ပရိသတ်တွေ ကြားမှာနာမည်ကြီးပြီး ဘယ်တော့မှ ရိုးမသွားတဲ့ ဖြိုးမြတ်အောင် ရဲ့ General အောင်ဆန်း သီချင်းလေး

Myanmar Idol Season 3 Winner ဆုရှင်ဖြိုးမြတ်အောင် ဟာဆိုရင် ပရိသတ်တွေချစ်ခင်အားပေးရတဲ့ အဆိုရှင်တစ်ဦးပါ။ ဖြိုးမြတ်အောင်က ခုဆိုရင် အနုပညာလောကထဲမှာ ကြိုးစားလျှောက်လှမ်းနေပြီပဲ ဖြစ်ပါတယ်။ ဖြိုးမြတ်အောင်က ကြော်ငြာများကိုလည်း လက်ခံရိုက်ကူးနေပြီး နယ်ပွဲများသီဆိုရင်း အနုပညာအလုပ်တွေ တောက်လျှောက် လုပ်ကိုင်နေသူပဲ ဖြစ်ပါတယ်။ ဖြိုးမြတ်အောင် က အဆိုတော် ခိုင်ထူးရဲ့ ခိုင်ထူး အမှတ်တရ ” တေးမြုံငှက်အလွမ်း” ဖျော်ဖြေပွဲမှာ ခိုင်ထူးသီချင်းလေးတွေနဲ့ဖျော်ဖြေခဲ့ပါတယ်။ ဒီတစ်ခါမှာတော့ မိုမိုလေး ပရိသတ်တွေအတွက် ဖြိုးမြတ်အောင် ရဲ့ ဘယ်တော့မှ ရိုးမသွားတဲ့ General အောင်ဆန်းသီချင်းလေးကိုဖော်ပြပေးလိုက်ပါတယ်။

ဖြိုးမြတ်အောင် က New Year ညမှာ ရန်ကုန် Water Boom မှာ သွားရောက်ဖျော်ဖြေခဲ့ပြီး ပရိသတ်တွေနဲ့ New Year ညလေးကို ပျော်ပျော်ရွှင်ရွှင်ဖြတ်သန်းခဲ့တာပဲဖြစ်ပါတယ်။

ဒီတစ်ခါမှာတော့ ပရိသတ်တွေကို ဖြိုးမြတ်အောင် ရဲ့ ပြိုင်ပွဲစဝင်တုန်းက အချိန်လေးကို ခေါ်ဆောင်သွားချင်ပါတယ်။ Myanmar Idol Season 3 ကိုလာရောက်ယှဉ်ပြိုင်ခဲ့တဲ့ ဖြိုးမြတ်အောင်က ဂစ်တာတစ်လက်နဲ့ General အောင်ဆန်း သီချင်းကိုသီဆိုပြီး ဒိုင်အားလုံးရဲ့ Yes ကိုရယူခဲ့သူပါ။ ခုချိန်မှာတော့ ပရိသတ်များစွာရဲ့ ချစ်ခင်အားပေးခြင်း ကို ပါရရှိထားတဲ့ ပရိသတ်အချစ်တော် ဖြိုးမြတ်အောင်က အောင်မြင်မှုလမ်းကြောင်းကို လျှောက်လှမ်း
နေပြီပဲဖြစ်ပါတယ်။

ဘယ်တော့မှရိုးမသွားတဲ့ ဖြိုးမြတ်အောင် သီဆိုထားတဲ့ General အောင်ဆန်းသီချင်းလေးကို ပရိသတ်တွေအတွက်ဖော်ပြပေးလိုက်ပါတယ်နော်။

General အောင်ဆန်း သီချင်း Video

Myanmar Idol Season 3 Winner ဆုရှင်ဖြိုးမြတ်အောင် သီဆိုထားတဲ့ General အောင်ဆန်း သီချင်းလေးနဲ့ ပုံရိပ်ကလေးတွေကို ပရိသတ်တွေသဘောကျလိမ့်မယ်ထင်ပါတယ်။ ကြည့်ရူပေးကြတဲ့ မိုမိုလေးပရိသတ်ကြီးကို ကျေးဇူးအထူးတင်ရှိပါတယ်နော်။

Moekalay
Source; phyo myat aung’s facebook

Credit : momolay

Loading...

Facebook Comments