ဗိုလ်ချုပ်ရုပ်ရှင်ကို အကောင်းဆုံးမရိုက်ကူးနိုင်ပါက မိမိလောက် ညံ့သည့်လူ မရှိဟု ဒါရိုက်တာလူမင်းပြော

ပံ့ပိုးကူညီမှုများအပြည့်အ၀ ရရှိထားသည့် ဗိုလ်ချုပ်ရုပ်ရှင်ကို မရိုက်ကူးနိုင်ပါက မိမိလောက် ညံ့သည့်လူ ရှိမည် မဟုတ်ကြောင်း ဇန်န၀ါရီ (၄)ရက်နေ့က ရန်ကုန်မြို့၊ဗဟန်းမြို့နယ်ရှိ ချင်းချောင်းနန်းတော်တွင် ပြုလုပ်ခဲ့သည့် အောင် ဆန်းရုပ်ရှင် တရားဝင် SOCIAL MEDIA စာမျက်နှာများ မိတ်ဆက်ပွဲ အခမ်းအနားတွင် ဒါရိုက် တာဦးလူမင်းကပြောကြားလိုက်သည်။

“ ဒီရုပ်ရှင်ကြီးကို စပြီး ရိုက်ကူးမယ်ဆိုကတည်းက အားပေးကူညီ ၀မ်းမြောက် ၀မ်းသာကြိုဆိုကြတဲ့သူတွေ ရှိသလို မကြိုက်ကြတဲ့သူတွေ မလိုလားတဲ့သူတွလည်း ရှိကောင်းရှိနေနိုင်ပါတယ်။ ကျွန်တော်တို့အဖွဲ့အနေနဲ့လည်း ဝေဖန်မှု၊ တိုက်ခိုက်မှုမျိုးစုံကို ရင်ဆိုင်ကျော်ဖြတ်ခဲ့ပြီး ဒီနေ့ဒီအခြေအနေကိုတော့ ရောက်လာပါပြီ။ ဒီနေ့ဒီအခြေအ နေမှာ တော့ ကျွန်တော်တို့ဟာ အောင်ဆန်းရုပ်ရှင်ကြီးကို ရိုက်ကူးနိုင်ဖို့ အတွက် အကောင်းဆုံး ပံ့ပိုးမှုအနေအထားတွေ အားလုံးကို ရရှိထားပါပြီ ။ဒါကြောင့် ဒါရိုက်အဖြစ်ဆောင်ရွက်မဲ့ ကျွန်တော့်အနေနဲ့လည်း ဒီရုပ်ရှင်ကြီးကို အောင် အောင်မြင်မြင်နဲ့ အကောင်းဆုံးဖြစ်အောင် မြန်မာနိုင်ငံက အနုပညာရှင်၊အတတ်ပညာရှင်တွေ ၀န်ကြီးဌာန တွေ အားလုံးပေါင်းပြီးတော့ နိုင်ငံတကာအဆင့်မီအကောင်းဆုံး အောင်ဆန်းရုပ်ရှင်ကြီးဖြစ်အောင် ရိုက်ကူးထုတ် လုပ်ပြီး တော့ ပြည်သူရှေ့ကို ချပြနိုင်လိမ့်မယ်လို့ အပြည်အ၀ ယုံကြည်ပါတယ်။အဲဒါလေးကို လည်းပြောချင်ပါ တယ်။ဘာ လို့လည်းဆိုတော့ ဒီလောက် ကောင်းမွန်တဲ့ အထောက်အပံ့ ပံ့ပိုးမှုမျိုးကို ဘယ် တုန်းက မှ မရခဲ့ဖူးပါဘူး။ ဒီလောက် အထောက်အပံ့ အကူအညီတွ ရလို့မှ ဗိုလ်ချုပ် ရုပ်ရှင်ကို မရိုက်နိုင်ဘူးဆိုရင် ကျွန်တော့်လောက် ညံ့တဲ့သူ ရှိမှာမဟုတ် ပါဘူး” ဟု ၄င်းကပြောသည်။

အဆိုပါအခမ်းအနားတွင် အောင်ဆန်းရုပ်ရှင်နှင့်ပတ်သက်သမျှ သတင်းအချက်အလက်များကို SOCIAL MEDIAမှ တဆင့် ဖြန့်ဝေသွားမည့် Aungsanmovie facebook ၊ instagram ၊ twitter ၊ ၀က်ဆိုက် တို့ကို သတင်း မီဒီယာသို့ အသိပေးမိတ်ဆက်ခဲ့သည်။ ထို့အတူ SOCIAL MEDIAမှ တဆင့် ဝေဖန်အကြံပြုပေးနိုင် ကြောင်းလည်းသိ ရသည်။

လက်ရှိအချိန်တွင် အောင်ဆန်းရုပ်ရှင်အတွက် အခန်းပေါင်း ၁၁၆ခန်း ရေးသားပြီးစီးနေပြီး သမိုင်သုတေသီများ၏ အတည်ပြုချက်ကို တောင်းခံထားကြောင်းသိရသည်။ယင်းအပြင် ရိုက်ကူးရေးဘုတ်အဖွဲ့ကိုလည်း ဒါရိုက်တာညီညီ ထွန်းလွင် ၊ ဒါရိုက်တာထွန်းအောင်ဇော်၊ ဒါရိုက်တာ စိုးကျော်ဆန်းတို့ဖြင့်ဖွဲ့စည်းထားပြီး ဗိုလ်ချုပ်ရုပ်ရှင် စတင်ရိုက် ကူးမည့်အစီအစဉ်များကို အောင်ဆန်းရုပ်ရှင် SOCIAL MEDIAမှ သတင်းအဖြစ်လည်းကောင်း၊ သတင်းထုတ်ပြန် ချက်များ အနေဖြင့်လည်းကောင်း အသိပေးသွားမည်ဖြစ်ကြောင်း ဒါရိုက်တာ လူမင်းကပြောသည်။

ကိုလင်း
ဓါတ်ပုံ- ရွှေဖီး

Credit : http://newswatch-mm.com

Loading...

Facebook Comments