Facebook ကတဆင့်သိကျွမ်းသည့် မိန်းကလေးကဖျားယောင်းပြီး ပစ္စည်းလုလူသတ်မှုဖြစ်ပွား

ဒီဇင်ဘာ ၁၇ ရက်နေ့ ညနေပိုင်းက ချစ်စနိုးဦး(ခ) အိန္ဒြာမိုးနွယ် အသက် (၂၀) က Facebook ကနေ ခင်မင်ရင်းနှီးခဲ့သူ မောင်လေးကြည်ကိုမျောက်တောင်ပေါ်မှာတွေ့ဖို့ ချိန်းဆိုခဲ့တာဖြစ်ပြီးတော့ ရောက်လာတဲ့အခါ သူ့ဆီမှာပါလာတဲ့ပစ္စည်းတွေကိုလုဖို့အတွက် သန်းထိုက်ဦး၊ စောအောင်သူရိန်၊ ဝင်းမြင့်၊ ချစ်စနိုးဦးတို့က တိုင်ပင်ပြီးတော့ ဆိုင်ကယ်နဲ့ သွားခဲ့တယ်လို့ ပြောပါတယ်။

မောင်လေးကြည်မှာ တောင်ပေါ်မှာရောက်နေတာကြောင့် ၄ ယောက်လုံးတောင်ပေါ်ကိုတက်သွားခဲ့ပြီးတော့ သန်းထိုက်ဦးကနေ မောင်လေးကြည်ကို နောက်ကျောကနေသိုင်းဖက်ပြီးတော့ ပါလာတဲ့ဓားမြှောင်နဲ့ထိုးပြီးတော့ ပန်းသီးဆိုသူကလည်း ကျောက်ခဲနဲ့ ထုခဲ့ကြောင်း၊သေဆုံးသူထံကနေ ပါလာတဲ့ Samsung J2 ဖုန်းကိုယူပြီးတော့ အလောင်းကို တောင်ပေါ်ကနေတွန်းချခဲ့တယ်လို့ ထွက်ဆိုခဲ့တာဖြစ်ပါတယ်။

သေဆုံးသူရဲ့ အလောင်းကိုတော့ ဒီဇင်ဘာ ၁၇ ရက်နေ့ ညနေပိုင်းမှာ မျောက်တောင်ကမ်းပါးမှာ တွေ့ပြီးစစ်ဆေးရာမှာ အမှတ် (၄)ရပ်ကွက်မှာနေတဲ့ အသက် ၂၂ နှစ်အရွယ်မောင်လေးကြည်ဖြစ်ပြီးတော့ ဦးခေါင်းယာဘက်ပြတ်ရှဒဏ်ရာ(၄)ချက်၊ ဦးခေါင်းဝဲဘက်ထိုးသွင်းဒဏ်ရာ (၁)ချက်၊ ယာဘက်ပုခုံးထိုးသွင်းဒဏ်ရာ(၁)ချက်၊ယာဘက်ချိုင်းအောက်ထိုးသွင်းဒဏ်ရာ (၂)ချက်၊ ကျောပြင်မှာ ထိုးသွင်းဒဏ်ရာ (၁၄)ချက်တို့နဲ့ သေဆုံးနေတာဖြစ်ပြီး ရက်စက်စွာ အသတ်ခံခဲ့ရတာဖြစ်ပါတယ်။

အမှုမှာ သတ်ဖြတ်ခဲ့တဲ့သူတွေက အသက် ၁၇ နှစ်ကနေ အသက် ၂၅နှစ်အရွယ်လူငယ်တွေဖြစ်ပြီးတော့ လူသတ်မှုကျူးလွန်သူတွေကိုတော့ (ပ)၆၅/၂၀၁၈၊ရာဇသတ်ကြီးပုဒ်မ ၃၀၂ တို့နဲ့ အမှုဖွင့်အရေးယူထားတယ်လို့ သိရပါတယ်။

Loading...

Facebook Comments