Hero သီချင်းရိုက်​ကွင်းရဲ့အမှတ်​တရပုံ​လေး​ကို ​ဝေမျှ​ပေးခဲ့တဲ့ ​နေ​ရွှေ​သွေး​အောင်

ဖိုးလပြည့်​လို့ ပရိသတ်​​တွေသိကြတဲ့ ​နေ​ရွှေ​သွေး​အောင်​ဟာ ​တစ်​ချိန်​က နိုင်​ငံအကြီးအကဲ ဦးသန်း​ရွှေရဲ့ အချစ်​ဆုံး​မြေး​လေးပဲဖြစ်​ပါတယ်​။ ​နေ​ရွှေ​သွေး​အောင်​ဟာ ​စီးပွား​ရေးလုပ်​ငန်း​တွေအပြင်​ အခုဆိုရင်​ အနုပညာလုပ်​ငန်း​ကိုလဲ သူ့ရဲ့ ဝါသနာအ​လျောက်​ အနည်းငယ်​လုပ်​ကိုင်​​နေပါပြီ။ ​နေ​ရွှေ​သွေး​အောင်​ဟာ နာမည်​ကြီးသီချင်း​တွေကို ပြန်​လည်​သီဆိုပြီး အမိုက်​စား MV ​တွေရိုက်​ကူး​လေ့ရှိပါတယ်​။

ဖိုးလပြည့်​ဟာ သူ့ရဲ့​နောက်​ဆုံးထွက်​ရှိထားတဲ့ Cover Song တစ်​ပုဒ်​ဖြစ်​တဲ့ Hero သီချင်းမှာလဲ နာမည်​ကြီးမင်းသမီး ​ရွှေမှုံရတီနဲ့ တွဲဖက်​သရုပ်​​ဆောင်​ထားလို့ ပရိသတ်​​တွေရဲ့ စိတ်​ဝင်​စားမှုကို များစွာရရှိခဲ့ပါတယ်​။ ​နေ​ရွှေ​သွေး​အောင်​နဲ့ ​ရွှေမှုံရတီက ထိုသီချင်း MV ​လေးမှာ အတွဲညီညီ လိုက်​ဖက်​စွာ သရုပ်​​ဆောင်​ထားတာကို ပရိသတ်​ကြီး ​တွေ့မြင်​ရမှာပါ။

နေ​ရွှေ​သွေး​အောင်​ဟာ ထိုသီချင်း​လေးကို ပုဂံမြို့မှာ ရိုက်​ကူးထားပြီး ​ရွှေမှုံရတီအပြင်​ ဝါရင့်​သရုပ်​​ဆောင်​ကြီးဖြစ်​တဲ့ ဦး​နေ​အောင်​လဲ ပါဝင်သရုပ်​​ဆောင်​​ပေးခဲ့ပါတယ်​။ ​နေ​ရွှေ​သွေး​အောင်​က Hero သီချင်း MV ​လေးရိုက်​ကူးစဉ်​က အမှတ်​တရပုံ​လေးကို ပရိသတ်​​တွေအတွက်​ ​ဝေမျှ​ပေးလိုက်​ပါတယ်​​နော်​။

ပရိသတ်​ကြီးလဲ အခုတင်​ဆက်​​ပေးလိုက်​တဲ့ ပိုစ့်​​လေးကို သ​ဘောကျကြိုက်​နှစ်​သက်​ရင်​ Like & Share လုပ်​ဖို့ မ​မေ့ပါနဲ့​နော်​။ အချိန်​​ပေးပြီး ဖတ်​ရှု​ပေးတဲ့ ပရိသတ်​ကြီးကို မိုမို​လေးမှ ​ကျေးဇူးအထူးတင်​ရှိပါတယ်​။

Rowena
Source: Nay Shwe Thway Aung’s fb

Loading...

Facebook Comments