ဘုန်းကြီးဝတ်တွေနဲ့ မန်းမှာ အလှူလာခံတဲ့ တရုတ်နိုင်ငံသား ၄ ဦးကို ပြည်နှင်ဒဏ်ပေး

မန္တလေး ဒီဇင်ဘာ ၂၈

မန္တလေး ချမ်းအေးသာစံမြို့နယ်အတွင်း ဘုန်းကြီးဝတ်တွေနဲ့အလှူလာခံခဲ့တဲ့ တရုတ်နိုင်ငံသား ၄ ဦးကို လူဝင်မှုကြီးကြပ်ရေးနှင့်အမျိုးသားမှတ်ပုံတင်ရေးဦးစီးဌာနအက်ဥပဒေပုဒ်မ-၇(၂) နဲ့ မနေ့က ပြည်နှင်ဒဏ်ပေးလိုက်တယ်လို့ သတင်းရရှိပါတယ်။

Mr.Ping Huacheng (အသက် ၅၇ နှစ်)၊ Mr.Li Changwn(အသက် ၅၇ နှစ်)၊ Mr.Haung Yuanyin (အသက် ၆၃ နှစ် နဲ့ Mr.Zhang Jianglin(အသက် ၅၇ နှစ်)တို့ဖြစ်ကြပြီး ၎င်းတို့ဟာဘုန်းကြီးဝတ်တွေနဲ့ ဒီဇင်ဘာ ၉ ရက်နေ့က ချမ်းအေးသာစံမြို့နယ်အတွင်း ၂၈လမ်း နဲ့ ၂၉လမ်းကြား၊ ၈၅ လမ်း နဲ့ ၈၆လမ်းကြား(ထီးတိုင်ဈေး)၊ ၂၇ လမ်း ၈၉ လမ်း နဲ့ လမ်း ၉၀ ကြား(ကိုင်းတန်းဈေး)၊ လမ်း၃၀ ၇၆ လမ်း နဲ့ ၇၇ လမ်းကြားတို့မှာ လှည့်လည်အလှူခံ ခဲ့တာကြောင့် ချမ်းအေးသာစံမြို့ နယ်ယံဃနာယကအဖွဲ့၊ သာသနာတော်ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့ဆရာတော်ဥူးဝိဓူရ နဲ့ တာဝန်ရှိသူတွေက လူဝတ်လဲစေကာ အဲဒီမြို့နယ် အမှတ် ၆ နယ်မြေရဲစခန်းမှာ ထိန်းသိမ်းခဲ့ပြီး သက်ဆိုင်ရာက မနေ့က ပြည်နှင်ဒဏ်ပေးခဲ့တာပါ။

၎င်းတို့ဟာ မန္တလေးမြို့ကို ဒီဇင်ဘာ ၇ ရက်က ရောက်ရှိလာတာဖြစ်ကြောင်း၊ ချမ်းအေးသာစံမြို့နယ် ၃၁ လမ်း ၇၅ လမ်း နဲ့ ၇၆ လမ်းကြားက ဟိုတယ်တစ်ခုမှာ တည်းခိုခဲ့တာဖြစ်ကြောင်း၊ ဘုန်းကြီးဝတ်တွေနဲ့အလှူခံထွက်စဉ် မြို့ နယ်သံဃာနာယကအဖွဲ့က တွေ့ရှိထိန်းသိမ်းခဲ့တာဖြစ်ကြောင်း၊ ၎င်းတို့နဲ့အတူအဝတ်အစားတွေ၊ ဘုရားပုံတော်ပါလည်ဆွဲတွေနဲ့ ပုတီးကုံးတွေတွေ့ရှိခဲ့ကြောင်းသိရပါတယ်။

စောထွေး

Credit :Popular News Journal

Loading...

Facebook Comments