လည်ပင်းနဲ့ဗိုက်မှာအကြိတ်တွေဖြစ်လို့ ဆေးသောက်နေရတယ်ဆိုတဲ့ ထက်ထက်မိုးဦး

တစ်ချိန်က လျှမ်းလျှမ်းတောက် နာမည်ကျော်ကြားခဲ့တဲ့ ရွှေမင်းသမီးလေး ထက်ထက်မိုးဦးက အခုချိန်ထိ နာမည်ကျော်ကြားနေဆဲတစ်ဦးပါ။ တီဗီကြော်ငြာတွေမှာ ထက်ထက်မိုးဦးမပါရင် မပြီးသလောက်ကို နာမည်ကျော်ကြားခဲ့သူတစ်ဦးပါ။ ထက်ထက်မိုးဦးကို ချစ်ခင်အားပေးတဲ့ ပရိသတ်တွေကလဲ အသက်ကြီးငယ်မရွေး အမြို့မြို့အနယ်နယ်မှာ ရှိနေဆဲပါပဲ။

တစ်ချိန်က အနုပညာလုပ်ငန်းတွေကို ဆက်တိုက်ဆိုသလို လုပ်ကိုင်ခဲ့တဲ့ ထက်ထက်မိုးဦးက အခုဆိုရင် အသက်အရွယ်တစ်ခုကို ရောက်ရှိနေပြီမို့ အရင်လောက်တော့ အနုပညာတွေကို မလုပ်ကိုင်တော့ပါဘူး။ ထက်ထက်မိုးက အသက်အရွယ်ရလာတာနဲ့ အမျှ ရောဂါဝေဒနာတွေခံစားနေရပြီပဲဖြစ်ပါတယ်။

ထက်ထက်မိုးဦးက လွန်ခဲ့တဲ့ သုံးလေးနှစ်ကတည်းက လည်ပင်းအကြိတ်ကို ခွဲထားတာဖြစ်ပြီး အခုလဲ နောက်ထပ် အကြိတ်တွေဖြစ်နေပြီလို့ဆိုပါတယ်။ အကြိတ်တွေပျောက်ဖို့ သောက်ရတဲ့ ဆေးကလဲ အသည်းကို ထိခိုက်စေတာမို့ သူမအနေနဲ့ ဆေးဝါးတွေကို မျှတသင့်တင့်အောင် စားနေရပါတယ်လို့ ဆိုပါတယ်။

ထက်ထက်ရဲ့ လတ်တလော ကျန်းမာရေးအခြေအနေ


ပရိသတ်ကြီးချစ်တဲ့ ထက်ထက်မိုးဦးရဲ့ ကျန်းမာရေးအခြေအနေကတော့ စိုးရိမ်စရာပါပဲ။ ထက်ထက်မိုးဦးကိုချစ်တဲ့ ပရိသတ်တွေလဲ ထက်ထက်အတွက် ဆုတောင်းပေးကြပါဦးနော်။ အချိန်ပေးပြီး ဖတ်ရှုပေးတဲ့ ပရိသတ်ကြီးကို မိုမိုလေးမှ ဆုတောင်းပေးလိုက်ပါတယ်။

Rowena
Source; Momolay TV

Credit : momolay

Loading...

Facebook Comments