ဘုရားဖူးကား တိမ်းမှောက် ဒဏ်ရာရ လူနာများပြားနေ

သထုံတွင်တိမ်းမှောက်သည့် ဘီလူးကျွန်းချောင်းဆုံမြို့ ဘုရားဖူးကားမှ လူနာ ၁၂ ဦးအား Ambulance ယာဉ် ၇ စီးဖြင့် မော်လမြိုင်ဆေးရုံသို့လွှဲပြောင်းလာနေပါပြီး ယနေ့ 29.12.2018 နံနက်ပိုင်းက ဘီလူးကျွန်း ချောင်းဆုံအနောက်ပိုင်းနှင့် ကရင်ဝင်းစိန်ရဘက်မှ လူများ ပါဝင်လာသည့် ဘုရားဖူးကားတစ်စီး သထုံမြို့တွင် တိမ်းမှောက်ရာ ၁၂ ဦးဒဏ်ရာရပြီး တစ်ဦးသေဆုံးမှု ဖြစ်ပွားခဲ့ ပါသည်။

၎င်းလူနာများအား (အရိုး ၃ ခွဲစိတ် ၄ အခြား ၅) စုစုပေါင်း ၁၂ ဦးအား သထုံဆေးရုံကြီးမှ မော်လမြိုင်ဆေးရုံကြီး သို့ မော်လမြိုင် Rescue သထုံ Rescue ကျိုက်ကော် သုဝဏ္ဏဝတီ ရှင်းသန့်ဂုဏ်ရည် အဖွဲ့များမှ အရေးပေါ်ကား ၇ စီး ဖြင့် (12:40)pm အချိန်တွင် လွှဲပြောင်း ပို့ဆောင်လာနေပြီး ဖြစ်ပါသည်။

အရေးပေါ်ကား ယာဉ်တန်းများ၍ အများပြည်သူများ အထိတ်တလန့် မဖြစ်စေရန် အသိပေးအပ်ပါသည်။ အရေးပေါ် လူနာများပါလာ၍ လမ်းကြောများ ရှင်း၍ ကူညီ ပေးနိုင်ပါရန် တင်ပြအပ်ပါသည်။ ကနဦးသတင်း ။ ချောင်းဆုံမှ ဘုရားဖူးကား သထုံတွင် တိမ်းမှောက် ဒဏ်ရာရ လူနာများပြား လက်ရှိ တစ်ဦးသေဆုံး

29.12.2018 နံနက် (5:00)ခန့်က ဘီလူးကျွန်း ချောင်းဆုံမှ ဘုရားဖူးကား သထုံမြို့ နောင်ကုလား ဘုရားလေး ကျောင်းအနီးတွင် တိမ်းမှောက်မှု ဖြစ်ပွားကြောင်း သိရ ပါသည်။

ဒဏ်ရာရလူနာ စုစုပေါင်း ၁၂ ယောက်လက်ရှိ တစ်ဦးသေဆုံးဟု ကြားသိထားရပါသည်။အခင်းဖြစ်ရပ်သို့ အကြင်နာတွဲလက်လူမူကူညီရေးအသင်း သထုံ Rescue နှင့် မေတ္တာရှင်ရှမ်းရွာအဖွဲ့မှလူနာများအား သထုံပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင် ကူညီထားပေးခဲ့ပြီး

လက်ရှိ အရိုးကျိုး ထိခိုက်ဒဏ်ရာရ စိုးရိမ်ရ လူနာများအား မော်လမြိုင်ဆေးရုံကြီးသို့တင်ပို့နိုင်ရန် မော်လမြိုင် လူမှုကယ်ဆယ်ရေးအဖွဲ့မှ Ambulance ၂စီး ရှင်းသန့် ဂုဏ်ရည် Ambulance ၂ စီးတို့ဖြင့် သထုံဆေးရုံသို့ ထွက်ခွာလျှက်ရှိပါသည်။

Credit: Zin Moe

Loading...

Facebook Comments