မူးယစ်ဆေးဝါးတွေရင်ကြားထဲ ထည့်သယ်လာတဲ့ မိန်းကလေးနှစ်ယောက်ကို ဖမ်း

“မြိတ်မြို့ အဝေးပြေး ကားဝင်းသစ်အနီး လမ်းမပေါ်တွင် မူးယစ်ဆေးဝါးများ သယ်ဆောင်၍ ဖြန်းဖြူးရောင်းချသူ အမျိုးသမီးနှစ်ဦး ဖမ်းဆီးရမိ”၂၉.၁၂.၂၀၁၈ ရက် ည(၁၀း၃၀) နာရီအချိန်က တနင်္သာရီတိုင်းဒေသကြီး မြိတ်ခရိုင် မြိတ်မြို့ မြို့မရဲစခန်း နယ်ထိန်းအဖွဲ့မှ နယ်ထိန်းခေါင်ဆောင် ဒုရဲအုပ်​ ထွန်းထွန်းနိင် ဦးစီးသော နယ်ထိန်းတပ်ဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချူပ်ရေးမှူးများ နင့်အတူ မြိတ်မြို့ အဝေးပြေး ကားဝင်းအသစ်အနီး ကုန်ဖောက်လမ်းမကြီးပေါ်တွင် ဆိုင်ကယ်ဖြင့် မူးယစ်ဆေးဝါးများ သယ်ယူ၍ လိုက်လံ ဖြန်းဖြူးနေကြောင်း သတင်းအရ. သွားရောက်၍ စောင့်ဆိုင်ဖမ်းဆီးခဲ့ကြပါသည်။

ထိုသို့သွားရောက် စောင့်ဆိုင်နေစဉ် (၁၆း၀၀)နာရီအချိန်တွင် အရှေ့သိမ်ကျောင်းဘက်မှ အဝေးပြေး ကားဝင်သစ်အနီး ကုန်းဖောင်းလမ်းမကြီးတွင် မင်္သာကာသူ အမျိုးသမီးနစ်ဦး ဆိုင်ကယ်ဖြင့် မောင်းနင်း၍ လာသည့်ကို့ မြင်တွေ၍ ရပ်တန့်စစ်ဆေးရာ ဆိုင်ကယ်မောင်းသူမှာ မအေးအေးမော် (၃၃)နစ် (ဘ) ဦးဟန်သစ် ရွှေလိပ်ပြာလမ်း၊ ​ဇေယျာသီရိ (၁)ရပ်၊ မြိတ်တောင်ရပ်ကွက် မြိတ်မြို့နေသူနင့်အတူ လိုက်ပါလာသူ

မဖြူရီဝင်း (၁၈)နစ် (ဘ) ဦးဝင်းဇော် နဂါးနီလမ်း၊ ချမ်းမြေ့သာရီလမ်း၊ မြိတ်တောင်ကျေးရွာ မြိတ်မြို့နေသူဖြစ်ကြောင်း သိရှိရပြီး ၎င်း၏ခန္ဓာကိုယ်နင့် ဆိုင်ကယ်အား အသိသက်သေများဖြင့် စစ်ဆေးရှာဖွေရာ မဖြူရီဝင်း၏ ရင်ကြားတွင် စက္ကူဖြူဖြင့်ထုပ်လျှက် ဝှက်ထားသော အပြာရောင် ပလပ်စတစ်ကပ်ခွာအိတ်ဖြင့်ထည့်လျက် WY စာတန်းပါနင့် R စာတန်းပါ စိတ်ကြွရှုးသွပ်ဆေးပြား ပန်းရောင် (၁၉၈)ပြား၊ အစိမ်းရောင် (၂)ပြားပေါင်း (၂၀၀)ပြားစီပါ (၁)ထုပ်အား တွေ့ရှိရာ ၎င်းတို့နစ်ဦး မူးယစ်​​ဆေးဝါး သယ်ဆောင်ရာတွင် အသုံးပြုသည် Wave 100 ငှက်ခါးရောင် ဆိုင်ကယ်တစ်စီးပါ သိမ်းဆည်း၍ ဖမ်းဆီးခဲ့ကြပါသည်။

အဆိုပါ ဖမ်းဆီးရမိသော မူးယစ်​​ဆေးဝါးများ နင့်ပတ်သက်၍ စစ်ဆေးမေးမြန်းရာ မဖြူရီဝင်း၏ ဖခင်ဖြစ်သ်ူဝင်းဇော် မှနေ၍ မူးယစ်​​ဆေးဝါးများအား အဝေးပြေးသစ် ကားဝင်အနီး သွားရောက်ပို့ဆောင်ပေးရန် အဒေါ်ဖြစ်သူ နင့်အတူ ဆိုင်ကယ်ဖြင့် ထွက်လာခြင်းဖြစ်ကြောင်းနင့် မူးယစ်​​ဆေးဝါးများ နေအိမ်တွင် ကျန်ရှိသေးကြောင်း ထွက်ဆိုချက်အရ မြိတ်မြို့နယ် ရဲတပ်ဖွဲမှူးမှ ထုတ်ပေးသော နေအိမ်သို့ ဝင်ရောက်ရှာဖွေ ဖမ်းဆီးခွင့် ဝရမ်အမှတ် (၁၀၅/၂၀၁၈)ဖြင့် (၁၆း၁၅)နာရီအချိန်တွင် န၈ါးနီလမ်း၊ ချမ်းမြေ့သာရီရပ် မြိတ်တောင်ကျေးရွာ မြိတ်မြို့ နေအိမ်သို့ ၎င်းတိုနစ်ဦးပါ ခေါ်ဆောင်၍ ထပ်မံသွားရောက်၍ ရှာဖွေခဲ့ကြပါသည်။

ထိုသို့ရှာဖွေစစ်ဆေးရာ ဝင်းဇော် ဆိုသူမှာ နေအိမ်မှ ထွက်ပြေးတိမ်းရှောင့်သွားပြီး ဝင်းဇော်၏ နေအိမ်ခန်းအတွင်း၌ ပလပ်စတစ် အဝတ်ပုံအတွင်း ခရမ်း​ရောင်​ လက်​ကိုင်​အိတ်​ဖြင့် ထည့်ထားသော အကြည်ရောင်တိတ် အဝါရောင်တိတ် အညိုရောင် မှိုင်းခံစက္ကူဖြင့် ထုပ်လျှက် အပြာရောင် ပလပ်စတစ် ကပ်​ခွာအိတ်အတွင်း WY စာတန်းပါနင့် R စာတန်းပါ စိတ်ကြွရှုးသွပ်ဆေးပြား ပန်းရောင် (၁၉၈)ပြား။ အစိမ်းရောင် (၂)ပြားပေါင်း (၂၀၀)ပြားစီပါ (၁၀)ထုပ်၊ စုစုပေါင်း ဆေးပြား (၂၀၀၀)ပြား၊ အလေးချိန် (၂၀၀)ဂရမ်အား ထပ်မံ သိမ်းဆည်းရမိသဖြင့် မူးယစ်​​ဆေးဝါးများ ရောင်းချ ဖြန်းဖြူး ပူးပေါင်းပါဝင်သူ မဖြူရီဝင်း ၊ မအေးအေးမော် နင့် မဖမ်းဆီးရသေးသူ ကွင်းဆက် တရားခံ ဝင်းဇော် ဆိုသူတို့အား မြိတ်မြို့မရဲစခန်းမှ ဥပဒေအရ ဆက်လက်အရေးယူ ဆောင့်ရွက် လျှက်ရှိပါကြောင်း သိရှိရပါသည်။

Mingalar Bar Myeik

Loading...

Facebook Comments