ကစ်ကစ်အတွက် ရာသက်ပန်အလှူရှင်(၆)ရက်အတွင်း (၁၁)ဦးထွက်ပေါ်

ပရိသတ်တွေကို အမြဲတမ်းပျော်ရွှင်အောင် ဖန်တီးပေးခဲ့တဲ့ ဟာသသရုပ်ဆောင် ကစ်ကစ်ဟာ ပရိသတ်တွေချစ်ကြတဲ့ အနုပညာရှင်တစ်ဦးပါပဲ။ ကစ်ကစ်ဟာ သူမချစ်တဲ့ အနုပညာလုပ်ငန်းကို သူမဘဝရဲ့ အချိန်တော်တော်များများမှာ လုပ်ကိုင်ခဲ့တာပဲဖြစ်ပါတယ်။ ကစ်ကစ်ဟာ ဟာသသရုပ်ဆောင်သာမကပဲ ဇာတ်လမ်းတော်တော်များများမှာ အရေးပါတဲ့ ဇာတ်ပို့သရုပ်ဆောင်အဖြစ်လဲ အကောင်းဆုံးသရုပ်ဆောင်နိုင်ခဲ့တာဖြစ်ပါတယ်။

ကစ်ကစ်ဟာ လွန်ခဲ့တဲ့နှစ်အနည်းငယ်အတွင်းမှာပဲ ကျောက်ကပ်ဝေဒနာ၊ ဆီးချိုသွေးချိုနဲ့ ထွေရာလေးပါး ရောဂါဝေဒနာတွေကြောင့် မကြာခဏ ဆေးရုံတက်နေရတာပဲဖြစ်ပါတယ်။ သူမရဲ့ ရောဂါဟာ သက်သာလိုက် ပြန်ဖြစ်လိုက်နဲ့မို့လို့ ကစ်ကစ်ဟာယ ခက်ခဲတဲ့ အချိန်တစ်ခုကို ဖြတ်သန်းနေရတာဖြစ်ပါတယ်။ ကစ်ကစ်ဟာ အသက်အန္တရာယ်စိုးရိမ်ရတဲ့အထိဖြစ်ခဲ့ရပြီး အခုချိန်မှာ အသက်ဘေးက လွတ်သွားပြီဆိုပေမယ့် ခက်ခဲတဲ့ အခြေအနေတစ်ခုကို ရင်ဆိုင်နေရပါသေးတယ်။

ကစ်ကစ်ဟာ သူမတစ်ယောက်တည်း ဒုက္ခတွေခံစားနေရတာဖြစ်ပြီး ကစ်ကစ်ရဲ့ တစ်ဦးတည်းသောသမီးလေးကလဲ နှလုံးရောဂါသည် ၁၀ တန်းအရွယ် ကျောင်းသူလေးမို့ သားအမိနှစ်ယောက်တည်း တော်တော်ကြီး ခက်ခဲနေရပါတယ်။ တစ်ခါတစ်လေမှာ ဆေးကုဖို့မပြောနဲ့ ထမင်းတောင် မစားနိုင်တဲ့ ဘဝမို့ ရေသောက်ပြီး နေခဲ့ရတဲ့ အချိန်တွေလဲ ရှိခဲ့ပါတယ်။

အခုဆိုရင် ကစ်ကစ်အတွက် စေတနာရှင်မလေး သရုပ်ဆောင် ခင်သဇင်က ဦးဆောင်ပြီး အလှူငွေတွေကို ကောက်ခံပေးခဲ့ရာ (၆)ရက်အတွင်းမှာပဲ တစ်သက်တာအလှူရှင် (၁၁)ဦး ပေါ်ပေါက်လာပြီပဲဖြစ်ပါတယ်။ ထိုတစ်သက်တာ အလှူရှင် (၁၁)ဦးဟာ ကစ်ကစ်အတွက် တစ်လကို ၁သိန်းကျပ်နှုန်းနဲ့ ကစ်ကစ်အသက်ရှင်နေသမျှကာလပတ်လုံး ထောက်ပံ့ပေးသွားမှာဖြစ်ပါတယ်။ ကစ်ကစ်ရဲ့ ကျန်းမာရေးအခြေနေအရလဲ ကျောက်ကပ်ကို တစ်ပတ်(၂) ကြိမ် ဆေးနေရတာဖြစ်ပြီး ကျန်းမာရေးစစ်ဆေးမှုများစွာကို ပြုလုပ်နေရသူဖြစ်တာကြောင့် အခုလို လှူဒါန်းပေးကြတာ တော်တော်လေးအဆင်ပြေသွားကြမှာပါပဲ။

ပရိသတ်ကြီးကို အမြဲပျော်ရွှင်အောင်လုပ်ပေးခဲ့တဲ့ ကစ်ကစ်အတွက် တူသောအကျိုး ရောင်ပြန်ဟပ်တာကို တွေ့ရတာ အရမ်းကို ဝမ်းသာပီတိဖြစ်ရပါတယ်။ ပါဝင်လှူဒါန်းပေးကြတဲ့ အလှူရှင်တွေလဲ ဒီထက်မက လှူနိုင်တန်းနိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။ ပရိသတ်တွေကို အမြဲပျော်ရွှင်အောင် လုပ်ပေးခဲ့တဲ့ ကစ်ကစ်လဲ အမြန်ဆုံးပြန်လည်ကျန်းမာလာပြီး အနုပညာလုပ်ငန်းတွေကို ဆက်လက်လုပ်ကိုင်နိုင်ပါစေနော်။ အချိန်ပေးပြီး ဖတ်ရှုပေးကြပါသော ချစ်ပရိသတ်များအပေါင်းကို မိုမိုလေးမှ ကျေးဇူးအထူးတင်ရှိပါတယ်။

Credit : momolay

Loading...

Facebook Comments