မော်ဒယ် ခင်​ရူပနဲ့ စည်သူအောင်တို့ရဲ့မင်္ဂလာဦးဆွမ်းကျွေးမှ ပုံရိပ်များ

အမိုက်စား ခန္ဓာကိုယ်အချိုးအစားကို ပိုင်ဆိုင်ထားတဲ့ မော်ဒယ်မလေး ခင်ရူပကတော့ ဆွဲဆောင်မှုရှိတဲ့ မျက်နှာလေးကို ပိုင်ဆိုင်ထားတာကြောင့် ပရိသတ်တွေရဲ့သဘောကျနှစ်သက်ခြင်းကို ခံထားရသူလေးပဲ ဖြစ်ပါတယ်။ ခင်ရူပကတော့ ပြီးခဲ့တဲ့ နိုဝင်ဘာလ ၃၀ရက်နေ့က ချစ်ရသူနဲ့ လက်ထပ်လက်မှတ်ထိုးခဲ့တာဖြစ်ပြီး၊ ဒီနေ့လေးမှာတော့ မင်္ဂလာဦး ဆွမ်းကျွေးအလှူ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။ ခင်ရူပရဲ့ မင်္ဂလာဦးဆွမ်းကျွေးလေးကိုတော့ ချစ်ရခင်ရတဲ့ အနုပညာရှင်တွေလည်း တက်ရောက်ခဲ့ကြတာ တွေ့ရပါတယ်နော်။

မိုမိုလေးချစ်ပရိသတ်တွေအတွက် ကိုစည်သူအောင်နဲ့ မော်ဒယ် ခင်ရူပတို့ရဲ့ မင်္ဂလာဦး ဆွမ်းကျွေးအလှူမှ ပုံရိပ်လေးတွေကို ဖော်ပြပေးလိုက်ပါတယ်နော်။ခင်ရူပရဲ့အချစ်ဆုံးသူငယ်ချင်းတစ်ဦးဖြစ်တဲ့ ယွန်းမှီမှီကျော်ကလည်း သူငယ်ချင်းရဲ့ မင်္ဂလာဆွမ်းကျွေးပွဲမှ ပုံရိပ်တွေနဲ့အတူ ဂုဏ်ပြုစကားတွေလည်း ဆိုပေးခဲ့တာ တွေ့ရပါတယ်။

အရမ်းကို ချစ်စရာကောင်းတဲ့ မော်ဒယ်မလေး ခင်ရူပကတော့ သူမနဲ့ ၅နှစ်ကျော်ကြာ အတူရှိနေပေးခဲ့တဲ့ ချစ်သူနဲ့ ပြီးခဲ့တဲ့ နိုဝင်ဘာလ ၃၀ ရက်နေ့မှာ မင်္ဂလာလက်မှတ်ထိုးခဲ့ကြပြီး၊ ဒီနေ့ ဒီဇင်ဘာလ ၁၉ ရက်နေ့မှာတော့ မင်္ဂလာဦးဆွမ်းကျွေး အလှူလေး ပြုလုပ်ခဲ့ကြပါတယ်။ မိုမိုလေးချစ်ပရိသတ်တွေလည်း ချစ်ရသူနဲ့ ရွှေလက်တွဲသွားတဲ့ ခင်ရူပတစ်ယောက် နောင်လာမယ့် နှစ်ပေါင်းများစွာ ပျော်ရွှင်အေးချမ်းတဲ့ မိသားစုဘဝလေးကို ပိုင်ဆိုင်နိုင်ပါစေလို့ ဆုတောင်းပေးလိုက်ကြပါဦးနော်။

Credit : momolay

Loading...

Facebook Comments