ပတ်သက်ဖူးသွားရင် တစ်သက်လုံး သင့်ရင်ထဲကို တသသကျန်ရစ်နေစေမယ့် ဗြိစ္ဆာရာသီဖွားများ

ဗေဒင်သုတေသနပညာရှင်တွေရဲ့ အဆိုအရ ရာသီခွင်အားလုံးထဲမှာ ထူးခြားတဲ့ရာသီခွင်တစ်ခုရှိပါတယ်။ အဲဒါကတော့ Scorpio လို့ခေါ်တဲ့ ဗြိစ္ဆာရာသီဖွားတွေပဲဖြစ်ပါတယ်။ ဒီရာသီဖွားတွေဟာ ပတ်သက်မိသွားရင် အရမ်းအန္တရာယ်ကြီးပါတယ်။ အကြောင်းကတော့ ဘယ်တော့မှမေ့လို့ရတော့မှာ မဟုတ်လို့ပါ။ အထူးသဖြင့် ဒီရာသီဖွား မိန်းကလေးတွေပေါ့။

(၁) မီးဓာတ်ကို ပိုင်ဆိုင်ထားတယ်

ဒီရာသီဖွားတွေဟာ တခြားရာသီဖွားတွေထက် ဆွဲဆောင်မှု ပိုရှိပါတယ်။ ရုတ်ရက်ကြည့်လိုက်ရင် အရမ်းအချောကြီးလို့ မထင်ရပေမယ့် ကြည့်လေလေ ဆွဲဆောင်မှုရှိလေလေဖြစ်ပြီး တစ်ခါ ချစ်မိသွားရင် ပိုပိုပြီးရူးသွပ်လာဖို့ပဲ ရှိပါတော့တယ်။

(၂) သူတစ်ပါးအမြင်ကို ဂရုမစိုက်တတ်ဘူး

ဒီရာသီဖွားတွေဟာ စိတ်ဓာတ်ကြံ့ခိုင်ပြီး လွတ်လပ်တဲ့သူတွေဖြစ်ပါတယ်။ သူတို့ရဲ့ ကိုယ်ပိုင်စတိုင်၊ ကိုယ်ပိုင်နည်းလမ်းတွေနဲ့ ဘဝကိုဖြတ်သန်းမယ့်သူတွေဖြစ်ပါတယ်။ သူတစ်ပါးနဲ့ အမြဲတမ်းကွဲထွက်နေတဲ့သူတို့ရဲ့ ပုံစံကိုက သူတို့ကို ပိုပြီးဆွဲဆောင်မှု ပိုရှိစေတာဖြစ်ပါတယ်။

(၃) လျှို့ဝှက်ချက်ကို ထိန်းပေးနိုင်တယ်

ဒီရာသီဖွားတွေဟာ သစ္စာတရားကြီးမားတဲ့သူတွေဖြစ်ပြီး အမြဲတမ်းယုံကြည်ရတဲ့သူတွေဖြစ်ပါတယ်။ ဒါတင်မကသေးပါဘူး။ နှုတ်လုံပြီး စည်းစောင့်နိုင်တဲ့သူတွေဖြစ်တာကြောင့် သူတို့ကို အမြဲတမ်းရင်ဖွင့်လို့ရပါတယ်။ ဒီအချက်ကြောင့်ပဲ သူတို့ဟာ သူတစ်ပါးရဲ့ နှစ်သိမ့်ရာ၊ အားကိုးရာဖြစ်လာကြပြီး သူတို့အပေါ်ကို နက်နက်ရှိုင်းရှိုင်း ချစ်မိသွားတတ်ပါတယ်။

(၄) စိတ်ဝင်စားစရာကောင်းတယ်

ဒီရာသီဖွားတွေဟာ လျှို့ဝှက်ပြီး သိုသိုသိပ်သိပ်နေတတ်တဲ့သူတွေ ဖြစ်တာကြောင့် အမြဲလိုလို စိတ်ဝင်စားစရာကောင်းနေတဲ့ သူတွေဖြစ်ပါတယ်။ သူတို့ဘဝမှာ ထင်မှတ်မထားတဲ့ ပုစ္ဆာတွေ၊ မေးခွန်းတွေ အများကြီးရှိနေတာကြောင့် သူတို့ကို ချစ်ရတာ ဘယ်တော့မှ ရိုးသွားတယ်လို့ကို မရှိပါဘူး။

(၅) အရမ်းလှကြတယ်

ဒီရာသီဖွားတွေမှာ သူများနဲ့မတူတဲ့ ဆွဲဆောင်မှုတစ်ခုခု ရှိနေတတ်ပါတယ်။ အဲ့ဒီ့ဆွဲဆောင်မှုကပဲ တစ်ဖက်သားကို သံလိုက်လိုပဲ ဆွဲဆောင်နိုင်ကြပါတယ်။ သူတို့ကို တစ်ခါချစ်မိသွားရင် တစ်သက်လုံး မေ့နိုင်တော့မှာမဟုတ်ပါဘူး။

Credit: Em Em

Loading...

Facebook Comments