နီရဲတဲ့ဝတ်စုံအောက်က ရွှေဝါရောင်ခန္ဓာကိုယ်အလှကို လှစ်ဟပြသခဲ့တဲ့ သင်ဇာဝင့်ကျော်

နိုင်ငံကျော်မင်းသမီး သင်ဇာဝင့်ကျော်က မိမိကိုယ်ကို ယုံကြည်မှုအပြည့်အဝရှိပြီး ဆွဲ​ဆောင်​မှုရှိလွန်းတဲ့ မင်းသမီးချောတစ်ဦးပါ။ သင်​ဇာဝင့်​​ကျော်​က အမြဲလိုလို တက်ကြွလန်းဆန်းနေသူတစ်ဦးဖြစ်ပြီး လူတကာငေးရလောက်တဲ့ အလှပိုင်ရှင်လေးလို့ဆိုလဲ မမှားပါဘူး။ လတ်​တ​လောမှာ​တော့ သူမက​ အချစ်​​ရေးကို စိတ်​မဝင်​စား​သေးပဲ ချစ်​ရတဲ့ မိသားစုရယ်​ သူငယ်​ချင်း​တွေရယ်​နဲ့အတူ ဘဝကို ​ပျော်​​ပျော်​ကြီး ဖြတ်​သန်း​နေတာပဲ ဖြစ်​ပါတယ်​။

သင်ဇာဝင့်ကျော်က ဒီဇင်ဘာလ(၂၆)ရက်နေ့က Myo Myanmar Min ကုမ္ပဏီရဲ့ (၅)နှစ်ပြည့် အခမ်းအနားကို တက်ရောက်ပြီး ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ပါတယ်။ ထိုပွဲလေးမှာ သင်ဇာဝင့်ကျော်က သူမရဲ့ အပြစ်ဆိုဖွယ်မရှိတဲ့ အလှတရားကို ရဲရဲကြီး လှစ်ဟပြသထားပါတယ်။

မိုမိုလေးချစ်ပရိသတ်တွေ အနီရဲရဲဖက်ရှင်လေးနဲ့ ရူးခါနေအောင်မိုက်တဲ့ သင်ဇာဝင့်ကျော်ရဲ့ ပုံရိပ်တွေကို ဖော်ပြပေးလိုက်ပါတယ်။သင်ဇာဝင့်ကျော်က ပွဲအခမ်းအနားတွေလဲ တက်ရောက်ပေးနေတာဖြစ်ပြီး သရုပ်​​ဆောင်​ပိုင်းမှာလည်း ကျရာဇတ်​ရုပ်​ကို ပီပြင်​​အောင်​ သရုပ်​​ဆောင်​နိုင်​တာကြောင့် လက်​ရှိမှာ ရုပ်​ရှင်​ဇာတ်​ကားကြီး​တွေ ဆက်​တိုက်​ ရိုက်​ကူးဖြစ်​​နေတာပဲ ဖြစ်ပါတယ်။

အမြဲလိုလိုဖက်​ရှင်​ကျ​နေတဲ့ သင်​ဇာက​တော့ event ပွဲ​တွေမှာလည်း စိတ်​ဝင်​စားစရာ​ကောင်းတဲ့ ဖက်​ရှင်​​တွေနဲ့ တက်​​ရောက်​​လေ့ရှိတာ​ကြောင့်​ ပရိသတ်​​တွေရဲ့ ပါးစပ်​ဖျားမှာ နာမည်​ကြီး​နေသူ​လေးပဲ ဖြစ်​ပါတယ်​။ မိုမို​လေးချစ်​ပရိသတ်​​တွေလည်း အနီရဲရဲ ဖက်​ရှင်​နဲ့ ဂေါ်​နေတဲ့ သင်​ဇာ​လေးကိုချစ်​ရင်​ share သွားကြဖို့ မ​မေ့ပါနဲ့​နော်​။ အချိန်ပေးပြီး ဖတ်ရှုပေးတဲ့ ပရိသတ်ကြီးကို မိုမိုလေးမှ ကျေးဇူးအထူးတင်ရှိပါတယ်။

Rowena
Source; Thinzar Wint Kyaw’s Facebook
Photo; Amazing Grace

Credit : momolay

Loading...

Facebook Comments