ယာဉ်တိုက်မှုဖြစ်၍ လူရွှင်တော်၂ယောက်ပွဲချင်းပြီးသေဆုံ

ပခုက္ကူ လူရွှင်တော်ကြယ်ပွင့်လေးများ လူရွှင်တော် လမင်း နှင့် အိုင်စီ ယာဉ်တိုက်မှုဖြစ်၍ပွဲချင်းပြီးသေဆုံး

19.12.2018

ပခုက္ကူသဘင်လူကူအဖွဲ့ကလူရွှင်တော်ဘိသိတ်ဆရာကိုဇေနီနဲ့ အဖွဲ့မှ မြင်းခြံမြို့နယ်ဂျူတ်ပင်ရွာနားမှာဆိုင်ကယ်စီးလာတဲ့လူရွှင်တော်၂ဦးနဲ့အောင်ပန်းကကားတစ်စီးတိုက်မိလို့ လူရွှင်တော်၂ယောက်ပွဲချင်းပြီးသေဆုံးသွား၍ ဇာတ်အဖွဲ့သားများမှ အခင်းဖြစ်မြို့နယ်မြင်းခြံရဲစခန်းသွားချင်ကြောင်း DBတွေသယ်ဖို့လဲကူညီပေးပါဆိုပြီး ပခုက္ကူ ကယ်ရီမောင် ပရဟိတအဖွဲ့ထံ အကူအညီ တောင်းခံလာသဖြင့် လိုက်ပါပို့ဆောင်ပြီးအကူညီပေးခဲ့ ကြောင်း သိရပါသည်။သတင်းဓါတ်ပုံ – သတိုးအောင်ပခုက္ကူ ကယ်ရီမောင်ပရဟိတအဖွဲ့

နောက်ထပ်ယာဉ်‌တိမ်း‌မှောက်မှုသတင်း ။ /၁၈.၁၂.၂၀၁၈ရက်ည၁၁နာရီခန့်‌ကမင်းကင်းမြို့နယ်တောင်တွင်းမြို့မအတက်မော်လိုက်မှ ခရီးသည်တင်ကားအသင်းမှယာဉ်မောင်း ‌မောင်‌ဇင်နိုင်လင်း ‌ခေါ် မင်းမင်းသွေး ဘ ဦးဇင်မင်း မုံရွာမြို့နယ် ‌မောင်းနှင်‌‌သောကားတစီ မင်းကင်းသို့အသွားပေ ၁၅၀ ‌ကျော်ချောက်ထဲထိုးကျ ခဲ့ပါသည်‌။

အဆိုပါယဉ်‌‌ပေါ်တွင်‌အမျိုးသမီး၃ဦးကျား၇ဦးခလေးတဦး လိုက်‌ပါလာခဲ့ကြပါသည်‌။သတင်းကြားသိသည်‌နှင့်‌ မြိုနယ်အုပ်ချုပ်ရေးမှူးရဲမြို့နယ်မှူးနှင့်တကွမင်းကင်းမြို့မီးသတ်တပ်ဖွဲ့တောင်တွင်းမြို့မမီးသတ်တပ်ဖွဲ့လှုမှုကူညီရေးအသင်းအဖြူရောင်မိုးစက်ပရဟိတအသင်းအမေ့သွေးစက်သွေးလှူရှင်အသင်းအဖွဲ့နှင့်ညတွင်းချင်းသွား‌ရောက်‌ကူညီခဲ့ကာ မင်းကင်းဆေးရုံပို့ဆောင်ခဲ့ပြီးယာဉ်‌‌ပေါ်ပါခရီးသည်‌ကျားနှစ်ယောက်သေဆုံးရ‌ကြောင်းသိရပါသည်‌။

အဆိုပါအက်‌ဆီးဒန့်‌ဖြစ်‌‌သောယာဉ်‌မှာ ‌မော်လိုက်မြို့ ‌ရွှေ‌ကောင်းကင်ကားအသင်း မှဟုသိရှိရပါသည်‌။မင်းကင်းမြို့နယ်တောင်တွင်းမြိုမနတ်စင်ကွေ့အနီးတောင်တက်လမ်း တွင်မော်လိုက်ဖက်မှခရီးသည်ဆယ်ဦး တင်ဆောင်လာသောရွှေ​ကောင်းကင်ကားအသင်းမှ 6G 7879 ကားတစီးသည်ပေ ၁၅၀ ကျော်နက်သောချောက်ထဲထိုးကျရာ

ယာဉ်မောင်းဇင်နိုင်လင်းခေါ် မင်းမင်းသွေး ဘ ဦးဇင်မင်း မုံရွာမြို့နယ် အလုံရပ်ကွက် အသက်၂၅နှစ် ။ဒေါ်စန်းစန်းမြင့် အသက်၂၀နှစ် အဘဦးဘမောင်မော်လိုက်မြို့တောင်းအင်ရွာ ။ ​ကောင်းသန့်ဇော်အသက်၂၂ခမရ၃၆၆ခြေမြန်တပ်ရင်းမော်လိုက်အဘဦးသိန်းဆောင် ။ မတင်သန်းငွေအသက်၃၉နှစ်အဘဦးသန်းကလေးဝအမှတ်၁ရပ်ကွက် ။ ​မောင်စိုင်းမြတ်အောင်ဦအသက်၃နှစ်အဘဦးးယဉ်ထန်ကီးမော်လိုက်မြို့
ဒေါ်အောင်မိထူးအသက်၂၉နှစ်အဘဦးပေါ်ခရမ်မော်လိုက်မြို့ ။ ကိုဇော်လင်းအောင်အဘဦးအောင်ကြည်အသက်၃၂နှစ်ချောက်မြို့

ကျား၅ဦးမ၃ဦးဒဏ်ရာရှိပြီး နှစ်ဦးသေဆုံးရာတွင်​တဦးမှာ ကိုခေါင်းကြီး @ သန့်​စင်​ဝင်း ရဲတပ်ဖွဲ့ မှ ဟုစုံစမ်းသိရှိရ။တစ်​ဦးမှာတပ်မှဖြစ်ပြီးစုံစမ်းဆဲဖြစ်​ပါသည်​မင်းကင်းမြို့နယ်တောင်ယာကျေးရွာစေတနာရှင်ပရဟိတအသင်းမှလူနာတဦးလျင်၁၀၀၀၀ကျပ်ထောက်ပံ့လှူဒါန်းသွားပါသည်။ရရှိ‌သောသတင်းအချက်‌အလက်‌များအားစုစည်းတင်‌ပြ‌ပေးပါသည်‌။

Loading...

Facebook Comments