ကြံခင်းထဲက၀မ်းနည်းစရာပုံရိပ်

ကြံခင်းထဲကပျောက်ဆုံးကလေးအလောင်းကို ဆူဖန်ဘူရီကယ်ဆယ်ရေးတွေ သယ်ဆောင်လာတာပါ။

ဆူဖန်ဘူရီခရိုင်ထဲမှာဒီဇင်ဘာလ ၁၇ ရက်နေ့ကတည်းကကြံခင်းထဲမှာပျောက်ဆုံးသွားတဲ့ ၂နှစ်သားအရွယ်မြန်မာရွေပြောင်းအလုပ်သမားရဲ့ ကလေးကို သူပျောက်ဆုံးသွားတဲ့ နေရာရဲ့ ငါးကီလိုမီတာအကွာရေကန်တခုထဲမှာသေဆုံးနေတဲ့အလောင်းကိုတွေ ရကြောင်း ဒီဇင်ဘာလ ၂၅ ရက်နေ့မှာ ဆူဖန်ဘူရီမြိုပိုင် ကသတင်းစာရှင်းလင်းပွဲလုပ်ခဲ့ပါတယ်

သူတို့ရဲ့ ရှာဖွေရေးလုပ်ငန်းစဉ်ကို ဒီဇင်ဘာလ ၂၅ ရက်နေ့မှာဆက်လက်ရှာဖွေမူလုပ်တဲ့အခါမှာ ကလေးကို ရှာဖွေတွေရှိခဲ့ကြောင်းနဲ့ ကလေးဟာ သူဆော့ကစားပြီးပျောက်ဆုံးသွားတဲ့နေရာရဲ့  ၅ကီလိုမီတာအကွာက ရေကန်တခုထဲမှာ ကလေးရဲ့ အလောင်းကိုတွေ့ ရှိတာလို့ ဆိုပါတယ် ဒါပေမဲ့ ဒီကလေးဟာသာမန်သွေးရိုးသားရိုးသေဆုံးမူဟုတ်မဟုတ်ဆိုတာကို တော့ သံသယရှိနေဆဲပါ ဒီအတွက် ကလေးဟာ ကြံတောထဲကိုတိုးရင်းနဲ့လမ်းစပျောက်သွားတာမျိုးလား တဦးတယောက်က သတ်လိုက်လို့ သေဆုံးသွားတာမျိုးလား ဆိုတာကို သူတို့အနေနဲ့ဆက်လက်စုံစမ်းဖော်ထုတ်သွားမှာဖြစ်တယ်လို့ဆိုပါတယ် ။

ဒီအတွက်ကလေးရဲ့ အလောင်းကို ပိုပြီးဆေးဘက်ဆိုင်ရာစစ်ဆေးချက်တွေလုပ်သွားမှာဖြစ်သလို မူခင်းဆိုင်ရာရူ့ ဒေါင့်ကနေလည်းစုံစမ်းစစ်ဆေးမူတွေဆက်လုပ်သွားမှာဖြစ်တယ်လို့ထိုင်းအာဏာပိုင်တွေကပြောဆိုသွားတာပါ ။

ကြံခုတ်လုပ်သားလူငယ်ဇနီးမောင်နှံရဲ့ သားလေးဖြစ်တဲ့ မြန်မာရွေပြောင်းကလေးငယ် လေးဟာ ဒီဇင်ဘာလ၁၇ရက်နေ့က ၃နှစ်အရွယ်ကစားဖော်နဲ့ အတူကစားရင်းပျောက်ဆုံးသွားတာပါ ဒီဇင်ဘာလ၁၉ရက်နေ့ကစလို့ ထိုင်း ကယ်ဆယ်ရေးအဖွဲတွေ နဲ့ ဒေသဆိုင်ရာ အာဏာပိုင်တွေက နည်းအမျိုးမျိုးနဲ့ကူညီရှာဖွေပေးနေခဲ့တာပါ

ကလေးပျောက်ဆုံးတဲ့နေရာတ၀ိုက်မှာ ရဟတ်ယာဉ်သုံးပြီှးရှာဖွေပေးတာ အနံ့ခံခွေးတွေသုံးတာ အနီးနားကေ၇ကန်မှန်သမျှကိုရေငုတ်ရှာပေးတာ ဆူဖန်ဘူရီဆင်စခန်းကဆင်တွေကိုသုံးပြိးရှာပေးတာ
လူအင်အားလုံခြုံရေူးအင်အားတွေ ၃၀၀ထက်မနည်းသုံးပြီးရှာဖွေပေးခဲ့သလို ကြံခင်းတလျောက်မှာသွားလာနေတဲ့ ကြံတင်တဲ့ကားတွေ ကြံကားမောင်းသူတွေ မသင်္ကာဖွယ်ရာ အိမ်တွေကိုလည်း စစ်ဆေးမေးမြန်းတာတွေလုပ်ခဲ့တာပါ ကြံကားမောင်းသူတချိုရဲ့ ကားတွေမှာ ကလေးရဲ့ ဒီအန်အေရှာဖွေတွေ့ မလားဆိုပြိး စစ်ဆေးမူတွေပါ လုပ်ခဲ့ပါတယ် ။ ဒါအပြင်ကလေးကိုတွေ့ ခဲ့၇င် အရေးပေါ်ကယ်ဆယ်နိုင်ဖို့ သူနာပြုယာဉ်တွေလည်း စောင့်နေခဲ့တာပါ ။

ဒါအပြင်စီစီတီဗွီမှတ်တမ်းတွေကိုလည်း ကြည့်ပြီး စစ်ဆေးမူတွေဆက်တိုက်လုပ်ပါတယ်။

နေည မပြတ်ရှာဖွေမူတွေလုပ်သလို ကူညီကယ်ဆယ်ရေးအတွက် လိုအပ်တဲ့စားသောက်ရေးကိစ္စတွေကိုလည်းဘုရင်တော်ဝင်မိသားစုက လျုဒါန်းခဲ့ပါတယ် ။

ဘယ်နိုင်ငံသား ကလေးပဲဖြစ်ဖြစ် အသက်အန္တရယ်နဲ့ကြုံလာရင် ကူညီရှာဖွေပေးရမှာဖြစ်တယ်။

ကလေးဟာ ဘယ်လိုအခြေအမျိုးနဲ့ ပျောက်ဆုံးသွားသလဲဆိုတာအဖြစ်မှန်
သိရတဲ့အထိလုပ်ဆောင်သွားမှာဖြစ်တယ်လို့ ထိုင်းအာဏာပိုင်တွေကပြောဆိုခဲ့တာပါ။

ထိုင်းအစိုးရဟာ သူတို့ တာဝန်ယူစိတ်နဲ့ပြောဆိုတဲအတိုင်းတကယ်ပဲလုပ်ခဲ့ပါတယ် ။

ဒီကနေ့မှာတော့ သေဆုံးသွားတယ်ဆိုတာသိခဲ့ရပါပြီ ။ ဒါပေမဲ့ဘယ်လိုသေဆုံးသွားသလဲဆိုတာကိုတော့ စုံစမ်းစစ်ဆေးမူတွေကတော့ဆက်လုပ်သွားမယ်လို့ဆိုပါတယ် ။

မြန်မာရွေပြောင်းအလုပ်သမားတွေလည်းမိမိတို့ ကလေးတွေကို ဂရုစိုက်ကြပါ ။ လူကုန်ကူးမူအန္တရယ်တွေနဲ့ အတူ အခုလို ဘာကြောင့်သေဆုံးသွားမှန်းမသိသေးတဲ့ ၀မ်းနည်းစရာ အဖြစ်မျိုးကိုမကြုံရစေဖို့ ဂရုစိုက်ကြစေချင်ပါတယ် ။

မြန်မာကလေးလေးကို အသက်ရှင်လျက်မတွေ ရတော့ပေမဲ့ ရှာဖွေမူတွေကိုအဆုံးမသတ်ပဲ နေစဉ်ဆက်တိုက်ကူညီရှာဖွေပေးမူအတွက် ထိုင်းအစိုးရ နဲ့ ထိုင်းလူထုကို အထူးကျေးဇူးအထူးတင်မိပါတယ်။

Credit :SAW

(ဒီဇင်ဘာလ၂၅ ရက် ၂၀၁၈)

Loading...

Facebook Comments