သူမရဲ့ လိုအပ်နေတဲ့ ပန်းသီးတစ်ခြမ်း ပိုင်ရှင်ကို အလင်းပြလိုက်ပြီဖြစ်တဲ့ အေးမြတ်သူ

အေးမြတ်သူလေးကတော့ သူ့ရဲ့ ချစ်သူကို အလင်းပြလိုက်ပါပြီနော်။ ချစ်သူရှိနေပြီဖြစ်ကြောင်း ပရိသတ်တွေကို တရားဝင်အသိပေးထားဖူးပေမယ့် တော်ရုံ ထုတ်မပြတတ်တဲ့ အေးမြတ်သူက စနိုက်ကြော်ခံရမှာစိုးလို့လို့ အင်တာဗျူးတွေမှာ ဖြေကြားခဲ့ဖူးပါတယ်။ အပျိုကြီးအဖြစ် ယနေ့အချိန်ထိ အရိုးထုတ်နေထိုင်ခဲ့တဲ့ အေးမြတ်သူလေးကတော့ ချစ်သူကို အလင်းပြလိုက်ပါပြီ။

အေးမြတ်သူက သူမရဲ့ Instagram ကနေပြီး အလင်းပြလိုက်ပါပြီဆိုတဲ့ စာသားလေးနဲ့ သူမချစ်သူဗီဒီယိုလေးကိုတင်လိုက်တာဖြစ်ပါတယ်။ အနုပညာရှင်အချို့နဲ့ ပရိတ်သတ်တွေက သူမရဲ့ ချစ်သူကို ချပြပြီပေါ့လို့ ဂုဏ်ပြုမှတ်ချက်တွေလည်း ပေးထားကြတာဖြစ်ပါတယ်။ အနုပညာရှင်ဖြစ်တဲ့အလျှောက် အားကစားကိုလည်း တစိုက်မတ်မတ် လိုက်စားတဲ့ အေးမြတ်သူလေးဟာ လှပတဲ့ ခန္ဓာကိုယ်ကိုလည်း ပိုင်ဆိုင်ထားသူပါ။

ပရဟိတအလုပ်တွေကိုလည်း လက်မနှေးအချိန်ပေးလုပ်တတ်တဲ့ မင်းသမီးလေးဖြစ်တာမို့ တချိန်တုန်းက ပရဟိတမင်းသမီးလို့ တင်စားခေါ်ဝေါ်ခံခဲ့ရပါသေးတယ်။ အေးမြတ်သူလေးကတော့ သူမရဲ့ ချစ်သူကို တရားဝင် ချပြလိုက်ပြီဆိုတော့ ဘယ်တော့ စွံတော့မလဲဆိုတာ စိတ်ဝင်စားစရာပါပဲနော်။ မမမြတ်လေးပရိသတ်တွေအတွက်လည်း မမမြတ်ချစ်သူရဲ့ ဗီဒီယိုပုံရိပ်လေးတွေကို ဖော်ပြလိုက်ပါတယ်နော်။

Credit :We Love Cele

Loading...

Facebook Comments