ရွှေထူးနဲ့ ချစ်စတုန်းက ပုံလေးတစ်ပုံ တင်လိုက်တဲ့ ရွှေမှုံရတီ

စစ်​မှန်​တဲ့ ချစ်​ခြင်း​မေတ္တာကို အချိန်တစ်ခုေ​လးအတွင်းမှာ ရှာ​​ဖွေ​​တွေ့ရှိခဲ့ကြတဲ့ အဆို​တော်​​ရွှေထူးနဲ့ မင်းသမီး​ချော​လေး ​ရွှေမှုံရတီတို့နှစ်​ဦးက​တော့ လက်​ရှိမှာ​ပျော်​စရာ​ကောင်းတဲ့ အိမ်​​ထောင်​​ရေးတစ်​ခုကို ပုံ​ဖော်​​နေကြတာပဲ ဖြစ်ပါတယ်။ လတ်​တ​လောမှာ​တော့ ​ရွှေမှုံလေးက သူတို့ဇနီးမောင်နှံနှစ်ဦးရဲ့ချစ်သူဖြစ်စက ပုံလေးတွေရယ် Pre Wedding ရိုက်တုန်းက ပုံလေးတွေရယ်ကို လူမှုကွန်ယက်ပေါ်မှာ ဝေမျှပေးထားတာ တွေ့ရပါတယ်။ အရမ်းကို ကြည်နူးစရာကောင်းတဲ့ ရွှေနှစ်ရွှေရဲ့ပုံရိပ်လေးတွေကတော့ အရမ်းကို ချစ်စရာကောင်းလှပါတယ်နော်။

ရွှေမှုံလေးကတော့ Prewedding ရိုက်ကူးတုန်းက အရမ်းကို ကြည်နူးစရာကောင်းတဲ့ ပုံရိပ်လေးတွေကိုလည်း တင်ထားပါသေးတယ်နော်။အဆို​တော်​​ရွှေထူးနဲ့ မင်းသမီး​ချော​လေး ​ရွှေမှုံရတီတို့နှစ်​ဦးက​တော့ ပြီးခဲ့တဲ့ နိုဝင်​ဘာလ ၁၁ရက်​​နေ့က နှစ်​ဦးသ​ဘောတူ လက်​ထပ်​မင်္ဂလာပွဲ ဆင်​နွှဲခဲ့ကြတာပါ။

ဒီပုံလေးကတော့ ရွှေထူးနဲ့ ရွှေမှုံလေးတို့ ချစ်သူဖြစ်စကပုံလေးဆိုတာ ပရိသတ်တွေလည်း ခန့်မှန်းမိမှာပါ။ အဆိုပါ သတို့သမီးဝတ်စုံလေးနဲ့ ပုံရိပ်တွေကိုတော့ ရွှေမှုံလေးက ပြီးခဲ့တဲ့ ဂျူလိုင်လလောက်က တင်ခဲ့တာပဲ ဖြစ်ပါတယ်။

ရွှေထူးနဲ့ ရွှေမှုံရတီတို့နှစ်ဦးကတော့ ပြီးခဲ့တဲ့ June လလောက်က ရိုက်ကူးခဲ့တဲ့ “ဧည့်သည်” ရုပ်ရှင်ဇာတ်ကားကြီးကို အတူရိုက်ကူးရင်း ချစ်မိသွားခဲ့ကြတာဖြစ်ပါတယ်။ သူတို့ဇနီး​မောင်​နှံနှစ်ဦးကတော့ လက်​ရှိမှာ တစ်ဦးနဲ့တစ်ဦး နားလည်မှုတွေ အပြည့်နဲ့ အခက်အခဲတွေကိုရင်ဆိုင်ပြီး ခိုင်ခိုင်မြဲ လက်တွဲထားကြတာပဲ ဖြစ်ပါတယ်။ မိုမို​လေးချစ်​ပရိသတ်​​တွေလည်း အရမ်းကိုချစ်​စရာ​ကောင်းတဲ့ ကြင်​စဦး​မောင်​နှံ​လေး ​ရွှေထူးနဲ့ ​ရွှေမှုံရတီတို့ဇနီး​မောင်​နှံနှစ်ဦးကိုချစ်​ရင်​ share သွားကြဖို့ မ​မေ့ပါနဲ့​နော်​။

Myint Myat
Source:Shwe Mhone Yati’s Instagram

Loading...

Facebook Comments