ရန်​ကုန်​တက္ကသိုလ်​ဓာတု​ဗေဒဌာန တွဲဖက်​ပါ​မောက္ခအား ရာထူးမှထုတ်​ပယ်

ဂျပန်​နိုင်​ငံသို့ ​လေးနှစ်​ကြာ ဘွဲ့လွန်​ပါရဂူသင်​တန်းတက်​​ရောက်​ရန်​ ​စေလွှတ်​ခံခဲ့ရသည့်​ ရန်​ကုန်​တက္ကသိုလ်​ ဓာတု​ဗေဒဌာနမှ တွဲဖက်​ပါ​မောက္ခ ​ဒေါက်​တာနွဲ့နွဲ့ဝင်းအား ရာထူးမှထုတ်​ပယ်​လိုက်​​ကြောင်း ပညာ​ရေးဝန်​ကြီးဌာန၊ အဆင့်​မြင့်​ပညာဦးစီးဌာန၏ ထုတ်​ပြန်​ချက်​အရသိရသည်​။

ဒေါက်​တာနွဲ့နွဲ့ဝင်းမှာ ၂၀၁၄ ခုနှစ်​မှ ၂၀၁၈ ခုနှစ်​အထိ ဂျပန်​နိုင်​ငံတွင်​ ​လေးနှစ်​ကြာဘွဲ့လွန်​ပါရဂူသင်​တန်းတက်​​ရောက်​ခဲ့ပြီး​နောက်​ မူလတာဝန်​ထမ်း​ဆောင်​ရာ​နေရာသို့ပြန်​လည်​​ရောက်​ရှိလာခြင်းမရှိဘဲ ခွင့်​မဲ့ပျက်​ကွက်​ခဲ့၍ တွဲဖက်​ပါ​မောက္ခရာထူးမှ ထုတ်​ပယ်​လိုက်​ခြင်းဖြစ်​​ကြောင်း ထုတ်​ပြန်​ချက်​တွင်​​ဖော်​ပြထားသည်​။

ဒေါက်​တာနွဲ့နွဲ့ဝင်းသည်​ ၂၀၁၈ ခုနှစ်​ ​ဧပြီလကုန်​မှစတင်​၍ ရန်​ကုန်​တက္ကသိုလ်​၊ ဓာတု​ဗေဒဌာန၊ တွဲဖက်​ပါ​မောက္ခရာထူးထမ်း​ဆောင်​ရမည်​ဖြစ်​​သော်​လည်း ခွင့်​မဲ့ပျက်​ကွက်​သဖြင့်​ ၂၀၁၈ ခုနှစ်​ ​မေလ ၁ ရက်​မှစတင်​ကာ ရာထူးမှထုတ်​ပယ်​လိုက်​​ကြောင်း ထုတ်​ပြန်​ချက်​တွင်​​ဖော်​ပြထားသည်​။

ပညာ​ရေးဝန်​ကြီးဌာန၏ ထုတ်​ပြန်​ချက်​အားလက်​မခံနိုင်​​ကြောင်းနှင့်​ ဂျပန်​နိုင်​ငံသို့ ပညာ​တော်​သင်​သွား​ရောက်​ပြီး သု​တေသနလုပ်​ငန်းများစတင်​လုပ်​ကိုင်​​နေသဖြင့်​ မြန်​မာနိုင်​ငံသို့ပြန်​လာရန်​မဖြစ်​နိုင်​တာ​ကြောင့်​ ကျပ်​သိန်း ၅၀ ​လျော်​​ကြေး​ပေးပြီး နုတ်​ထွက်​ခွင့်​တင်​ပြခဲ့​ကြောင်း ​ဒေါက်​တာနွဲ့နွဲ့ဝင်းက​ပြောသည်​။

“နုတ်​ထွက်​ခွင့်​ပြုသည်​ ဆိုတဲ့စာသားသာဖြစ်​သင့်​ပါတယ်​။ ကျမ မြန်​မာနိုင်​ငံသားတစ်​​ယောက်​အ​နေနဲ့ မြန်​မာနိုင်​ငံဂုဏ်​သိက္ခာကျ​အောင်​ ဘာမှမလုပ်​ခဲ့ဘူး။ နိုင်​ငံတကာကဖိတ်​​ခေါ်တဲ့ စာတမ်းဖတ်​ပွဲ​တွေမှာ ကိုယ်​ရှာ​ဖွေ​တွေ့ရှိထားတဲ့ သု​တေသနရလဒ်​အသစ်​​တွေကို မြန်​မာနိုင်​ငံသားတစ်​​ယောက်​အ​နေနဲ့ ငါတို့လည်းဒီလိုလုပ်​တတ်​တယ်​ဆိုပြီး ဂုဏ်​ယူစွာ ဖြန့်​​ဝေ​ပေးနိုင်​ခဲ့တယ်​”ဟု ၄င်းက လူမှုကွန်​ယက်​စာမျက်​နှာတွင်​ ​ရေးသားထားသည်​။

ပညာ​ရေးနှင့်​ သု​တေသနလုပ်​ငန်းများတွင်​ပါဝင်​နိုင်​ရန်​ ပညာ​ရေးဝန်​ကြီးဌာနသို့ အသနားခံစာသုံးကြိမ်​တင်​ခဲ့ပြီး​သော်​လည်း ပညာ​ရေးဝန်​ကြီးဌာနမှ ရာထူးမှထုတ်​ပယ်​ခဲ့ခြင်းဖြစ်​သည်​။

Credit : သောင်းဟန်​ / The Ladies News

Loading...

Facebook Comments