ခရစ်ယာန်ဓမ္မဆရာဦးအောင်ထွန်ဦးအား ဥပဒေအတိုင်း ဆက်လုပ်သွားမည်ဟု ဦးပါမောက္ခ မိန့်ကြား

စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့၊ မင်းကွန်းကျေးရွာ၊ မင်းကွန်းပုထိုးတော်ကြီး ပညာရေးအကယ်ဒမီ ကျောင်းတိုက်အတွင်း ကိုရင်၊ သီလရှင်၊ ကျောင်းသား၊ ကျောင်းသူများ၊ ဆရာမများကို ခရစ်ယာန်ဓမ္မဆရာမှ ဟောပြောခဲ့သည့်ဖြစ်စဉ်နှင့်ပတ်သက်၍ ဥပဒေအတိုင်း ဆက်လက်လုပ်ဆောင်မည် ဖြစ်ကြောင်း မကွေးကျောင်းတိုက် ဆရာတော်ဦးပါမောက္ခက မိန့်ကြားသည်။

”မင်းကွန်းပထိုးတော်ကြီး ပညာရေးအကယ်ဒမီကျောင်းဖြစ်စဉ်နဲ့ပတ်သက်ပြီးတော့ စစ်ကိုင်မြို့နယ်တရားရုံးမှာ တရားစွဲဆိုထားတယ်။ အဲဒီအပေါ်မှာ ခရစ်ယာန်ဓမ္မဆရာဦးအောင်ထွန်ဦးကလည်း တောင်းပန်ကြောင်း မန္တလေးမှာ သတင်းစာရှင်းလင်းပွဲလုပ်သွားတယ်။ အဲဒီဟာကို ဘုန်းကြီးတို့ဘက်က တရားဥပဒေအတိုင်းပဲ သွားမှာပါ”ဟု ၎င်းက မိန့်ကြားသည်။

ယင်းဖြစ်စဉ်နှင့်ပတ်သက်၍ သာသနာညှိုးနွမ်းမှုဆိုင်ရာ ပုဒ်မများဖြစ်သည့် ရာဇသတ်ကြီးဥပဒေပုဒ်မ ၂၉၅၊ ၂၉၈၊ ၅ဝ၈ နှင့် စစ်ကိုင်းမြို့နယ်တရားရုံးတွင် ကိုရဲသွေးနောင်မှ တရားလိုပြုလုပ်ကာ ဦးတိုက်လျှောက်ခဲ့ကြောင်း၊ တရားလိုဖြစ်သည့် ကိုရဲသွေးနောင်နှင့် တရားလိုပြသက်သေ ဦးပါမောက္ခအပါအဝင်၊ ၈ ယောက်ကို ဒီဇင်ဘာ ၁၂ ရက်မှစတင်ကာ စစ်ကိုင်းရဲ စခန်းမှစစ်ဆေးပြီးကြောင်း ဦးပါမောက္ခက ဆက်လက်မိန့်ကြားသည်။

မင်းကွန်းပုထိုးတော်ကြီး ပညာရေးအကယ်ဒမီကျောင်းတွင် ဒီဇင်ဘာ ၈ ရက် က ခရစ်ယာန်ဓမ္မဆရာ ဦးအောင်ထွန်းဦးက ” အသက်ရှင်တော်မူသော အစိန္တေယျ၊ အပ္ပမေယျ၊ နိစ္စအမြဲရှိတော်မူသောမြတ်စွာ ဘုရား၊ ကျွန်တော်၊ ကျွန်မတို့၏ အပြစ်အတွက် ယေရှုခရစ်တော်ဘုရားသည် လက်ဝါးကပ်တိုင်မှာ အကျွန်ုပ်တို့အတွက် ကိုယ်စားအသတ်ခံခဲ့၊ ကိုယ်စားအသေခံခဲ့၊ အသက်စွန့်ခဲ့ပြီး အသက်စွန့်သွားသည့်အတွက် ကျေးဇူးတင်ပါ၏။ ယေရှုခရစ်တော်ဘုရားအား ကယ်တင်ရှင်ဘုရားသခင်ဖြစ်ကြောင်း လက်ခံပါ၏”ဟု စသဖြင့် ကိုရင်လေးများ၊ သီလရှင်များနှင့် ကျောင်းသူကျောင်းသားများ၊ ကျောင်းဆရာမများကို ရွတ်ဆိုစေခဲ့ခြင်းဖြစ်သည်။

မင်းကွန်းပုထိုးတော်ကြီး ပညာရေးအကယ်ဒမီကျောင်းတွင် ပြည်လုပ်ခဲ့မှုများနှင့်ပတ်သက်၍ ဒီဇင်ဘာ ၁၄ ရက်က မန္တလေးခရစ်ယာန်အသင်းတော်များ မိတ်သဟာအဖွဲ့ရုံးတွင် ဦးအောင်ထွန်းဦးက”ကျွန်တော်က ဘုန်းဘုန်းဦးဥက္ကဋ္ဌကို သေသေချာချာ ကောင်းကောင်းမွန်မွန်နဲ့လုပ်ရတဲ့ ရည်ရွယ်ချက်လေးကို ရှင်းပြပြီးတော့ အဲဒီမှာသွားပြီးတော့မှ ကလေးတွေအတွက် အစာအာဟာရအားဖြင့်သော်လည်းကောင်း၊ လက်ဆောင်ပစ္စည်း တွေ ပေးခြင်းဖြင့်သော်လည်းကောင်း ကလေးတွေပျော်ပွဲရွှင်ပွဲအဖြစ် လုပ်ဆောင်တာတကြောင်း၊ ခရစ္စမတ်ဆိုတဲ့ အဓိပ္ပာယ်နဲ့ ခရစ္စမတ်ဖြစ်ပေါ်လာပုံကို ဗဟုသုတအဖြစ် ရှင်းလင်းပြီးတော့မှ လုပ်ဆောင်တာ ဖြစ်ပါတယ်၊ ရည်ရွယ်ချက်ရှိရှိ လုပ်ဆောင်တာမဟုတ်တဲ့အတွက်ကြောင့် ဆရာတော်ကြီးဦးပါမောက္ခနဲ့ ကျောင်းထိုင်ဆရာတော်ကြီးဦးဥက္ကဋ္ဌကို မေတ္တာရပ်ခံတောင်းပန်ပါတယ်”ဟု ရှင်းလင်းရာတွင် ထည့်သွင်း ပြောကြားခဲ့သည်။

TCM

Credit : http://newswatch-mm.com

Loading...

Facebook Comments