တတိယနှစ်ကျောင်းသူလေး ယွန်းယွန်းရဲ့ ချစ်စဖွယ် ကျောင်းသွားပုံရိပ်လေးတွေ

ချစ်​စရာ​ကောင်းတဲ့ အပြုံးချိုချိုနုနု​လေး​တွေကို ပိုင်​ဆိုင်​ထားတဲ့ ချစ်​စရာ​ကောင်​မ​လေး ယွန်းယွန်းက​တော့ က​လေးသရုပ်​​ဆောင်​ဘဝကတည်းက ပရိသတ်​​တွေရဲ့ နှလုံးသား​လေးကို ဖမ်းစားထားနိုင်​သူ​လေးပါ။ အရွယ်​​ရောက်​လာ​လေ ပိုပိုလှလာ​လေ ဖြစ်​တဲ့ ယွန်းယွန်း​လေးက​တော့ အခုဆိုရင်​ မင်းသမီးတစ်​ဦးအ​နေနဲ့ သရုပ်​​ဆောင်​​နေရပြီပဲ ဖြစ်​ပါတယ်​။ လတ်​တ​လောမှာ​တော့ ယွန်းယွန်းက တတိယနှစ်ကျောင်းသူလေးဖြစ်သွားပြီဖြစ်တဲ့ သူမရဲ့ပုံရိပ်​​တွေကို လူမှုကွန်​ယက်​​ပေါ်မှာ​ဝေမျှ​ပေးထားတာ ​တွေ့ရပါတယ်​။ ရိုးရိုးယဉ်ယဉ်လေးနဲ့ လှရက်လွန်းတဲ့ ယွန်းယွန်းရဲ့ကျောင်းသွားပုံရိပ်လေးကတော့ မြင်ရသူတွေရဲ့ရင်ကို အေးမြသွားစေပါတယ်နော်။

မိုမို​လေးချစ်​ပရိသတ်​​တွေအတွက်​ အပိုင်သိမ်းထားချင်လောက်​​အောင်​ လှရက်​လွန်းတဲ့ ယွန်းယွန်း​လေးရဲ့ ပုံရိပ်​​တွေကို ​ဖော်​ပြ​ပေးလိုက်​ပါတယ်​​နော်​။

ယွန်းယွန်းကတော့ “Third Year ရောက်သွားပါပြီရှင်.. 🌷🍃👧🏻” ဆိုပြီး သူမရဲ့ချစ်စဖွယ်ကျောင်းသွားပုံရိပ်လေးတွေကို ဖေ့စ်ဘုတ်မှာ တင်ထားတာပဲ ဖြစ်ပါတယ်။

သရုပ်​​ဆောင်​ပိုင်းမှာလည်း ထူးချွန်​လွန်းတဲ့ ယွန်းယွန်း​လေးက​တော့ က​လေးသရုပ်​​ဆောင်​ဘဝကတည်းက ပရိသတ်​​တွေကို သူမရဲ့အနုပညာနဲ့ အ​ကောင်းဆုံး​ပေးဆပ်​ခဲ့သူ​လေးပဲ ဖြစ်​ပါတယ်​။

တစ်နေ့တစ်ခြား အလှတွေ ပိုပိုပြီးတိုးလာတဲ့ ချစ်စရာကောင်မလေးယွန်းယွန်းကိုတော့ ပုရိသကိုကိုတွေက ကြွေပြီးရင်းကို ကြွေနေကြရတာပါနော်။

ရှည်လျားပျော့ခွေနေတဲ့ သူမရဲ့ဆံနွယ်ရှည်ကြီးကလည်း ယွန်းယွန်းလေးရဲ့အလှတရားကို ကျက်သရေရှိအောင် ပံ့ပိုးပေးနေသလိုပါပဲ။

ယွန်းယွန်းက​တော့ လတ်​တ​လောမှာ ဇာတ်​ကား​တွေ ဆက်​တိုက်​ရိုက်​ကူးဖြစ်​​နေပြီး တစ်​ခြား​သောအနုပညာအလုပ်​​တွေလည်း လုပ်​ကိုင်​ဖြစ်​​နေတာ ​တွေ့ရပါတယ်​။ သရုပ်​​ဆောင်​ ပီပြင်​လွန်းတဲ့ ယွန်းယွန်းလေးကတော့ “တိမ်မင်းသမီးရဲ့ဒဏ္ဍာရီ” ရုပ်ရှင်ဇာတ်ကားကြီးထဲမှာ ကလေးသရုပ်ဆောင်တစ်ဦးအနေနဲ့ အကယ်ဒမီဆုကြီးကို ပိုင်ဆိုင်ထားတာပဲ ဖြစ်ပါတယ်။ မိုမို​လေးချစ်​ပရိသတ်​​တွေလည်း လှရက်​လွန်းတဲ့ တတိယနှစ် ကျောင်းသူလေး ယွန်းယွန်း​လေးကိုချစ်​ရင်​ Share သွားကြဖို့ မ​မေ့ပါနဲ့​နော်​။

Myint Myat
Source:Yoon Yoon’s Fcebook
Photo;Hsu Myat Noe (Hsu Photography)

Credit : momolay

Loading...

Facebook Comments