(၁၇)နှစ်သားတစ်ဦးအသတ်ခံရမှုအတွက် ရဲအရာရှိနှစ်ဦးနဲ့ အရပ်သားတစ်ဦး သေဒဏ်ကျပြီး ရဲမှူးကြီးနဲ့ အရပ်သားနှစ်ဦး တစ်သက်တစ်ကျွန်းချမှတ်ခံရ

ထရမ် ၊ ဒီဇင်ဘာ – ၂၀
၂၀၁၇ခုနှစ်၊စက်တင်ဘာလအတွင်းထိုင်းနိုင်ငံ၊ဆောင်ခလာပြည်နယ်မှာ (၁၇)နှစ်သား တစ်ဦး အသတ်ခံရပြီး ထရမ်ပြည်နယ်မှာ အလောင်းစွန့်ပစ်ခဲ့မှုနဲ့ပတ်သက်ကာ တရားခံတွေဖြစ် ကြတဲ့ ရဲအရာရှိနှစ်ဦးနဲ့ အမျိုးသားတစ်ဦးတို့ကို သေဒဏ်ကျခံစေဖို့ စီရင်ချက်ချမှတ်လိုက်ကြောင်း သိရပါ တယ်။ ဗုဒ္ဓဟူးနေ့မှာ ထရမ်ပြည်နယ်တရားရုံးကနေ ဆောင်ခလာပြည်နယ် ရဲတပ်ကြပ်ကြီးအန်နက်ဂျန်ကောင်(၄၈)နှစ်၊ထရမ်ပြည်နယ်ရဲတပ်ကြပ်ကြီး ချိတ်တာဝပ်(၄၈)နှစ်နဲ့ ဆက်နာရင်အွန်ချွေ(၃၀) နှစ်တို့ကို သေဒဏ်အသီးသီးချမှတ်ခဲ့တာ ဖြစ်ပါတယ်။

အခြားတရားခံတွေဖြစ်ကြတဲ့ရဲမှူးကြီးရက်ထရာဝီးချိုင်းချန်နာ(၄၈)နှစ်၊ညီဖြစ်သူဝီ၀က်ချိုင်းချန်နာ(၄၅)နှစ်နဲ့ဝီချန်နူဆီကောင်(၅၃)နှစ်တို့ကိုတော့ တစ်သက်တစ်ကျွန်းထောင်ဒဏ်ကျခံစေခဲ့တယ် လို့ သိရပါတယ်။ တရားခံအားလုံးဟာ ဆောင်ခလာပြည်နယ်က နာရန်နရစ်ဆူဝမ်နို(၁၇)နှစ်ကိုသတ်ခဲ့မှု၊အလောင်းဖျောက်ဖျက်ခဲ့မှုတွေနဲ့ ပြစ်မှုထင်ရှားခဲ့ကြတာပါ။ ဆယ်ကျော်သက်ကောင်လေးဟာ ၀ီချန် ရဲ့သမီး၊ သူ့ရည်းစားရှိရာအခန်းဆီ ခိုးတက်သွားခဲ့ပြီး မိသွားခဲ့တဲ့အခါ ကြိုးတုပ်ကာ နှိပ်စက်ညှင်းပမ်းမှု တွေ ပြုလုပ်ခဲ့ကြပြီးမှ ဦးခေါင်းကို သေနတ်နဲ့ပစ်သတ်ခဲ့ကြတာ ဖြစ်ပါတယ်။

တရားခံခြောက်ဦးဟာ အ လောင်းကို ထရမ်ပြည်နယ်၊ မူအန်ခရိုင်ထဲကို ၂၀၁၇ခုနှစ်၊ စက်တင်ဘာလ(၂၆)ရက်မှာ သယ်ဆောင် သွားခဲ့ကြပြီး တူးမြောင်းတံတားတစ်ခုပေါ်ကနေ ရေထဲပစ်ချခဲ့ကြတယ်လို့ ရဲတပ်ဖွဲ့က အတည်ပြုခဲ့ပါ တယ်။

တရားခံတွေကို ပြီးခဲ့တဲ့အောက်တိုဘာလ(၁၁)ရက်က စတင်ကာ ဖမ်းဆီးထားခဲ့ပြီး အာမခံနဲ့ လွတ်မြောက်ဖို့ ကြံစည်ခဲ့ကြပေမယ့် ကျူးလွန်ခဲ့တဲ့ပြစ်မှုက ပြင်းထန်လှတာကြောင့် တရားရုံးက ငြင်း ဆိုခဲ့တယ်လို့ သိရပါတယ်။

Credit : Channel B Media Group

Loading...

Facebook Comments