နယ်​ရှိုးပွဲ​​တွေသွားဆို​နေရလို့ ဇနီး​ချော​လေးကို လွမ်း​နေတဲ့ ​ရွှေထူး

စစ်​မှန်​တဲ့ ချစ်​ခြင်း​မေတ္တာကို အချိန်တစ်ခုေ​လးအတွင်းမှာ ရှာ​​ဖွေ​​တွေ့ရှိခဲ့ကြတဲ့ အဆို​တော်​​ရွှေထူးနဲ့ မင်းသမီး​ချော​လေး ​ရွှေမှုံရတီတို့နှစ်​ဦးက​တော့ လက်​ရှိမှာ​ပျော်​စရာ​ကောင်းတဲ့ အိမ်​​ထောင်​​ရေးတစ်​ခုကို ပုံ​ဖော်​​နေကြတာပါ။ လတ်​တ​လောမှာ​တော့ ​ရွှေထူးက ချစ်​ဇနီး​ချော​လေးကိုထားပြီး နယ်​ရှိုးသွားဆို​နေရတာမို့ သူ့ရဲ့မင်းသမီး​လေးကို အရမ်းသတိရ​နေတဲ့အ​ကြောင်း လူမှုကွန်​ယက်​မှာ ​တင်​ထားတာ ​တွေ့ရပါတယ်​။ ကြင်​စဦးဇနီး​မောင်​နှံမို့ တစ်​စက္ကန့်​​လေး​ဝေး​နေရရင်​​တောင်​ တစ်​သက်​​လောက်​ကြာသလို ဖြစ်​​နေမယ်​ဆိုတာ မလွှဲမ​သွေပါပဲ​နော်​။

မိုမို​လေးချစ်​ပရိသတ်​​တွေအတွက်​ ​ဇနီး​ချော​​လေးကို သတိရ​​နေတဲ့ ချစ်တတ်လွန်းသူကြီး ​ရွှေထူးရဲ့ အ​ကြောင်း​ကို ​ဖော်​ပြ​ပေးလိုက်​ပါတယ်​​နော်​။ရွှေထူးက​တော့ “Miss u my princess” ဆိုပြီး ချစ်​ဇနီး​ချော​လေးရဲ့ပုံ​တွေတင်​ပြီး သတိရ​နေတဲ့အ​ကြောင်း ရင်​ဖွင့်​ထားတာ ​တွေ့ရပါတယ်​။ရွှေထူးက​တော့ လတ်​တ​လောမှာ က​လေးမြို့သို့ နယ်​ရှိုးပွဲဆိုဖို့ ​ရောက်​ရှိ​နေခဲ့တာဖြစ်​ပြီး ချစ်​ရတဲ့ပရိသတ်​​တွေနဲ့ ​တွေ့ဆုံခဲ့တာပါ။

အဆို​တော်​​ရွှေထူးနဲ့ မင်းသမီး​ချော​လေး ​ရွှေမှုံရတီတို့နှစ်​ဦးက​တော့ ပြီးခဲ့တဲ့ နိုဝင်​ဘာလ ၁၁ရက်​​နေ့က နှစ်​ဦးသ​ဘောတူ လက်​ထပ်​မင်္ဂလာပွဲ ဆင်​နွှဲခဲ့ကြတာပါ။ သူတို့ဇနီး​မောင်​နှံနှစ်ဦးကတော့ လက်​ရှိမှာ တစ်ဦးနဲ့တစ်ဦး နားလည်မှုတွေ အပြည့်နဲ့ အခက်အခဲတွေကိုရင်ဆိုင်ပြီး ခိုင်ခိုင်မြဲ လက်တွဲထားကြတာပဲ ဖြစ်ပါတယ်။ မိုမို​လေးချစ်​ပရိသတ်​​တွေလည်း အရမ်းကိုချစ်​စရာ​ကောင်းတဲ့ ကြင်​စဦး​မောင်​နှံ​လေး ​ရွှေထူးနဲ့ ​ရွှေမှုံရတီတို့ဇနီး​မောင်​နှံနှစ်ဦးကိုချစ်​ရင်​ share သွားကြဖို့ မ​မေ့ပါနဲ့​နော်​။

Myint Myat
Source:Htoo Khant’s Facebook

Credit : momolay

Loading...

Facebook Comments