“ရခိုင်ပြည်နယ်ဝန်ကြီးချုပ်ယာဉ်တန်းမိုင်းဆွဲခံရပေမယ့် ထိခိုက်ဒဏ်ရာရမှု မရှိ”

ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးညီပုနဲ့ ပြည်နယ်ဝန်ကြီးနှစ်ဦး လိုက်ပါလာတဲ့ ယာဉ်တန်းဟာ ဒီကနေ့ ညနေပိုင်းက မင်းပြား− မြောက်ဦး အကြား ပီပင်ရင်းကျေးရွာအနီးမှာ မိုင်းဆွဲခံရတယ်လို့သိရပါတယ်။

ယာဉ်တန်းဟာ ကျောက်ဖြူ ကနေ စစ်တွေကို ထွက်ခွာလာတာဖြစ်ပြီး မိုင်းဆွဲခံရပေမယ့် ယာဉ်တန်းမှာ လိုက်ပါလာတဲ့သူတွေ ထိခိုက်ဒဏ်ရာမရခဲ့ဘူးလို့ မျက်မြင်တစ်ဦးကဆိုပါတယ်။

“ဝန်ကြီးချုပ်၊ စီမံဘဏ္ဍာဝန်ကြီးနဲ့ စည်ပင်ဝန်ကြီးတို့က ကျောက်ဖြူကနေ စစ်တွေကို တက်သွားကြတယ်။ ကျနော်ကတော့ ရမ်းဗြဲမှာ ကိစ္စတစ်ခုနဲ့ ကျန်ခဲ့တယ်။ စက်မှုဝန်ကြီးနဲ့ လူမှုရေးဝန်ကြီးက သံတွဲကို တက်သွားတယ်”ဟု ရခိုင်ပြည်နယ် အစိုးရအဖွဲ့ စိုက်/မွေးဝန်ကြီး ဦးကျော်လွင် ကပြောပါတယ်။

ရခိုင်ပြည်နယ်ဝန်ကြီးချုပ် နဲ့ပြည်နယ်ဝန်ကြီး တချို့ဟာ သံတွဲ ၊ တောင်ကုတ်၊ ကျောက်ဖြူ ၊မြောက်ဦးနဲ့ မြေပုံမြို့နယ်တွေကို ဒေသဖွံ့ဖြိုးရေးခရီးစဉ်အဖြစ် သွားရောက်နေကြတာဖြစ်ပါတယ်။

ပြီးခဲ့တဲ့နိုဝင်ဘာလအတွင်းကလည်း ရခိုင်ပြည်နယ်ဝန်ကြီးချုပ် လိုက်ပါလာတဲ့ ယာဉ်ဟာ မြောက်ဦးမြို့နယ်ထဲမှာ ချောင်းထဲ ထိုးကျမှုဖြစ်ပွားခဲ့ပါသေးတယ်။

သတင်း −မောင်ကံ ၊ဓာတ်ပုံ − အောင်သိန်းလှိုင်

Credit :www.7daydaily.com

Loading...

Facebook Comments