ဖြိုးမြတ်အောင်နဲ့ စုံတွဲမသီဆိုနိုင်တဲ့အပေါ် အထင်လွဲမှုတွေကို ဖြေရှင်းလိုက်တဲ့ တင်ဇာမော်

ရွှေအက်ဖ်အမ်နှစ်ပတ် လည်ပွဲတွင် ဖြိုးမြတ်အောင်နှင့် စုံတွဲသီဆိုထားသည့် သီချင်းတွင် မပါဝင်သည့်အပေါ် ပရိသတ် အထင်လွဲနေသောကြောင့် စိတ်မ ကောင်းဖြစ်ရကြောင်း တင်ဇာ မော်က ပြောသည်။‘‘အစ်မလည်း ပရိသတ်ဘက်ကို နားလည်ပါတယ်။ အခု အစ်မ မြင်နေရတာက အစ်မဘက်က ပရိသတ်နဲ့ ဒီကလေး (ဖြိုးမြတ် အောင်)ဘက်က ပရိသတ်ပြောဆို နေကြတာ စိတ်မကောင်းဘူး။ မဖြစ်စေချင်ဘူး။ အစ်မတို့ အနု ပညာရှင်တွေအားလုံးက သိတဲ့ အတိုင်းပဲ။ တစ်ယောက်နဲ့ တစ် ယောက် ဆေးစက်ကျရာ အရုပ် ထင်အောင် ကကြတာပဲ’’ဟု တင် ဇာမော်က ပြောသည်။

ဒီဇင်ဘာ ၁၄ ရက်က ပြုလုပ် သော ရွှေအက်ဖ်အမ်နှစ်ပတ် လည်ဖျော်ဖြေပွဲတွင် Myanmar Idol Season 3 မှ Finalist ပြိုင်ပွဲ ဝင်များနှင့် နာမည်ကြီးအဆိုတော် များ စုံတွဲသီဆိုဖျော်ဖြေသည့် အစီအစဉ် ထည့်သွင်းပြီး ဖြိုးမြတ် အောင်သီဆိုဖျော်ဖြေသည့် အ လှည့်တွင် ဖြိုးမြတ်အောင်နှင့် တင်ဇာမော်သီဆိုထားသည့် သီ ချင်းကို ဖြိုးမြတ်အောင်တစ်ဦး တည်း ပါဖောမန့်ပြုလုပ်ကာ ဖျော် ဖြေရသောကြောင့်ဟုဆိုကာ တင်ဇာမော်ကို အပြစ်တင်ခြင်းဖြစ် သည်။

‘‘ဖြိုးမြတ်အောင်ကို ယုံပါ တယ်။ ပြိုင်ပွဲမှာလည်း ပါဖောမန့် တွေနဲ့ဆိုခဲ့တာပဲ။ သူတိတိပပ ပါဖောမန့်လုပ်မယ်ဆိုရင် အဆင် ပြေတယ်။ အဲဒီနေ့က သူဆိုသွား တာလည်း အဆင်ပြေပါတယ်။ ပရိသတ်အနေနဲ့ ရုတ်တရက်ဆို ရင် နားလည်ဖို့ နည်းနည်းခက် လိမ့်မယ်’’ဟု ဖြိုးမြတ်အောင်၏ ဖျော်ဖြေမှုအပေါ် တင်ဇာမော်က ပြောသည်။

ဖြိုးမြတ်အောင်နှင့် စုံတွဲသီ ဆိုထားသည့် သီချင်းကို ၎င်း၏မိ သားစုထံ မပြန်မီရက်ပိုင်းအလိုက အသံသွင်းပေးခဲ့ပြီး ယင်းသီချင်း အတွက် အမ်တီဗီကို ၎င်းပြန်လာ ချိန်မှသာ ရိုက်ကူးမည်ဟု ထင်ခဲ့ကြောင်း တင်ဇာမော်က ပြော သည်။

‘‘ပြန်လာမှ ရိုက်ကြမယ်ဆို ပြီး မီမယ်ထင်တာ။ အခွေတစ်ခွေ လုပ်ရင် ကြာတာကိုး။ အရမ်းမြန် တာက ရွှေအက်ဖ်အမ်အနေနဲ့ လည်းဖြစ်တယ်။ ပွဲအတွက်လည်း ဒီလိုရိုက်ဖို့ ဖြစ်လာတာကိုး။ အက်ဖ်အမ်ဘက်ကလည်း သူတို့ လုပ်ငန်းသဘောအရ သွားရတာ လေ’’ဟု တင်ဇာမော်က ပြော သည်။ တင်ဇာမော်သည် မိသားစု ရှိသည့် ဗြိတိန်နိုင်ငံသို့ အောက် တိုဘာက ပြန်ခဲ့ပြီး ဗြိတိန်၌ သုံးလခန့် နေထိုင်မည်ဖြစ်ကာ မြန်မာ နိုင်ငံသို့ ဖေဖော်ဝါရီတွင် ပြန်လာ မည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။

Credit-ဆဲဗင်းဒေးဂျာနယ်

Loading...

Facebook Comments