အားပါးတရရယ်လိုက်တာကြောင့် မေရိုးလွဲသွားတဲ့ အဒေါ်ကြီး

ရထား ဒါမှမဟုတ် ကား တို့ကို အချိန်အကြာကြီး စီးရတာအရမ်းကို ငြီးငွေ့ ဖို့ကောင်းပါတယ်။ တချို့လူတွေအနေနဲ့ ဝတ္ထုဖတ်တာ၊ သီချင်းနားထောင်တာ ၊ ဇာတ်လမ်း ကြည့်ရှု့တာမျိုးနဲ့ ဂိမ်းဆော့တာမျိုးတွေကို အပျင်းဖြေဖို့အတွက် လုပ်ကြပါတယ်။ တရုတ်က စုံတွဲတစ်တွဲကတော့ နန်ဂျင်း ကနေ ရှန်ဒေါင်းပြည်နယ်၊ ကွင်းတာအို မြို့သို့ ၂၈ နာရီကျော်ကြာအောင် ရထားစီးနင်းခဲ့ပါတယ်။

ဒီလိုမျိုးအချိန်အကြာကြီး စီးနင်းခဲ့ရတဲ့အတွက် ပျင်းရိလာကြတဲ့ ဒီအတွဲဟာ ကဒ်ကစားနည်းတစ်ခုကို အပျင်းဖြေဖို့ ကစားခဲ့ကြပါတယ်။ ဒီကဒ်ဂိမ်း ဟာ အန္တာရယ်မရှိပေမယ့် ဒီအဒေါ်ကြီးကတော့ စိတ်အရမ်းလှုပ်ရှားသွားတာကြောင့် မေရိုးလွဲသွားရတဲ့ အဖြစ်ကိုခံစားခဲ့ရပါတယ်။

သူ့ရဲ့အမျိုးသားပြောပြချက်အရ ဂိမ်းကစားနေရင်း သူ(မ) ဟာ အားပါးတရ အသံကျယ်ကျယ်နဲ့ ရယ်မောခဲ့တယ်လို့ ပြောခဲ့ပါတယ်။ ဒါကြောင့် မေရိုးလွဲသွားခဲ့တာဖြစ်ပြီး သူ(မ) အနေနဲ့ ပါးစပ် စိ လို့မရတာကိုသိပြီးနောက် အရမ်းကိုနာနာကျင်ကျင်ခံစားခဲ့ရပါတယ်။ ဖြစ်ဖြစ်ချင်း သူ့ အမျိုးသားဟာ ရထားဝန်ထမ်းကို အကြောင်းကြားခဲ့ပြီး ဂူလင်းမြို့ ရောက်ကာနီးအချိန်မှာ ရထားအရှိန်လျှောခဲ့ပါတယ်။

မြို့ကို ရောက်တဲ့အချိန်မှာ ဆေးဘက်ဆိုင်ရာ ဝန်ထမ်းတွေက အသင့်စောင့်နေခဲ့ပြီး အသက်လတ်ပိုင်းအရွယ် ထိုအမျိုးသမီးရဲ့ ရောဂါအခြေအနေကို စစ်ဆေးကြည့်ရှုခဲ့ပါတယ်။ ဆက်လက်ပြီး မြို့တွင်း ဆေးရုံကို ပို့ဆောင်ခဲ့ပါတယ်။ အချိန် ၂ နာရီကြာလောက် ကုသမှုအပြီးမှာတော့ ထိုအမျိုးသမီးရဲ့ မေရိုး မူလအခြေအနေသို့ပြန်လည်ရောက်ရှိခဲ့ပါတော့တယ်။

ကဲကျွန်တော်တို့အနေနဲ့ ထိုအမျိုးသမီးလိုအဖြစ်မျိုး မကြုံရစေဖို့ ကိုယ့်ကိုပြန်ထိန်းရပါလိမ့်မယ်။

Credit: MyanmarNote

Loading...

Facebook Comments