ထောင်​ထဲ​ရောက်​​နေတာ​ကြောင့်​ မိခင်​ဖြစ်​သူရဲ့ အသုဘကို​ရောက်​မလာနိုင်​တဲ့ ဘုန်းလျှံ

တစ်​ချိန်​က နှုတ်​ခမ်းနီမ​လေး​တွေရဲ့ အသည်းစွဲ ခန္ဓာကိုယ်​​တောင့်​​တောင့်​တင်းတင်းနဲ့ ​ယော​ကျာ်းပီသသူ သရုပ်​​ဆောင်​ဘုန်းလျှံကို မှတ်​မိကြဦးမှာ​ပေါ့။ ဘုန်းလျှံဟာ မြန်​မာရုပ်​ရှင်​ဇာတ်​ကား​တွေမှာ အရံသရုပ်​​ဆောင်​အ​နေနဲ့ ​တော်​​တော်​များများ သရုပ်​​ဆောင်​ခဲ့ပြီး သီချင်း MV ​တော်​​တော်​များများမှာလဲ ပါဝင်​ခဲ့သူတစ်​ဦးပါ။

ပရိသတ်​ကြီးချစ်​တဲ့ သရုပ်​​ဆောင်​ဘုန်းလျှံဟာ ၂၀၁၃ ခုနှစ်​မှာ မူးယစ်​​ဆေးဝါးများနှင့်​အတူ ဖမ်းဆီးခြင်းခံခဲ့ရပြီး ​ထောင်​ဒဏ်​ကျ​နေသူတစ်​ဦးပဲဖြစ်​ပါတယ်​။ လက်​ရှိမှာ သရုပ်​​ဆောင်​ဘုန်းလျှံဟာ သာယာဝတီအကျဉ်း​ထောင်​မှာ ​ထောင်​ဒဏ်​ခံစား​နေရတာပဲဖြစ်​ပါတယ်​။

သရုပ်​​ဆောင်​ ဘုန်းလျှံရဲ့ မိခင်​ဖြစ်​သူ ​ဒေါ်နုနုခင်​ဟာ ဒီဇင်​ဘာလ(၁၃) ရက်​​နေ့မှာ ကွယ်​လွန်​သွားခဲ့ပြီဖြစ်​ပါတယ်​။ ဘုန်းလျှံရဲ့ မိခင်​ ​ဒေါ်နုနုခင်​ရဲ့ ရုပ်​အ​လောင်းကို ဒီဇင်​ဘာလ(၁၇)ရက်​​နေ့က ​ရေ​ဝေးသုသာန်​မှာ မီးသဂြိုဟ်​ပြီးဖြစ်​ပါတယ်​။

သရုပ်​​ဆောင်​ဘုန်းလျှံအ​နေနဲ့လဲ မိခင်​အရင်းဖြစ်​သူ ဘဝတစ်​ပါးကူး​ပြောင်းသွားပြီဖြစ်​​ပေမယ့်​ နှုတ်​ဆက်​ခွင့်​မရရှိခဲ့တာက ဝမ်းနည်းစရာပါပဲ။ ဘုန်းလျှံရဲ့ ဆုံးရှုံးမှုကို မိုမို​လေးမှလဲ ထပ်​တူဝမ်းနည်းရပြီး ​ကြေကွဲဖွယ်​တင်​ပြ​ပေးလိုက်​ပါတယ်​။ ပရိသတ်​ကြီးလဲ ဘုန်းလျှံတစ်​​ယောက်​ ​ထောင်​က​နေအမြန်​ဆုံးလွတ်​​မြောက်​လာပြီး အနုပညာလုပ်​ငန်း​တွေ ဆက်​လက်​လုပ်​ကိုင်​နိုင်​ပါ​စေလို့ ဆု​တောင်း​ပေးသွားကြပါဦး​နော်​။

Rowena
Source: Pwint nadi maung’s fb

Loading...

Facebook Comments