သံမဏိနှင်းဆီဂျာနယ်ထုတ်ဝေသူအားသတ်သူများကို အမြင့်ဆုံးပြစ်ဒဏ်ချမှတ်လိုက်ပြီ

သံမဏိနှင်းဆီဂျာနယ် ထုတ်ဝေသူအား သတ်သူများကို အမြင့်ဆုံးပြစ်ဒဏ် ထောင်ဒဏ်နှစ် ၂၀ ချမှတ် ။ဒီဇင်​ဘာ ၂၇ ။ ​သော်​လင်းထက်

သံမဏိနှင်းဆီဂျာနယ်​ ထုတ်​​ဝေသူ ကို​ဝေယံဟိန်းအသတ်​ခံရမှုမှကို​အောင်​ကိုကိုပါ(၃)ဦးကို ယ​နေ့​နေ့လည်​ပိုင်းက ရန်​ကုန်​အ​ရှေ့ပိုင်းခရိုင်​တရားရုံးတွင် အမိန့်​ချမှတ်​ခဲ့သည်​။

အောင်​ကိုကိုအား အမြင့်​ဆုံး ​သေဒဏ်​အထိချမှတ်​နိုင်​တဲ့ ရာဇသတ်​ကြီး ဥပ​ဒေပုဒ်​မ ၃၀၂ (၂)အရ​​ထောင်​ဒဏ်​နှစ်​ ၂၀ကိုပြည့်​သူနိုင်​ကို အမြင့်​ဆုံး​သေဒဏ်​ချမှတ်​နိုင်​သည့်​ရာဇသတ်​ကြီး ဥပ​ဒေပုဒ်​မ ၃၀၂(၂)/၁၁၄အရ ​ထောင်​ဒဏ်​နှစ်​၂၀ မအယ်​နီ(ခ)ရိုစီကို အားဇသတ်​ကြီးဥပ​ဒေပုဒ်​မ ၂၀၂ အရအလုပ်​နှစ်​​ထောင်​ဒဏ်​၆လချမှတ်​ခဲ့သည်​။

ကို​ဝေယံဟိန်းအသတ်​ခံရတဲ့အမှုတွင်​ တရားလိုပြသက်​​သေ ၁၈ ဦး စစ်​​ဆေးခဲ့ပြီး တရားခံပြသက်​​သေ ၇ ဦးကို စစ်​​ဆေးခဲ့သည်​။အောင်ကိုကိုနှင့် ၎င်း၏ သူငယ်ချင်း ပြည့်သူနိုင်(ခ)ဘုရားပွဲ (ခ)ဖြိုးသော်တို့မှာ ပုဇွန်တောင်မြို့နယ်ရှိ သံမဏိနှင်းဆီ ဂျာနယ်တိုက် ရုံးခန်းတွင် ဂျာနယ်ထုတ်ဝေသူ အသက် ၂၇ နှစ်အရွယ် ကိုဝေယံဟိန်းကို ဓားဖြင့်အချက်ပေါင်း များစွာ ဆင့်ထိုးသတ်ခဲ့ကြောင်း စစ်ဆေးပေါ်ပေါက်ချက်အရ ရဲတပ်ဖွဲ့က သိရသည်။

လူသတ်မှု စွပ်စွဲခံရသည့် အသက် ၃၁ နှစ်အရွယ် နိုင်ငံခြားသင်္ဘောသား အောင်ကိုကိုမှာ ၎င်း၏ဇနီးနှင့် လူမှုရေး ဖောက်ပြန်နေသည်ဟု ဆိုသော ကိုဝေယံဟိန်းကို သတ်ပြီးနောက် ဇနီးနှင့် လေးနှစ်အရွယ် သားဖြစ်သူကို ခေါ်ဆောင်ပြီး ပြင်ဦးလွင်မြို့နယ်သို့ ထွက်ပြေးတိမ်းရှောင်ခဲ့စဉ် ဧပြီလ ၁၉ ရက် ညနေပိုင်းက ဖမ်းဆီးခံရခြင်း ဖြစ်သည်။

The Fifth Wave News

Loading...

Facebook Comments