပါတယ်။

Kay Kay
Ref: Kyaw Thu’s Facebook

Loading...

Facebook Comments