ကစ်ကစ်အတွက် ထာဝရအလှူရှင်နှစ်ဦး ပေါ်ထွက်လာပါပြီ

ပရိသတ်တွေကို အမြဲပျော်ရွှင်အောင် ဟာဒယရွှင်ဆေးတိုက်ကျွေးခဲ့တဲ့ ဟာသသရုပ်ဆောင် ကစ်ကစ်ဟာ ဇာတ်ပို့ သရုပ်ဆောင်ကောင်းတစ်ယောက်ဖြစ်ပါတယ်။ ဇာတ်လမ်းတော်တော်များများမှာ အဓိကသရုပ်ဆောင်အနေနဲ့ သရုပ်ဆောင်ခဲ့တာဖြစ်ပြီး ပရိသတ်တွေကလဲ ချစ်ခင်အားပေးကြတာပဲဖြစ်ပါတယ်။ ပရိသတ်တွေကလဲ ကစ်ကစ်ကို ချစ်ခင်အားပေးကြသလို ကစ်ကစ်ကလဲ ပရိသတ်တွေအတွက် အနုပညာအတွက် အမြဲတမ်းပေးဆပ်နေသူတစ်ဦးဖြစ်ပါတယ်။

ကစ်ကစ်ဟာ အခုဆိုရင် ကျောက်ကပ်ဝေဒနာ၊ ဆီးချိုသွေးချိုနဲ့ ထွေရာလေးပါး ရောဂါဝေဒနာတွေကြောင့် အနုပညာအလုပ်ကို ဆက်လက်လုပ်ကိုင်နိုင်မှုမရှိတော့ဘဲ အနားယူနေရပါတယ်။ ကစ်ကစ်ဟာ သူမရဲ့ အသက်အန္တရာယ်စိုးရိမ်ရတဲ့အထိဖြစ်ခဲ့ရပြီး အခုချိန်မှာ အသက်ဘေးက လွတ်သွားပြီဆိုပေမယ့် ခက်ခဲတဲ့ အခြေအနေတစ်ခုကို ရင်ဆိုင်နေရပါသေးတယ်။

ကစ်ကစ်ဟာ ကျန်းမာရေးမကောင်းတဲ့အတွက် အနုပညာလုပ်ငန်းတွေကို မလုပ်ကိုင်နိုင်တော့တာကြောင့် ဝင်ငွေမရှိ ခက်ခဲနေရသူတစ်ဦးဖြစ်ပါတယ်။ ကစ်ကစ်ဟာ အခုလက်ရှိမှာ ၁၀ တန်းအရွယ် သမီးလေးနဲ့ ခက်ခဲစွာ ရပ်တည်နေရသူတစ်ဦးပဲဖြစ်ပါတယ်။

သူမရဲ့ ကျန်းမာရေးအခြေအနေအရလဲ ကျောက်ကပ်ကို တစ်ပတ်(၂) ကြိမ် ဆေးနေရတာဖြစ်ပြီး ကျန်းမာရေးစစ်ဆေးမှုများစွာကို ပြုလုပ်နေရသူဖြစ်ပါတယ်။ ကစ်ကစ်အတွက် အနုပညာမောင်နှမတွေရော၊ ပရိသတ်တွေကပါ နှစ်သိမ့်အားပေးပြီး အလှူငွေတွေ မြောက်များစွာကိုလဲ ထည့်ဝင်လှူဒါန်းပေးကြပါတယ်။

အခုဆိုရင် ကစ်ကစ်အတွက် ဝမ်းသာစရာ သတင်းကောင်းလေးတွေ ပေါ်ထွက်လာပြီပဲဖြစ်ပါတယ်။ ကစ်ကစ်ကို တစ်လကို မြန်မာကျပ်ငွေ တစ်သိန်းနဲ့ တစ်သက်တာ ထောက်ပံ့ပေးမယ့် အလှူရှင်နှစ်ဦးပေါ်ပေါက်လာပါပြီ။ သရုပ်ဆောင် ကစ်ကစ်အတွက် သရုပ်ဆောင်နှင့်မော်ဒယ် ခင်သဇင်က ဦးစီးပြီး အလှူငွေတွေ ကောက်ခံပေးနေတာပဲဖြစ်ပါတယ်။ အလှူရှင်နှစ်ဦးကတော့ ခင်ကျော်ဇော်ဆိုတဲ့ စိတ်ထားမြင့်မြတ်သူလေးနဲ့ မန္တလေး Zwe Wathan Construction company မှ Managing Director ကိုသော်ဇင်လင်းတို့ပဲဖြစ်ပါတယ်။

ပရိသတ်ကြီးလဲ အလှူရှင်နှစ်ဦးရဲ့ မွန်မြတ်လှတဲ့ အလှူလေးကိုကြည့်ပြီး သာဓုခေါ်နိုင်ကြပါစေ။ ပရိသတ်တွေကို အမြဲပျော်ရွှင်အောင် လုပ်ပေးခဲ့တဲ့ ကစ်ကစ်လဲ အမြန်ဆုံးပြန်လည်ကျန်းမာလာပြီး အနုပညာလုပ်ငန်းတွေကို ဆက်လက်လုပ်ကိုင်နိုင်ပါစေလို့ ဆုတောင်းပေးလိုက်ကြပါဦးနော်။ အချိန်ပေးပြီး ဖတ်ရှုပေးကြပါသော ချစ်ပရိသတ်များအပေါင်းကို မိုမိုလေးမှ ကျေးဇူးအထူးတင်ရှိပါတယ်။

Credit : momolay

Loading...

Facebook Comments