မိုးအောင်ရင်အတွက် အယူခံဝင်မည်ဟု ဖခင်အောင်ရင်ပြော

သားဖြစ်သူမိုးအောင်ရင် အလုပ်နှင့်ထောင်ဒဏ် ၁၇ နှစ် ကျခံရခြင်းသည် ပြစ်မှုနှင့် ပြစ် ဒဏ်မမျှတသောကြောင့် အယူခံ ဝင်မည်ဖြစ်ကြောင်း အဆိုတော် အောင်ရင်က ပြောသည်။

‘‘အမိန့်ချမှတ်လိုက်တဲ့အ ပေါ် တရားသူကြီးကိုလည်း ဘာမှ မပြောချင်ပါဘူး။ ကျွန်တော်အယူ ခံ မဖြစ်မနေဝင်ဖြစ်မှာပါ။ ဒါပေမဲ့ ထပ်ပြီးတော့ အယူခံတင်တဲ့အခါ မှာ တိုင်းကိုတင်ရမယ်ပြောပါ တယ်။ တိုင်းကနေဆုံးဖြတ်ပေး မယ့် တရားသူကြီးတွေက ကျွန် တော်တို့ကို သနားငဲ့ညှာပြီးဆင် ခြင်တုံတရားလေးနဲ့ တကယ့် ဥပဒေမှာ ရေးဆွဲထားတဲ့၊ ပြဋ္ဌာန်း ထားတဲ့အ တိုင်း ဆုံးဖြတ်ပေးပါလို့ ပြောချင်ပါတယ်’’ ဟု ၎င်းကပြော သည်။

ပထမအမှုကို ပုဇွန်တောင် မြို့နယ်တရားရုံးက အမိန့်ချစဉ် အယူခံမဝင်ခြင်းသည် မျှတသည် ဟု ယူဆသဖြင့် မဝင်ခြင်းဖြစ် ကြောင်း ဒီဇင်ဘာ ၁၂ ရက်တွင် ခရိုင်တရားရုံးကပြစ်ဒဏ် ၁၂ နှစ် အမိန့်ချမှုကို ကြားသိရချိန်၌ အ လွန်တုန်လှုပ်ပြီး စိတ်မကောင်း ဖြစ်ရသည်ဟု ဆိုသည်။

မိုးအောင်ရင်သည် ယခင်က ပြစ်မှုတစ်စုံတစ်ရာမရှိသည်ကို ထည့်သွင်းစဉ်းစားစေလိုကြောင်း၊ လက်ရှိအမှုသည် ပထမဆုံးရင် ဆိုင်ရခြင်းဖြစ်သောကြောင့် ပြု ပြင်ရန် အချိန်ပေးစေလိုကြောင်း ဆိုသည်။

‘‘ငွေကြေးနဲ့ညှိဖို့အင်အား မရှိဘူး။ အင်အားရှိရင်လည်း ညှိ မှာမဟုတ်ဘူး။ သူ့ဖြစ်စဉ်ကိုအမှန် အတိုင်းပဲ သွားချင်လို့ပါ။ ဆင်ခြင် တုံတရားလေးနဲ့ ကျွန်တော့်သား ဖြစ်စဉ်မှ မဟုတ်ဘူး၊ ဖြစ်စဉ်တိုင်း မှာ မတရားမှုတွေလို့ ကိုမြင်လာ လောက်တဲ့ အနေအထားမဟုတ် ဘဲ မျှတတဲ့ အနေအထားလေးဖြစ် အောင် စဉ်းစားဆုံးဖြတ်ပေးကြပါ လို့ ပြောချင်တယ်’’ ဟု အောင်ရင် က ပြောသည်။

လက်ရှိတွင် မိုးအောင်ရင်၏ အသက်သည် (၃၁) နှစ်ဖြစ်၍ နှစ်အတိအကျ ပြစ်ဒဏ်ကျခံရမည်ဆိုလျှင် အသက် (၄၆)နှစ်အထိ ထောင်ထဲတွင်ဖြတ်သန်းရမည်ဖြစ်သောကြောင့် ၎င်း၏ အသက်ထက်ကိုယ့်အသက်ကို ပိုပူမိသည်ဟု အောင်ရင်ကပြောသည်။

‘‘ကျွန်တော်မရှက်မကြောက် ဝန်ခံရရင် ကျွန်တော်ကိုယ်တိုင်က လည်း သားသမီးတွေကို ပြည့်စုံ လုံလောက်အောင် ကျွန်တော့်မှာ ထောက်ပံ့ပေးနိုင်တဲ့ နောက်ခံမရှိ ဘူး။ ကျွန်တော့်အသက် အခုပဲ (၅၅) နှစ်ပြည့်တော့မယ်။ နောက် ထပ် ၁၅ နှစ်ဆိုရင် ကျွန်တော့် အသက် (၇၀) ထိ ကျွန်တော့်သားလေးကို ထောက်ပံ့ပေးနိုင်ပါ့မ လား။ ကျွန်တော်စိတ်ပူတယ်’’ ဟု မျက်ရည်များဖြင့် ပြောသည်။

မိုးအောင်ရင်သည် ငယ်စဉ် ကတည်းက ဆိုးသွမ်းသည့် ကလေးမဟုတ်သလို မိဘအပေါ် သိတတ်သူဖြစ်ကြောင်း ၎င်းက ပြောသည်။

‘‘အမိန့်ချပြီး ကျွန်တော် ရောက်သွားတော့ သူကငယ်ငယ် ကတည်းက ရင်ထဲမှာဖြစ်တာကို သိပ်မဖော်ပြတတ်ဘူး။ ဒါပေမဲ့ သားသေသွားတာမှမဟုတ်တာ အဖေရယ်၊ ဘာဖြစ်လဲဆိုပြီး ကျွန် တော့်ကို ပြန်အားပေးပါသေး တယ်။ အားမပေးခင်တစ်ချက်သူ့ စိတ်က ပွင့်ထွက်လာတာလို့ ကျွန် တော်ထင်တယ်။ စကားတစ်ခွန်း ထွက်ကျလာတယ်။ သားမှာ အဖေတစ်ယောက်ပဲ အားကိုးစရာရှိတော့တယ် အဖေတဲ့။ ကျွန်တော်လည်း မျက်စိမျက်နှာတော်တော်ပျက်နေတယ်နဲ့ တူပါတယ်။ဘာမှမဖြစ်ပါဘူးတဲ့။ သားသေသွားတာမှမဟုတ်တာတဲ့။ အေးဆေး ဘာညာပြန်ပြောတယ်။ တော်တော်လေး စိတ်မကောင်းဘူး။ အဖေလည်း သက်ရှိထင်ရှားရှိသေး တယ်။ မင်းလည်းသေသွားတာမဟုတ်ဘူး။ အဖေတို့ ကိုယ်စွမ်းဉာဏ်စွမ်းရှိသလောက် ကြိုးစားကြမယ်လို့ ပြောထားပါတယ်’’ ဟု အောင်ရင်က ပြောသည်။

သားဖြစ်သူ မိုးအောင်ရင်နှင့် အမှုတွဲတွင် ပါဝင်သူ သူငယ်ချင်း နှစ်ဦး ကျခံရသည့်ပြစ်ဒဏ်သည် နည်းသောကြောင့်ဝမ်းသာသည် ဟုဆိုသည်။

Credit :www.7daydaily.com

Loading...

Facebook Comments