သားဂန်းနဲ့ ဘေဘီမောင်တို့ကို ဖူးစာဆုံသွားစေတဲ့ “လွယ်လွယ်နဲ့မေ့လို့မရတဲ့အချစ်စစ်” သီချင်းဗီဒီယို

ညှို့ငင်အားပြင်းတဲ့ ခန္ဓာကိုယ်အလှကြောင့် ပရိသတ်တွေ သတိထားမိခဲ့ကြတဲ့ မင်းသမီးချောလေး ဘေဘီမောင်ကတော့ သူမကို အချစ်စစ်နဲ့ ချစ်ပေးနိုင်တဲ့ ချစ်ရသူကို ရှာဖွေတွေ့ရှိသွားပြီမို့ ပျော်စရာကောင်းတဲ့ အချစ်ရေးကို တည်ဆောက်ထားတာပါ။ ဘေဘီမောင်နဲ့ သူမရဲ့ချစ်သူ သားဂန်းတို့ကတော့ သီချင်းဗီဒီယိုလေးတစ်ခုကို အတူရိုက်ကူးရင်း ဖူးစာဆုံခဲ့ကြတာဖြစ်ပြီး တစ်ဦးနဲ့တစ်ဦး နှစ်နှစ်ကာကာ ချစ်မိသွားခဲ့ကြတာပါ။ သားဂန်းကတော့ သူ့ရဲ့မွေးနေ့လေးမှာ အမှတ်တရအဖြစ် သူတို့နှစ်ဦးကို ချစ်သူဖြစ်သွားစေတဲ့ အမှတ်တရတွေ များစွာကိန်းအောင်းနေတဲ့ “လွယ်လွယ်နဲ့မေ့လို့မရတဲ့အချစ်စစ်” သီချင်းဗီဒီယိုလေးကို လူမှုကွန်ယက်ပေါ်မှာ ဝေမျှပေးထားတာ တွေ့ရပါတယ်။

မိုမိုလေးချစ်ပရိသတ်တွေအတွက် သားဂန်းနဲ့ ဘေဘီမောင်တို့အတွက် အမှတ်တရတွေ ပြည့်နှက်နေတဲ့ “လွယ်လွယ်နဲ့ မေ့လို့မရတဲ့အချစ်စစ်” ဆိုတဲ့ သီချင်းဗီဒီယိုလေးကို ဖော်ပြပေးလိုက်ပါတယ်နော်။

သားဂန်းကတော့ ” ဒီသီချင်းလေးကကျွန်တော့်ဘဝအတွက်အမှတ်တရတွေအများကြီးပါ❤️😊 ကျွန်တော့်မွေးနေ့လေးမှာအမှတ်တရအဖြစ်တင်ပေးလိုက်ပါတယ်☺️” ဆိုပြီး ချစ်သူလေးနဲ့ သရုပ်ဆောင်ထားတဲ့ သီချင်းဗီဒီယိုလေးကို ဖေ့စ်ဘုတ်မှာ တင်ထားခဲ့တာပါ။

နှစ်ဦးလုံးရဲ့ရင်ထဲမှာ အချစ်တွေဖြစ်ပေါ်စေခဲ့တဲ့ သီချင်းဗီဒီယို

အဆိုတော် သားဂန်းနဲ့ ဘေဘီမောင်တို့ချစ်သူနှစ်ဦးကတော့ မိဘတွေကိုလည်း အသိပေးထားပြီး၊ တစ်ဦးနဲ့တစ်ဦး မျက်စိအောက်က အပျောက်မခံနိုင်လောက်အောင် Ro လွန်းတဲ့ စုံတွဲလေးမို့ ပရိသတ်တွေက အချစ်ပိုနေကြရတာပဲ ဖြစ်ပါတယ်။ ဂရုစိုက်ရတာ ချော့ရတာကို ကြိုက်တယ်ဆိုတဲ့ သားဂန်းနဲ့ စိတ်ကောက်တတ်တဲ့ မမ ဘေဘီမောင်တို့နှစ်ဦးကတော့ တကယ့်ကို နတ်ဖက်တဲ့ စုံတွဲလေးလိုပါပဲ။ မိုမိုလေးချစ်ပရိသတ်တွေလည်း သားဂန်းနဲ့ ဘေဘီမောင်တို့ရဲ့အချစ်တွေ စတင်ရာသီချင်းဗီဒီယိုလေးကို သဘောကျတယ်ဆိုရင် share သွားကြဖို့ မမေ့ပါနဲ့နော်။

Myint Myat
Source;Kyaw Ye Htet’s Facebook

Credit : momolay

Loading...

Facebook Comments