နားရွက်မှာ မွေးရာပါအပေါက်လေးတွေ ပါလာတဲ့သူတွေရှိလား ?

လူတော်တော်များများ နားရွက်မှာပါတဲ့အပေါက်လေးတွေ သတိမထားမိကြပါဘူး။ နားဖောက်ထားတဲ့နေရာမှာမဟုတ်ပဲ နားရဲ့အနောက်ဘက်တို့မှာဆို ကိုယ်တိုင် ဒီအပေါက်ကိုမြင်ရဖို့ ခက်ခဲပါတယ်။ အခြားသူကလာပြောမှသာ ကိုယ့်နားရွက်မှာ အပေါက်လေးရှိနေမှန်းသိရတာမျိုးပေါ့။

ဒါကို ဆေးပညာအရ preauricular cysts လို့ခေါ်ပါတယ်။ လူတစ်ယောက်ချင်းစီပေါ်မူတည်ပြီးအပေါက်အကြီး ၊ အသေးကတော့ ကွာပါတယ်။ တစ်ချို့ က ဘာလို့ပေါက်နေတာလဲဆိုပြီး စိတ်ပူတတ်ကြသလို နားဖောက်ထားတာလားလို့ အများကပြောနေပြီဆိုရင်တော့ ဒါလေးကို ဆက်ဖက်ကြည့်ပါနော်။

နားရွက်မှာ မွေးရာပါအပေါက်လေးပါလာတယ်ဆိုရင် ပုံမှန်အားဖြင့် ကျန်းမာကြံခိုင်တယ်ဆိုတဲ့ အဓိပ္ပာယ်ပါပဲ။ တကယ်လို့ ဒီအပေါက်ကိုမကြိုက်ဘူးဆိုရင်လည်း ကျွမ်းကျင်ဆရာဝန်များက အောင်မြင်စွာဖယ်ရှားပေးနိုင်ပြီလို့ သိရပါတယ်။ ဒါပေမယ့်လည်း ဒါဟာ ကျန်းမာတဲ့လက္ခဏာပဲဆိုတော့ ပိုက်ဆံအကုန်ခံပြီိး ဘာလို့ဖျောက်မှာလဲနော်။

ဒီအပေါက်လေးဟာ အရေပြားအောက်ကနေ ခန္ဓာကိုယ်ထဲလေဝင်ပေါက်ရောက်အောင်လည်း ပံ့ပိုးပေးထားတာဖြစ်ပါတယ်။ ပိုးမွှားတွေလည်း မဝင်နိုင်သလို ကျန်းမာရေးအတွက်အန္တရာယ်ဖြစ်စေတာမျိုးမရှိပါဘူး။ တကယ်လို့ အပေါက်က တစ်ခုမကတွေ့နေရင်၊ ယောင်ရမ်းပြီး အနီရောင်သန်းနေတယ်ဆိုဆရာ​ဝန်သွားပြသင့်ပါတယ်။

Credit: သတင်းရပ်ကွပ်

Loading...

Facebook Comments