မြန်မာလေး သေဆုံးမှု တရားခံအား ထုတ်ပြန်သတင်းစာရှင်းလင်း ခလေးမိဘနှစ်ဦးအား တရားမ၀င် ၀င်ရောက်မှုနှင့် မြန်မာနိုင်ငံပြန်ပို့ ခံရ

December 29 ,2018
ထိုင်းနိုင်ငံ ဆူဖန်ဘူရီ ခရိုင် အိုထောင်းမြို့  ကျေးရွာ အမှတ် (၉) အုအ်စု ကြံတောအတွင်း နှစ်နှစ်သားအရွယ် မြန်မာနိုင်ငံသားခလေး (သားငယ်) သေဆုံးရခြင်းနဲ့  ပါတ်သက်ပြီး အစက် (၃၂) နှစ်အရွယ် စိတ်မနှံ့ သူ ထိုင်းနိုင်ငံသား ”နိုင်ဖွန်”” က ပွေ့ ချီခေါ်သွားခဲ့တာဖြစ်ပြီး ခလေးဟာ ထွက်ပြေးရင်း သေဆုံးရတာဖြစ်တယ်လို့  ဆူဖန်ဘူရီ
ရဲမှူး နိုင်စုန်ဒေ့ က ဒီကနေ့ ထုတ်ပြန်တဲ့ သတင်းစာရှင်းလင်းပွဲမှာထုတ်ပြန်သွားခဲ့ပါတယ်။

အခင်းဖြစ်ပွားတဲ့ ဒီဇင်ဘာ ၁၇ ရက်နေ့ မနက်က သေဆုံးသူ ခလေး သားငယ်(စိုးလေးဖြူ) ဟာ မြန်မာခလေးတွေနဲ့ အတူ ကစားနေစဉ်
စိတ့် မနှံ့ တဲ့ နိုင်ဖွန်ဟာ ခလေးကို ပွေ့ ချီသွားခဲ့တာဖြစ်တယ်လို့  ရဲတပ်ဖွဲ့ က ထုတ်ဖေါ်ပြောဆိုခဲ့ပြီး တရားခံ နိုင်ဖွန် ကို စိတ်ရောဂါ ဆရာဝန်တွေနဲ့  စစ်ဆေးပြီး အရေးယူဖို့  ဆက်လက်လုပ်ဆောင်နေ
ပါတယ်လို့  ဆိုပါတယ်။

ခလေးကိုယ်မှာဖြစ်နေတဲ့ ဒဏ်ရာတွေနဲ့  ပါတ်သက်ပြီး ခလေးဟာ ပြောလွှားရင်းရေနစ်သေဆုံးရတာ ဖြစ်ပြီး ကိုယ်ပေါ်က ဒဏ်ရာတွေဟာ ကြံတောထဲမှာ ကျက်စာနေတတ်တဲ့ သတ္တ၀ါတွေကိုက်ခံရတာ
ဖြစ်တယ်လို့  ဆိုပါတယ်။

သေဆုံးသူ သားငယ်ရဲ့ မိဘနှစ်ဦးကိုတော့ သာဖြစ်သူရှာဖွေနေဆဲကာလမှာ နာလည်မှူနဲ့ ပနေထိုင်ခွင့် ပေးထားခဲ့တာဖြစ်ပြီး အမှုအမှန်ပေါ်သွားပြီး
ဖြစ်လို့  တရားမ၀င် ခိုးဝင်လာမှုနဲ့  လူဝင်မှုကြီးကြပ်ရေး ရဲတပ်ဖွဲ့ ကို
လွဲပြောင်းပေးခဲ့ပြီး မြန်မာနိုင်ငံ ပြန်ပို့ တော့မယ်လို့  ရဲမှူးရဲ့ သတင်းစာ ရှင်းလင်းပွဲကို ကိုးကားပြီး ထိုင်သတင်းတွေ မှာဖေါ်ပြထားပါတယ်။

SAW

Loading...

Facebook Comments