ချစ်သူကောင်မလေးအကြောင်း ပြောပြလာတဲ့ သရုပ်ဆောင် ဒေါင်း

ယနေ့ မိန်းကလေးပရိသတ်တွေရဲ့ သည်းသည်းလှုပ်အားပေးခြင်းခံနေရတာကတော့ သရုပ်ဆောင် ဒေါင်းပဲဖြစ်ပါတယ်။ ပုဂံမြို့သူ ဇာတ်လမ်းတွဲလေးနဲ့ မိန်းကလေးပရိသတ်တွေကြား တဖန်ရေပန်းစားပြန်လာခဲ့တဲ့ ဒေါင်းဟာ ချစ်သူရှိနေပါပြီလို့ ပြောဆိုသွားခဲ့တာဖြစ်ပါတယ်။ သူ့ရဲ့အပြုံးတွေနဲ့ ကလေးဆန်မှုတွေကြားထဲမှာ ကျရှုံးနေကြတဲ့ မိန်းကလေးပရိသတ်တွေကတော့ အများကြီးပါပဲနော်။

ဒေါင်းတစ်ယောက်ကတော့ ယခုအချိန်မှာ ချစ်သူရှိနေပြီလို့ ဆိုပါတယ်။ သို့သော်လည်း ချစ်သူကိုတော့ ကြေငြာစရာတစ်ခုလိုမျိုးကြေငြာသွားမှာမဟုတ်ဘူးလို့ဆိုပါတယ်။

“ဒီအရွယ်ကတော့ ချစ်သူမရှိဘူးဆိုတာတော့ မရှိဘူးပေါ့လေ။ ဒီအရွယ်မှာတော့ ချစ်သူဆိုတာတော့ရှိတယ်။ ချစ်တဲ့သူဆိုတာလည်းရှိတယ်။ ဒါပေမယ့် ကျတော့်ချစ်သူ၊ ကျတော်ချစ်တဲ့သူကို ကြေငြာတစ်ခုလိုတော့ ထုတ်ပြီးမကြေငြာချင်ဘူး။ လိုလည်းမလိုအပ်ဘူးလို့ထင်တယ်။ ကျတော်က လူသားတစ်ယောက်အနေနဲ့ လူ့လောကမှာယောက်ကျားလေးရယ် မိန်းကလေးရယ်ပဲရှိတာကိုး အဲဒီတော့ ယောက်ကျားလေးက မိန်းကလေးကို ချစ်တယ် မိန်းကလေးက ယောက်ကျားလေးကိုချစ်တယ် ဒါသဘာဝတရားဖြစ်တဲ့အတွက် ကျတော်လည်းချစ်တတ်တယ်။ ဒါပေမယ့် အချစ်ဆိုတဲ့အရာက ကြေငြာတစ်ခုမဟုတ်တဲ့အတွက် ကျတော် လူသားဆန်ဆန်ပဲ ဖြတ်သန်းပါတယ်။”

ဒေါင်းချစ်ရတဲ့ ချစ်သူလေးကတော့ ဘယ်လိုမျိုးလဲဆိုတာထက် သူတကယ်ချစ်မြတ်နိုးတဲ့သူဖြစ်နေဖို့ပါပဲလို့ ဒေါင်းက ဆိုပါသေးတယ်။ ဒါ့အပြင် Relationship တစ်ခုမှာ မဖြစ်မနေရှိနေရမယ့် အရာတွေနဲ့ သူတို့ရဲ့ ချစ်သူဘဝလေးကို ဖြတ်သန်းပါတယ်လို့ ဒေါင်းကခုလိုဆိုလာခဲ့ပါတယ်။

“ချစ်သူက ဘယ်လိုမိန်းကလေးမျိုးလဲဆိုတာထက် ကိုယ်တကယ်ချစ်တဲ့သူပေါ့။ ကိုယ်တကယ်ချစ်တဲ့သူဆိုတာ ကျတော်တို့က မြန်မာနိုင်ငံမှာနေထိုင်တာ ဖြစ်တဲ့အတွက် မြန်မာပီသဖို့လိုတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျတော်တို့မြန်မာနိုင်ငံ မြန်မာပတ်ဝန်းကျင်ဖြစ်တဲ့အတွက် မြန်မာပီသရင် ကျတော်တို့ နားလည်ရတာ ခက်ခဲမယ်။ နားလည်ရခက်ခဲရင် ညှိနှိုင်းရခက်ခဲမယ်။ ညှိနှိုင်းရခက်ခဲရင် ခဏလေးနဲ့ Relationship ဆိုတာ ပျက်သွားမှာပဲ။ အဲတော့ ချစ်သူ ဆိုတဲ့အရာက ဘာမှခိုင်မာတဲ့အရာတွေ မရှိဘူး ကျတော်တို့အတွက် ခိုင်မာတာက စိတ် ၊ ချစ်ခြင်းမေတ္တာတရား၊ သံယောဇဉ် အဲဒါတွေနဲ့ ချည်နှောင်ဖို့ဆိုတာ ယုံကြည်ချက် ၊ နားလည်မှု အဲဒါတွေနဲ့ပဲ ကျတော်က အချစ်ကို ဖြတ်သန်းပါတယ်။”

ဒေါင်းနဲ့ သူ့ရဲ့ ချစ်သူကောင်မလေးကြားထဲမှာတော့ ကတောက်ကစဆိုတာ မရှိသလောက်ရှားပြီးတော့ သူ့ရဲ့ အနုပညာအလုပ်တွေမှာလည်း ချစ်သူကောင်မလေးက နားလည်မှုရှိသလားဆိုတာကို ဒေါင်းက ကော်ဖီတစ်ခွက်နဲ့ နှိုင်းယှဉ်ပြီးဥပမာပေးပြောသွားခဲ့ပါသေးတယ်နော်။

“ကော်ဖီတစ်ခွက်သောက်ရသလိုပဲ။ ဥပမာ ကော်ဖီတစ်ခွက်က ခါးချင်ခါးမယ်၊ ချိုချင်ချိုမယ်၊ ဆိမ့်ချင်ဆိမ့်မယ်။ ကိုယ်ကော်ဖီတစ်ခွက်ဖျော်လိုက်ပြီဆိုရင်လည်း ကိုယ်မျှော်လင့်ထားသလိုဖြစ်ပေမယ့် တခါတလေ မမျှော်လင့်ထားတဲ့အရသာလည်း ကြုံရင်ကြုံတတ်တာပေါ့ အဲတော့ ကိုယ့်ချစ်သူနဲ့ကိုယ့်ကြားမှာ ဖြစ်တဲ့ကတောက်ကစဆိုတာ တခါတလေ မရှိရင်လည်း ပျင်းစရာကောင်းသလို ရှိရင်လည်းစိတ်ညစ်စရာတခါတလေကောင်းတာပဲ ကျတော့်အတွက်ကတော့ နည်းပါတယ်” လို့ အယ်လဲဗင်းမီဒီယာရဲ့ အင်တာဗျူးမှာဖြေကြားသွားခဲ့တာဖြစ်ပါတယ်။

သရုပ်ဆောင် ဒေါင်းတစ်ယောက်ဟာ ချစ်သူရှိနေတဲ့အကြောင်းကို အင်တာဗျူးတွေမှာလည်း ဖြေကြားထားပေမယ့်လည်း ချစ်သူကိုတော့ ထုတ်ပြကြေငြာမှာမဟုတ်တဲ့အတွက်ကြောင့် သူ့ကိုအားပေးတဲ့ ပရိသတ်ကောင်မလေးတွေကတော့ စိတ်ဝင်တစားသိချင်နေကြမှာအမှန်ပါပဲနော်။

Credit:We Love Cele

Loading...

Facebook Comments