အစာအိမ်ရောဂါ ရှိသူတိုင်း မဖြစ်မနေ ဆောင်ထားအပ်တဲ့ ဆေး ရှယ်ပြီး သိမ်းထားပါ

အစာအိမ်သမားများ အစာမကြေ၊ ရင်ပြည့်ရင်ကယ်၊ အစားစားပြီးတိုင်း အောင့်ခြင်း စသည်ဖြင့် အမျိုးမျိုးဖြစ်ရကာ ပျို့အန်ခြင်း၊ သွေးဝမ်းသွားခြင်းပင် ဖြစ်တတ်ပါသည်။ ထိုဝေဒနာများ မခံရအောင် နည်းကောင်း လေးတင်ပြ အပ်ပါသည်

– ငှက်ပျောသီးဖီးကြမ်း ၂ ဖီးကို အခွံနွှာပြီး ပါးပါးလှီ၍ နေတွင်လှန်းပါ။ ပြီးလျှင် အမှုန့်ကြိတ်ပါ (သို့) ထောင်းပါ။

– နွယ်ချိုမှုန့် ဟင်းခပ်ဇွန်း (၂) ဇွန်းမျှ ထည်ပါ။

– နနွင်းမှုန့်စစ်စစ် ဟင်းခပ်ဇွန်း (၁) ဇွန်းထည့်ပါ။

ထို(၃)မျိုးကို ရောစပ်ပြီး လေလုံသော ဖန်ဗူးထဲသို့ ထည့်ထားပါ။

သုံးစွဲရန် – နေစဉ် နံနက်တစ်ကြိမ်/ ညတစ်ကြိမ် ကော်ဖီဇွန်း (၁) ဇွန်းကို ပုံမှန် စားပေးပါ။ ထိုဆေးသည် အစာအိမ်ကို အားရှိစေပြီး အစာအိမ်နာ၊ လေအောင့် လေနာနှင့် အစာအိမ်အချဉ်ပေါက်ခြင်း ကင်းဝေး စေပြီး အစာအိမ်ရောဂါ သက်သာပျောက်ကင်းစေပါကြောင်း။

သိမှီသမျှ အစာအိမ်ဆေးနည်းအား တင်ပြလိုက်ပါသည်။ နွယ်ချိုမှုန့်ကို ပရဆေးဆိုင်တွင် လွယ်ကူစွာ ၀ယ်ယူနိုင်ပါသည်။

Credit : ရဲမျိုးသူ(ဗောဓိမြိုင်)

Loading...

Facebook Comments