မိုးအောင်ရင်အပေါ်ထားရှိတဲ့ အောင်ရင်ရဲ့ မေတ္တာစေတနာတွေကြောင့် အလွန်စိတ်မကောင်းဖြစ်ခဲ့ရတဲ့ ဇင်သဲနိုင်

လတ်တလော အခြေအနေမှာ ဖြစ်ပျက်နေတဲ့ မိုးအောင်ရင်ရဲ့ မူးယစ်ဆေးသုံးစွဲမှုနဲ့ လက်ဝယ်တွေ့ရှိမှုကြောင့် အပြစ်ဒဏ် ၁၇ နှစ်တိတိ ချမှတ်ခံထားရတဲ့ သတင်းဆိုးကြီးတစ်ခုကို ပရိသတ်တွေ သိရှိထားပြီးပဲဖြစ်ပါတယ်။ အရမ်းကို ဆိုးဝါးကြီးမားလွန်းလှတဲ့ မိုးအောင်ရင်ရဲ့ သတင်းဆိုးကြီးကြောင့် မိဘ ဆွေမျိုးသားချင်း၊ အနုပညာရှင် ညီအစ်ကို မောင်နှမတွေသာမက ပရိသတ်တွေကပါ ရင်ထုမနာ ဖြစ်နေခဲ့ကြရတာပဲဖြစ်ပါတယ်။ အနုပညာလောကမှာ အောင်မြင်မှုကို ပိုင်ဆိုင်ထားရှိခဲ့ရတဲ့ မိုးအောင်ရင်ဟာဆိုရင် ပေါင်းသင်းဆက်ဆံရေးမှာ ပြေပြစ်ပြီး အများစိတ်ပျော်ရွှင်အောင် လုပ်ပေးနိုင်ခဲ့တာကြောင့် အားလုံးရဲ့ ချစ်ခင်မှုကို လက်ခံရရှိထားခဲ့ရတဲ့ သူလေးတစ်ယောက်လည်း ဖြစ်ပါတယ်။

အများကို ပျော်ရွှင်နိုင်အောင် ဖန်တီးပေးစွမ်းနိုင်ခဲ့တဲ့ မိုးအောင်ရင်ကတော့ ယခုဆိုရင် အသက် ၃၁ နှစ်အရွယ်ကို ရောက်ရှိနေခဲ့ပြီပဲ ဖြစ်ပါတယ်။ သူဟာဆိုရင် မူးယစ်ဆေးမှုကြောင့် အပြစ်ဒဏ် ၁၇ နှစ်တိတိကို ခံယူထားရတဲ့အတွက် လူငယ်ဘဝကို အမှောင်ထဲမှာတင် ကုန်ဆုံးရတော့မှာမို့ အနုပညာရှင် ညီအစ်ကို မောင်နှမများနဲ့ မိဘဆွေမျိုးတစ်စုတို့က အတိုင်းမသိ ပူဆွေးသောက ရောက်နေခဲ့ကြရတာပဲ ဖြစ်ပါတယ်။

သားဖြစ်သူ မိုးအောင်ရင်အတွက် ပူဆွေးသောက ရောက်နေရတဲ့ အောင်ရင်ဟာဆိုရင် ယခုအချိန်မှာ အသက် ၅၅ နှစ်အရွယ်ကို ရောက်ရှိနေပြီပဲဖြစ်ပါတယ်။ ထိုအသက် အပိုင်းအခြားကို ရောက်ရှိနေတဲ့ အောင်ရင်ကတော့ ” နောင် ၁၅ နှစ် မိုးအောင်ရင် ထောင်ကထွက်လာချိန်ဆို သူဟာ အသက် ၇၀ ရှိနေမည်ဖြစ်ပြီး အဲ့ဒါကြောင့် ကျွန်တော့်သားကို ထောက်ပံ့ပေးနိုင်ပါ့မလား မိုးအောင်ရင် အသက်ထက် သူ့အသက်ကို ပိုပြီး စိတ်ပူမိကြောင်းကို ” အင်တာဗျူးတစ်ခုကနေ ဖခင်တစ်ယောက်ရဲ့ မေတ္တာစစ် မေတ္တာမှန်တွေနဲ့ သားဖြစ်သူ မိုးအောင်ရင်အတွက် ဝမ်းနည်းစွာ ဖြေဆိုထားခဲ့တာပဲ ဖြစ်ပါတယ်။

နောက်ပြီး “သားကို ထောက်ပံ့ပေးနိုင်ဖို့ ကျနော့်မှာ အင်အားမရှိပါဘူး။ ကျနော့် အသက်အခု (၅၅) နှစ်၊ နောက်ထပ် (၁၅) နှစ်ဆိုရင် အသက် (၇၀) ပါ။ သားကို အဲဒီအချိန်အထိ ထောက်ပံ့ပေးနိုင်ပါ့မလား စိတ်ပူတယ်။ ကျနော့်သားက ဆိုးသွမ်းတဲ့ ကလေးမဟုတ်ပါဘူး။ သားအတွက် ထောင်ဒဏ် (၁၇) နှစ်ဆိုတာ ပြစ်မှု နဲ့ ပြစ်ဒဏ် မမျှတတာကြောင့် အယူခံဝင်မယ်” သားဖြစ်သူ မိုးအောင်ရင် နှစ်ရှည်ထောင်ဒဏ် ချမှတ်ခံခဲ့ရတာနဲ့ပတ်သက်ပြီး အယူခံဝင်မယ့်အကြောင်းကိုပာ အဆိုတော် အောင်ရင်က အင်တာဗျူးတစ်မှာ ထပ်ပြီးဖြေဆို ထားခဲ့ပြန်တာပဲဖြစ်ပါတယ်။

အောင်ရင် ဖြေဆိုထားတဲ့ အင်တာဗျူးကို ကြည့်မိသူတွေတိုင်းကလည်း အလွန်ကိုစိတ်မကောင်း ဖြစ်ခဲ့ကြရတာဖြစ်ပြီး ထိုသို့များစွာ စိတ်မကောင်းဖြစ်မိတဲ့ သူတွေထဲမှာ ပိုင်ဇေရဲထွန်းရဲ့ဇနီး ဇင်သဲနိုင်လည်း အပါအဝင် စိတ်မကောင်းဖြစ်ခဲ့ရတာပဲ ဖြစ်ပါတယ်။ ထိုသို့ စိတ်မကောင်းကြောင်းကိုလည်း ” Above the law ဆိုတာ မရှိတဲ့အတွက် အခွင့်ထူးခံပြီး ပေးဖို့မတောင်းဆိုပါဘူး ပြစ်မှုနဲ့ပြစ်ဒဏ်မျှတစေချင်တာပါ နဂိုထဲကစိတ်မကောင်းတာ ဒီvideoကြည့်ပြီး ရင်ထဲပိုမကောင်းဘူး လူငယ်တစ်ယောက်ကို အမှားလေးပြင်ဆင်ခွင့်တောင် မပေးတော့ဘူးလားကွယ်😢😢😢 ” ဆိုတဲ့ စာသားလေးနဲ့ သူမရဲ့ ဖေ့ဘုတ်စာမျက်နှာကနေ စိတ်မကောင်းဖြစ်မိကြောင်းကို ရေးသားဖော်ပြ ပေးထားခဲ့တာပဲဖြစ်ပါတယ်။

မိဘဆွေမျိုး၊ အနုပညာရှင် ညီအစ်ကို မောင်နှမများနည်းတူ ပရိသတ်ကြီးလည်း မိုးအောင်ရင်ရဲ့ သတင်းဆိုးကြီးအတွက် စိတ်မကောင်းဖြစ်မိမယ်လို့ ထင်ပါတယ်။ အယူခံဝင်မယ့် မိုးအောင်ရင်အတွက် အပြစ်ဒဏ်တွေ လျော့ကျနိုင်ပါစေကြောင်း ဆုမွန်ကောင်းလေးနဲ့ ဆုတောင်းပေးသွားကြပါဦးနော် ပရိသတ်ကြီးရေ။ မိဘတစ်ယောက်အနေနဲ့ သားဖြစ်သူ မိုးအောင်ရင်အပေါ်ထားရှိတဲ့ အောင်ရင်ရဲ့ မေတ္တာတရားတွေကို စာနာနားလည်မိတယ်ဆိုရင် ဒီပို့စ်လေးကို မျှဝေပြီး အားပေးလိုက်ကြပါဦးနော်။ ဖတ်ရှုပေးကြပါသော ချစ်ပရိသတ်များအပေါင်းကို မိုမိုလေးမှ ကျေးဇူးအထူးတင်ရှိပါတယ်။

Kay Kay
Ref: ZinThaeNaing’s Facebook
Credit : momolay

Loading...

Facebook Comments