အသက်​ကြီးမှ ဝက်​သက်​​ပေါက်​လို့ ​အလုပ်​​တွေဖျက်ပြီးေ​ဆးရုံတက်​​နေရတဲ့ တိုင်​ရွန်

ပရိသတ်တွေ အထူးသဖြင့် နှုတ်ခမ်းနီမလေးတွေရဲ့ နှလုံးသားကို ဖမ်းစားထားနိုင်တဲ့ မော်ဒယ်သရုပ်ဆောင် တိုင်ရွန်ကတော့ လတ်တလောမှာ ဝက်သက်ပေါက်နေလို့ ဆေးရုံတက်နေရတယ်လို့ သိရပါတယ်။ တိုင်ရွန်ကတော့ အခုဆိုရင် ဆေးရုံတက်နေရတာ ၅ရက်မြောက်ရှိနေပြီဖြစ်ပြီး အလုပ်တွေလည်း အကုန်ဖျက်ထားရတာပါ။ အသက်ကြီးမှ ဝက်သက်ပေါက်တာမို့ တိုင်ရွန်တစ်ယောက် တော်တော်လေးကို ခံစားနေရတာပဲ ဖြစ်ပါတယ်။

တိုင်​ရွန်​က​တော့ “၅ ရက်မြောက်နေ့ မသက်သာပါ ရှိသမျှ အလုပ်တွေ အကုန်ဖျက်ရ ပါပြီ 2018 နစ်ကုန်က ကံဆိုးမှု့များစွာနဲ့ ဆေးရုံပေါ်မှာ ပေါ့ဗျာ ဝက်သက်ဖြစ်တာပါ လူလည်း အားမရှိတော့ပါ ….”ဆိုပြီး နှစ်​ကုန်​မှာ ကံဆိုး​နေတဲ့ သူ့ရဲ့အ​ကြောင်းကို စိတ်​မ​ကောင်းစွာ ရင်​ဖွင့်​ထားတာပါ။

လတ်တလောမှာ အနုပညာလှုပ်ရှားမှုတွေ ဆက်တိုက်ပြုလုပ်ဖြစ်နေတဲ့ တိုင်ရွန်ကတော့ အခုလက်ရှိမှာ နေမကောင်းလို့ အလုပ်တွေအကုန် နားထား ရတာပါ။ တိုင်​ရွန်​​တော့ တလောကလည်း သူငယ်ချင်း နေခြည်ဦးနဲ့အတူ “ပုရိသ” ရုပ်ရှင်ဇာတ်ကားကြီးကို ရိုက်ကူးခဲ့ပါသေးတယ်။

Source;Tyron Bejay’s Facebook

Credit : momolay

Loading...

Facebook Comments