အသက်မပြည့်သေးတဲ့မိန်းကလေးတွေကို ပြည့်တန်ဆာခိုင်းစားနေတဲ့”ကျေးလင် “ကာရာအိုကေကို ရဲက၀င်ဖမ်းလိုက်ပြီ

အသက်မပြည့်သေးသည့်မိန်းခလေးများအား ပြည့်တန်ဆာအဖြစ်ခိုင်းစားနေသည့် “ကျေးလင် “ကာရာအိုကေဆိုင် ထိုင်းရဲတပ်ဖွဲ့ ဝင်ရောက်ဖမ်းဆီး ။ December 28,2018 ။

ထိုင်းနိုင်ငံ စမုတ်ပရကမ် ခရိုင် ဘန့်ဆောင်ထုန်း မြို့ က ဟန်ပြကာရာအိုကေဆိုင်ဖွင့်ပြီး ထိုင်းနဲ့ အိမ်နီးချင်းနိုင်ငံသူတွေကို ပြည့်တန်ဆာအဖြစ်ခိုင်းစားနေသူ ကျေးလင်ကာရာအိုကေဆိုင်က အသက်အပြည့်သေးတဲ့ ၁၅ နဲ့  ၁၆ နှစ်မိန်းခလေးကို လူကုန်ကူး တိုက်ဖျက်ရေး အဖွဲ့ ဝင်က အသွင်ဆောင် ပျော်ပါးဖို့  အပြင်ခေါ်ထုတ်လာပြီး တည်းခိုးခန်းမှာ အရင်ဆုံးထိမ်းသိမ်းစစ်ဆေးခဲ့ပါတယ်။

ပြည်ထဲရေးဌာနတာဝန်ရှိသူတွေ မြို့ နယ်အုပ်ချုပ်ရေးအဖွဲ့  နဲ့ ဘန့် ဆောင်ထုန်း နယ်မြေ ရဲတပ်ဖွဲ့ တွေအားလုံးက ဆိုင်အနီးမှာ အသင့်စောင့်နေကြပြီး မိန်းခလေးကို ဆိုင်ကနေခေါ်ထုတ်ပြီးတဲ့ မိနစ်ပိုင်း အတွင်းမှာပဲ ကာရာအိုကေဆိုင်ကို ၀င်ဖမ်းခဲ့ပါတယ်။အသွင်းဆောင်ပျော်ပါးသူကပေးသွားတဲ့ထောင်တန်ငွေစက္ကူ ငွေတွေကိုအမှတ်သားတွေလုပ်ထားပြီး သက်သေအဖြစ်မိတ်တူနဲ့ အတူ ရဲတွေက အသင့်ပြင်ထားကြပါတယ်။

ဆိုင်တွင်းမှာ မိန်းခလေး (၉)ဦး နဲ့  ဇိမ်ခေါင်း ထိုင်းနိုင်ငံသူ ကျေးလင် နဲ့ လင်ယောက်ကျားကိုပါ လက်ရဖမ်းဆီးနိုင်ခဲ့ပါတယ်။ကျေးလင် ကာရာအိုကေဆိုင် ဆိုင်ရှင်လင်မယားဟာစက်ရုံတွေမှာ လုပ်နေကြတဲ့ နိုင်ငံခြားအလုပ်သမ မိန်းခလေးငယ်တွေကိုဝင်ငွေကောင်း တဲ့ စားပွဲထိုးအလုပ် ရမယ်လို့  စည်းရုံးပြီးနောက်ပိုင်း အတင်းအကြပ် ဧည့်သည်တွေနဲ့ လိုက်အိပ်ခိုင်းခဲ့တယ်။

မိန်းခလေးတွေထွက်မပြေးနိုင်အောင် နိုင်ငံကူးစာအုပ် တွေကို သိမ်းထားပြီး ထွက်ပြေးရင်အသတ်ခံရမယ်လို့  ကျေးလင်ရဲ့ယောက်ကျားက သေနတ်နဲ့ ခြိမ်းခြောက်ခဲ့တယ်လို့ လည်းသိရပါတယ်။ယခုအချိန်မှာဖမ်းဆီးထားတဲ့ သက်သေမိန်းခလေးတွေရဲ့မူးရင်းနိုင်တွေ ကို လုံခြုံရေးအရ အာဏာပိုင်တွေက ထုတ်ဖေါ်ပြောဆိုခြင်း မရှိသေးသလို သတင်းထောက် တွေကိုလည်း မေးမြန်းခွင့် မပေးခဲ့ပါဘူး။

မိန်းခလေးတွေအိပ်ရတဲ့ ဆိုင်တွင်းက ဆယ်ပေပတ်လည် အခန်းကျဉ်းလေးထဲမှာ အမှိုက်ပုံလို ဖြစ်နေပြီး စုပြုံ နေရပါတယ်။တရားခံ ထိုင်းလင်မယားရဲ့ပိုင်ဆိုင်ရဲ့ဘဏ်စာအုပ်တွေနဲ့ သေနတ်အတိုတလက်ပါ သိမ်းဆည်းလိုက်ပါတယ်။

အသက်မပြည်သေးတဲ့ မိန်းလေးတွေကို ပြည်တန်ဆာအဖြစ် လုပ်ခိုင်းစေခြင်း တရားခံနှစ်ဦးကို ထိုင်းခလေးငယ်များကာကွယ်ရေး ဥပေဒနဲ့ Act BE 2541 လူကုန်ကူးမှု ပြည့်တန်ဆာခန်းထောင်စားခြင်းစတဲ့ အမှုတွေနဲ့  တရားစွဲခံရမှာဖြစ်ပြီး ထောင်ဒဏ် (၅)နှစ်ကနေ အမြင့်ဆုံး (၁၅) နှစ် ဒဏ်ငွေ ၁၀၀၀၀၀ အထိ ကျခံရမှာဖြစ်ကြောင်း သိရပါတယ်။

SAW

Loading...

Facebook Comments