အသတ်ခံရသည့် မြန်မာမိသားစုဝင်လေးဦး အသုဘပွဲ သမီးဖြစ်သူ မေ့လဲ

ထိုင်းမြန်မာနယ်စပ် မဲဆောက်မြို့  မဲသောင်ကျေးရွာမှာ ရက်ရက်စက်စက် အသတ်ခံလိုက်ရတဲ့ မြန်မာနိုင်ငံသား မိသားဝင် လေးဦးကို မဲဆောက်မြို့  လူမှုရေးအသင်းအဖွဲ့ တွေက ၀ိုင်းဝန်းကူညီမှုနဲ့  မီးသင်္ကြိုပြီးစီး သွားပြီဖြစ်ပါတယ်။
အလောင်းတွေကို မီးသင်္ကြီုနေချိန်မှာ အဖွားအိမ်မှာ ရှိနေလို့  အသက်မသေကျန်ရစ်တဲ့ အသက် ၁၉ နှစ် သမီးဖြစ်သူ ဟာ မိဘတွေဆုံးရူံးသွားခဲ့တာကို သူမဘ၀မှာ မဖြေနိုင်ဖြစ်ပြီး မူးမေ့လဲကျသွားခဲ့ခဲ့ပါတယ်။

လူသတ်တရားခံ နှစ်ဦးကို မြန်မာနိုင်ငံ အတွင်းမှာ ရွာသားတွေသတင်းပေးခဲ့လို့  ဖမ်းမိသွားခဲ့ပြီး ထိုင်းဖက်ကိုပြန်လွဲပြောင်းမပေးသေးကြောင်း သတင်းတွေထွက်ပေါ်နေပါတယ်။

မြန်မာကိုမြန်မာသတ်တဲ့ ဖြစ်ရပ်မှာ ပြန်လွဲမပေးလို့  ထိုင်းအာဏာပိုင်တွေအနေနဲ့  ဘာမှ နစ်နာဆုံးရူံးတာမရှိတဲ့အပြင် တရားရုံးတင် စစ်ဆေးအပြစ်ပေးရုံကလွဲလို့  ဘာမှအကျိုးအမြတ်မရှိနိုင်ပါဘူး။

တရားခံတွေဟာ ထိုင်းထောင်ထဲမှာ ထားခဲ့ရင် နိုင်ငံတကာအဆင့်မှီ
ထားပေးလို့  အသက်ပိုရှည်လာနိုင်သလို သေဒဏ်ကျရင်တောင်
၁၀နှစ်အတွင်း လွတ်လာရင် ခုလိုမျိုး ပြစ်မှုတွေနောက်ထပ်ကျူးလွန်
ပါလိမ့်မယ်။

SAW

Loading...

Facebook Comments