စိုးပြည့်လေး သီချင်းဆိုတာကို ရှေ့ဆုံးကနေ အားရပါးရ အိပ်ငိုက်ပြီးအားပေးခဲ့တဲ့ ကလေးလေးကြောင့် သဘောတွေကျခဲ့ရတဲ့ စိုးပြည့်

အရမ်းကို ချစ်စရာကောင်းလွန်းတဲ့ သရုပ်ဆောင် အကယ်ဒမီ မင်းသမီးချောလေး စိုးပြည့်သဇင်ဟာဆိုရင် ရုပ်ရည်ချောမောလှပသလို စိတ်ရင်းစေတနာ ကောင်းပြီး စိတ်သဘောထား နူးညံ့ သိမ်မွေ့လွန်းတဲ့ သူလေးတစ်ယောက်ပဲဖြစ်ပါတယ်။ အရမ်းကို ချစ်စရာကောင်းတဲ့ သူမဟာဆိုရင် နေပြည်တော်မှာ New year ည သီချင်းဆိုရင်း ၁.၁.၂၀၁၉မနက်ခင်းမှာ စမတော်တောင်ပေါ်မှ မဟာပရဟိတလူငယ် ဖွံ့ဖြိုးရေးဥယျာဉ်ကို သွားခဲ့တာပဲဖြစ်ပါတယ်။ မိဘမေတ္တာ လိုအပ်နေတဲ့ ကလေးတွေကို စိတ်အားမငယ်အောင် စိတ်ဓါတ်ခွန်အားတွေလည်းပေးရင်း ကလေးတွေပျော်ရွှင်မှုရရှိအောင် သီချင်းလေးတွေနဲ့ သီဆိုဖျော်ဖြေ ပေးခဲ့တာပဲဖြစ်ပါတယ်။

ထိုကျောင်းလေးကို ရောက်သွားတဲ့ စိုးပြည့် ဟာဆိုရင် ကလေးတွေနဲ့အတူ သီချင်းတွေဆိုကြ ကကြနဲ့ တဒင်္ဂအတွင်း အရမ်းကို ပျော်ခဲ့ရတာပဲဖြစ်ပါတယ်။ ကိုယ်တတ်နိုင်သလောက် လှူပြီး ကိုယ်တတ်ကျွမ်းတဲ့ အနုပညာလေးနဲ့ ကလေးတွေကို ပျော်ရွှင်အောင်လုပ်ပေးခဲ့တဲ့ စိုးပြည့်ကတော့ အရမ်းကိုကြည်နူး ပီတိဖြစ်ခဲ့ရတာပဲ ဖြစ်ပါတယ်။ ပီတိအပျော်တွေနဲ့ ကလေးတွေကို အားရပါးရ ဖျော်ဖြေပေးခဲ့တဲ့ စိုးပြည့်ကို အရမ်းကို ချစ်စရာကောင်းလွန်းတဲ့ ကလေးလေးတစ်ယောက်က ရှေ့ဆုံးကထိုင်ပြီး အားရပါးရ အိပ်ငိုက်အားပေး ခဲ့တာပဲဖြစ်ပါတယ်။

ရှေ့ဆုံးကနေ အိပ်ငိုက်အားပေးနေတဲ့ ကလေးလေးကို စိုးပြည့်ကတော့ ” သီချင်းမှာ စီးမျောနေသူကြီး…..အားပေးကြမ်းချက် ” ဆိုတဲ့ စာသားလေးနဲ့ ” ခုလိုအိပ်ပြီး အားပေးတာ ကျေးဇူးများကြီးတင်ပါတယ် ချစ်လိုက်ထှာ ” ဆိုပြီး သူမရဲ့ ဖေ့ဘုတ်စာမျက်နှာကနေ ရေးသားဖော်ပြ ပေးထားခဲ့တာပဲဖြစ်ပါတယ်။ ကလေးတွေကို အားရပါးရ ဖျော်ဖြေပေးနေတဲ့ စိုးပြည့်ကို ရှေ့ဆုံးကနေထိုင်ပြီး အားရပါးရ အိပ်ငိုက် အားပေးနေတဲ့ ချစ်စရာ ကလေးလေးတစ်ယောက်ရဲ့ video file လေးကို ဆက်လက်ပြီး ကြည့်ရှု အားပေးကြပါဦးနော် ပရိသတ်ကြီးရေ။

စိုးပြည့် သီချင်းဆိုတာကို ရှေ့ဆုံးကထိုင်ပြီး အားရပါးရ အိပ်ငိုက်အားပေးခဲ့တဲ့ ကလေးလေးတစ်ယောက်ရဲ့ ချစ်စရာကောင်းတဲ့ ကြည်နူးစရာ Video

ဘဝအတွက် ခွန်အားရှိစေမယ့် ” ယုံကြည်ရာ ” သီချင်းလေးနဲ့ ကလေးတွေကို ဖျော်ဖြေတင်ဆက် သီဆိုပြသပေးထားခဲ့တဲ့ စိုးပြည့်ရဲ့ Video

မိဘမေတ္တာ ငတ်မွတ်နေရှာကြတဲ့ ကလေးတွေကို တတ်နိုင်တဲ့ အလှူအတန်းတွေနဲ့ တဒင်္ဂအတွင်းမှာ ပျော်ရွှင်မှုတွေကို ပေးစွမ်းနိုင်ခဲ့တဲ့ စိုးပြည့်ရဲ့ ဖျော်ဖြေ တင်ဆက်မှုလေးကို ပရိသတ်ကြီးလည်း သဘောကျနှစ်သက် ကြည်နူးမိမယ်လို့ ထင်ပါတယ်။ ရှေ့ဆုံးမှာထိုင်ပြီး စိုးပြည့်သီချင်းဆိုတာကို အားရပါးရ အိပ်ငိုက်အားပေးခဲ့တဲ့ ကလေးလေးတစ်ယောက်ရဲ့ video လေးကို ကြည့်ရင်း ကလေးလေးကို ချစ်မိတယ် သဘောကျဆိုရင် ဒီပို့စ်လေးကို မျှဝေပြီး အားပေးသွားကြပါဦးနော် ပရိသတ်ကြီးရေ။ ကြည့်ရှုအားပေးကြပါသော ချစ်ပရိသတ်များအပေါင်းကို ကျေးဇူးအထူးတင်ရှိပါတယ်။

Credit-Momolay

Loading...

Facebook Comments