အသက်မပြည့်သေးတဲ့မိန်းကလေးတစ်ဦးကို သုံးနေရာမှာ အကြိမ်ကြိမ်အဓမ္မမပြုကျင့်ခဲ့တဲ့တရားခံ ထွက်ပြေးလွတ်မြောက်နေ

အသက်မပြည့်သေးတဲ့မိန်းကလေးတစ်ဦးကို သုံးနေရာမှာ အကြိမ်ကြိမ်အဓမ္မမပြုကျင့်ခဲ့တဲ့တရားခံ ထွက်ပြေးလွတ်မြောက်နေ
ပဲခူး၊ဒီဇင်ဘာ ၂၁

ပဲခူးတိုင်းဒေသကြီး၊အင်းတကော်မြို့နယ်၊ကမ်းနီကျေးရွာမှာ၊အသက်(၁၃)နှစ်အရွယ်မိန်းမိန်းကလေးတစ်ဦးကို ပြီးခဲ့တဲ့စက်တင်ဘာလကတစ်အရွာထဲနေအသက်(၆၃)နှစ်အရွယ်ရှိအမျိုးသားကြီးတစ်ဦးကအသက်အန္တရာယ်ကိုခြိမ်းခြောက်ပြီး နေအိမ်ပေါ်မှာနှစ်ကြိမ်၊နာနတ်ခြံထဲမှာတစ်ကြိမ်၊အဓမ္မ(၃)ကြိမ်ပြုကျင့်ခဲ့ပြီးနောက်ဒီနေ့အထိအဖမ်းမခံဘဲထွက်ပြေးတိမ်းရှောင်နေတယ်လို့သိရပါတယ်။

ဖြစ်စဉ်မှာဒီဇင်ဘာလ၁ရက်နေ့ကပဲခူးတိုင်းဒေသကြီး၊အင်းတကော်နယ်မြေရဲစခန်းအပိုင်၊ကမ်းနီကျေးရွာနေဒေါ်သန်းဦး(ဈေးရောင်း)ကသမီးဖြစ်သူမ……….မှာနေမကောင်းဘဲအစားအသောက်ပျက်နေတဲ့အတွက်မေးမြန်းရာ ဓမ္မတာမလာတာ(၂)လရှိနေပြီလို့သိရတဲ့ အတွက်၊အကြောင်းရင်းကိုမေးမြန်းရာ လွန်ခဲ့တဲ့(၃)လက မနက်၉နာရီအချိန်လောက်မှာ နေအိမ်မှာမိဘတွေမရှိခိုက် အိမ်ခေါင်ရင်းတစ်ခြံကျော်နေဦးထွေးကနေအိမ်တွင်းဝင်ရောက်လာပြီးသမီးကိုအလိုမတူဘဲသားမယားအဖြစ်တစ်ကြိမ်အဓမ္မပြုကျင့်ခဲ့ပြီး၊အဲ့ဒီနောက်ဦးထွေးကဘယ်သူ့ကိုမှပြန်မပြောဖို့နဲ့ပြန်ပြောရင်သတ်ပစ်မယ်လို့ခြိမ်းခြောက်ခဲ့ပြီးနောက်နှစ်ရက်အကြာမနက်၁၀နာရီအချိန်လောက်ကအိမ်နီးချင်းဒေါ်အေးသန္တာကတောင်ယာထဲရှိဒေါ်တင်အေးဆီထမင်းချိုင့်သွားပို့ခိုင်းခဲ့ရာ ဦးထွေးမှာ သမီးနောက်ကလိုက်လာပြီး ဦးကျော်မြင့်ရဲ့နာနတ်ခြံထဲဆွဲခေါ်သွားကာ အတင်းတွန်းလှဲပြီး တစ်ကြိမ်အဓမ္မပြုကျင့်ခဲ့ပါတယ်အဲဒီနောက်၃ရက်အကြာ၊ည၈နာရီအချိန်လောက်က အဲဒီ ဦးထွေးရဲ့အိမ်မှာတီဗွီသွားကြည့်စဉ် ဦးထွေးက သမီးကို အိမ်နောက်ဖေးမီးဖိုချောင်ခန်းထဲအတင်းဆွဲခေါ်သွားပြီး အလိုမတူဘဲသားမယားအဖြစ်တစ်ကြိမ်ပြုကျင့်ခဲ့တယ်လို့သမီးဖြစ်သူ မ…….ကပြန်လည်ပြောတဲ့အတွက်အသက်(၁၃)နှစ်သာရှိသေးတဲ့သမီးဖြစ်သူကိုအလိုမတူဘဲသားမယားအဖြစ်အကြိမ်ကြိမ်ပြုကျင့်ခဲ့တဲ့ဦးထွေးကို ဥပဒေအရအရေးယူပေးဖို့ ဒီဇင်ဘာလ(၁၂)ရက်နေ့က အင်းတကော်ရဲစခန်းမှာ သွားရောက်အမှုဖွင့်ခဲ့တာပါ။

အဲဒီအမှုနဲ့ပတ်သက်ပြီး ကမ်းနီကျေးရွာနေ၊ကျဘမ်းလုပ်ကိုင်သူ ဦးထွေး၊အသက်(၆၃)နှစ်၊(ဘ)ဦးချစ်တီးကို(ပ)၂၀၂/၂၀၁၈၊ရာဇသတ်ကြီးဥပဒေပုဒ်မ၃၇၆နဲ့အမှုဖွင့်လှစ်ခဲ့ပြီးတရားခံကိုအမြန်ဆုံးဖမ်းဆီးရမိရေးဆောင်ရွက်နေတယ်လို့အင်းတကော် ရဲစခန်းမှုးရဲအုပ်စိုးမင်းက Channel B ကိုပြောပါတယ်။

မစန်းစန်းတင့်၊အသက်(၁၃)နှစ်ဟာလက်ရှိကိုယ်ဝန်(၂)လဆောင်ထားရပြီးပဲခူးတိုင်းဒေသကြီး၊ကဝမြို့နယ်၊ကင်းပိုင်ကျုံကျေးရွာရှိဆွေမျိုးသားချင်းတစ်ဦးရဲ့ယာယီထိန်းသိမ်းစောင့်ရှောက်အောက်မှာနေထိုင်နေရပါတယ်။သူမရဲ့ရှေ့အနာဂတ်အတွက်လူမှုအကူအညီတစ်ခုခုရရှိဖို့လိုအပ်နေတယ်လို့ သူမရဲ့ဂျီးဒေါ်ဖြစ်သူက Channel B နဲ့တွေ့ဆုံစဉ်မှာပြောပါတယ်။

သတင်း/ဓာတ်ပုံ၊ဧရာ(ပဲခူး)

Credit : Channel B Media Group

Loading...

Facebook Comments