ဒေါ်လာ​တွေအများကြီးကို ကား​ပေါ်တင်​ပြီး​ ချေပြလိုက်​တဲ့​ ရွှေမှုန်​ရတီ

နိုင်​ငံ​ကျော်​မင်းသမီး​ချော​လေး ​ရွှေမှုံရတီဟာ နာမည်​ကြီးမင်းသား​တွေ​ခေါင်း​ဆောင်​တဲ့ အနုပညာပျိုးခင်းက​နေတဆင့်​ သရုပ်​​ဆောင်​တစ်​​ယောက်​ဖြစ်​လာသူတစ်​ဦးပါ။ ​ရွှေမှုံရတီက အသက်​အရွယ်​ ငယ်​ရွယ်​​သေး​ပေမယ့်​ အရွယ်​နဲ့မလိုက်​​အောင်​ အိုက်​တင်​အမူအယာ​ကောင်း​ကောင်းနဲ့ သရုပ်​​ဆောင်​တစ်​ဦးဖြစ်​ပါတယ်​။ ​ရွှေမှုံရတီရဲ့ သရုပ်​​ဆောင်​မှု​တွေကလဲ ပရိသတ်​​တွေ သြချရ​လောက်​​အောင်​ ဝါရင့်​သရုပ်​​ဆောင်​ကြီး​တွေနဲ့ အပြိုင်​သရုပ်​​ဆောင်​နိုင်​သူ​လေးဖြစ်​ပါတယ်​။

ရွှေမှုံရတီက မြန်မာနိုင်ငံအနှံ့မှာ သူမကိုချစ်​တဲ့ ပရိသတ်​​တွေ အခိုင်​အမာရရှိထားသူလဲဖြစ်​ပါတယ်​။ ​ရွှေမှုံရတီရဲ့ စကား​ပြောပုံဆိုပုံနဲ့ အိုက်​တင်​​တွေကလဲ ပရိသတ်​​တွေကြားမှာ ​ရေပန်းစားလှပါတယ်​။ အထူးသဖြင့်​ ​ရွှေမှုံရတီရဲ့ အ​ချေမျက်​နှာ​က ပရိသတ်​​တွေကြားမှာ နာမည်​အကြီးဆုံးပါပဲ။

သေချာကြည့်​မှမြင်​နိုင်​မယ်​​နော်​ ပရိသတ်​ကြီး​ရေ

 

ဒီတစ်​ခါမှာလဲ ​ရွှေမှုံရတီက ကား​ပေါ်မှာ ​ဒေါ်လာ​တွေတင်​ပြီး ​ချေပြလိုက်​ပြန်​ပါပြီ။ ထူးထူးဆန်းဆန်း​တွေလုပ်​တတ်​ပြီး သူများထက်​အမြဲဆန်းသစ်​​နေတဲ့ ​ရွှေမှုန်​က​တော့ အမြဲ ​ဂေါ်​နေတာပဲ​နော်​။

ရွှေမှုံရတီက နိုဝင်​ဘာလထဲမှာ အဆို​တော်​ ​ရွှေထူးနဲ့ လက်​ထပ်​ခဲ့တာဖြစ်​ပြီး ဟန်းနီးမွန်းခရီးစဉ်​အဖြစ်​ ဥ​ရောပတိုက်​ကို သွား​ရောက်​လည်​ပတ်​ခဲ့ပြီး ပြန်​​ရောက်​လာတာမကြာ​သေးပါဘူး။ ​ရွှေမှုံရတီက ဟန်းနီးမွန်းက ပြန်​​ရောက်​​ရောက်​ချင်း အနုပညာလုပ်​ငန်း​တွေကို ဆက်​တိုက်​ဆိုသလို လုပ်​ကိုင်​​နေတာပဲဖြစ်​ပါတယ်​။

ရွှေမှုန်​ရတီဟာ ယခုဆိုရင်​ ခင်​ပွန်းဖြစ်​သူ ​ရွှေထူးနဲ့အတူတူ သာယာ​ပျော်​ရွှင်​ဖွယ်​​ကောင်းတဲ့ အိမ်​​ထောင်​​ရေးကို တည်​​ဆောက်​ထားတာပဲဖြစ်​ပါတယ်​။ ​ရွှေမှုံရတီက အသက်​အရွယ်​ ငယ်​ရွာ်​​သေးတာကတစ်​​ကြောင်း၊ အနုပညာအလုပ်​​တွေကို ဆက်​လက်​လုပ်​ကိုင်​လိုတာကတစ်​​ကြောင်း​ကြောင့်​ က​လေးယူဖို့ အစီအစဉ်​​တော့ မရှိ​သေးပါဘူးဆိုပြီး အင်​တာဗျူး​တွေမှာ ​ဖြေထားပါတယ်​။

ပရိသတ်​​တွေလဲ ​ရွှေမှုံရတီရဲ့ အ​ချေပုံ​လေးကိုကြည့်​ပြီး ​ကျေနပ်​ကြမယ်​ထင်​ပါတယ်​။ ​ရွှေမှုန်​ရတီက အနုပညာလုပ်​ငန်း​တွေကိုလဲ ဆက်​လက်​လုပ်​ကိုင်​​နေတာမို့ အား​ပေးကြပါဦး​နော်​။ အချိန်​​ပေးပြီး ဖတ်​ရှု​ပေးတဲ့အတွက်​ ပရိသတ်​ကြီးကှို ​ကျေးဇူးအထူးတင်​ရှိပါတယ်​။

Credit:Burmese.asia

Loading...

Facebook Comments