ကျောင်းသန့်စင်ခန်းအတွင်း (၁၃)နှစ်သမီးကို မုဒိမ်းကျင့်ခဲ့တဲ့လူငယ်ခုနစ်ဦးကို ဖမ်းဆီးထားပြီ

ဘာရီရမ် ၊ ဒီဇင်ဘာ ၃၁

ပြီးခဲ့တဲ့သောကြာညနှောင်းပိုင်းက ထိုင်းနိုင်ငံ၊ ဘာရီရမ်ပြည်နယ်၊ ဘန်ကရူအက်ခရိုင်အတွင်းရှိ ကျောင်းတစ်ကျောင်းရဲ့ သန့်စင်ခန်းအတွင်း (၁၃)နှစ်သမီးလေးတစ်ဦးကို အုပ်စုဖွဲ့မုဒိမ်းကျင့်ခဲ့တဲ့ အ မျိုးသားခုနစ်ဦးကို သက်ဆိုင်ရာရဲတပ်ဖွဲ့က ဖမ်းဆီးထိန်းသိမ်းထားပြီလို့
သိရပါတယ်။

ဒေသခံရဲတပ်ဖွဲ့ ဟာ ပြီးခဲ့တဲ့စနေနေ့မှာ အသက်(၁၈)နှစ်အောက် တရားခံလေးဦးကို ဖမ်းဆီးထိန်းသိမ်းခဲ့ပြီး စစ်ဆေး မေးမြန်းမှုတွေပြုလုပ်ခဲ့ပြီးနောက် နောက်ထပ်သုံးဦးကို ထပ်မံဖမ်းဆီးခဲ့တာဖြစ်ပါတယ်။ မိန်းကလေးရဲ့ မိဘတွေက သမီးဖြစ်သူကို သောကြာည(၁၁)နာရီဝန်းကျင်မှာ ဘန်ချာရိုအန်ရပ်ကွက်က ကျောင်းတစ် ကျောင်းရဲ့ သန့်စင်ခန်းဆီ အမျိုးသားခုနစ်ဦးက ဖျားယောင်းခေါ်ဆောင်သွားခဲ့ကြပြီးအုပ်စုဖွဲ့မုဒိမ်း ကျင့်ခဲ့တယ်လို့ သက်ဆိုင်ရာထံ တိုင်ကြားခဲ့တာပါ။

အသက်(၁၄)နှစ်ကနေ (၂၂)နှစ်ကြား တရားခံခုနစ်ဦးအနက် အသက်မပြည့်သေးတဲ့တရားခံ လေးဦးကို ရဲတပ်ဖွဲ့က (၂၄)နာရီထက်ပိုပြီး ဖမ်းဆီးချုပ်နှောင်ထားခွင့်မရှိတာကြေင့် ဘာရီရမ်ခရိုင်က သက်ငယ်တရားရုံးဆီ လွဲပြောင်းပေးအပ်လိုက်ပြီလို့ သိရပါတယ်။အသက်ပြည့်ပြီးတဲ့ တရားခံသုံးဦးအနက် တစ်ဦးက (၁၃)နှစ်သမီးနဲ့ လိင်ဆက်ဆံခဲ့တာကို ၀န်ခံခဲ့ပေမယ့် နှစ်ဦးသဘောတူဆက်ဆံခဲ့ခြင်း သာဖြစ်တယ်လို့ ပြောဆိုလျက်ရှိပြီး အခြားတရားခံတွေကတော့ အခင်းဖြစ်နေရာမှာ ရှိနေခဲ့ကြပေမယ့် ကျူးလွန်ခဲ့ခြင်းမရှိဘူးလို့ ငြင်းဆိုနေကြပါတယ်။

အသက်ပြည့်ပြီးတဲ့ တရားခံသုံးဦးအနက်က တစ်ဦးရဲ့ဇနီးသည်ပလွိုင်ဆိုသူအမျိုးသမီးက တရားလိုမိန်းကလေးဟာ ဖမ်းဆီးထားသူခုနစ်ဦးအနက်
(၁၆)နှစ်သားရဲ့ရည်းစားဖြစ်ပြီး အခင်းဖြစ်တဲ့ ညမှာ တရားလိုမိန်းကလေးကသူမရဲ့ဆိုင်ကယ်ပျက်နေလို့ ရည်းစားဖြစ်သူထံ ဖုန်းမက်ဆေ့ခ်ျပို့ကာ လာခေါ်စေခဲ့တာဖြစ်တယ်လို့ စနေနေ့မှာ ထွက်ဆိုခဲ့ပါတယ်။ Credit : Channel B Media Group

Loading...

Facebook Comments