မိုးအောင်ရင်အသက်ထက် ကျတော့်အသက်ကို ပိုပူတယ်ဆိုတဲ့ အောင်ရင်

သရုပ်ဆောင်မိုးအောင်ရင်ဟာ မူးယစ်ဆေးဝါးလက်ဝယ်တွေ့ရှိမှုနဲ့အတူ ထောင်ဒဏ် (၁၅) နှစ်အပြင် နိုဝင်ဘာလ တုန်းကချမှတ်ထားတဲ့ ထောင်ဒဏ် (၅) နှစ် စုစုပေါင်း (၁၇) နှစ်ချမှတ်ခံခဲ့ရတာဖြစ်ပါတယ်။ များပြားလွန်းလှတဲ့ ထောင်ဒဏ်ကြောင့် ပရိသတ်တွေနဲ့အတူ မိသားစုဝင်တွေ၊ အနုပညာရှင်တွေအကုန်လုံးက အံ့သြခဲ့ကြရပြီးတရားမျှတမှုမရှိဘူးလို့ မှတ်ချက်ပေးပြောဆိုလာခဲ့ကြပါတယ်။

မိုးအောင်ရင်ရဲ့ သတင်းဆိုးကြောင့် လိုအပ်လာရင် အနုပညာလောကသားတွေ တော်တော်များများစုပေါင်းပြီးဝန်းရံပေးကြမယ်လို့ ဇော်ဝင်းရှိန်ကလည်းဆိုပါတယ်။ အသက် (၃၁) နှစ်ရှိနေပြီဖြစ်တဲ့ မိုးအောင်ရင်အတွက် လူငယ်ဘဝအချိန်ကောင်းတွေဟာ ထောင်ထဲမှာသာ ကုန်ဆုံးသွားမှာဖြစ်တာကြောင့် သရုပ်ဆောင်အောင်ရင်ဟာ မိုးအောင်ရင်အသက်ထက် သူ့ရဲ့အသက်ကို ပိုမိုပြီးစိတ်ပူတယ်လို့ဆိုပါတယ်။

ဒီလိုဆိုခြင်းရဲ့ရည်ရွယ်ချက်ကလည်း “တကယ်တမ်းသာ သူနောက်ထပ် (၁၅) နှစ်လောက်နေရမယ်ဆိုရင် သူ့အသက်က ထားပါတော့ ခု (၃၁) ဆိုတော့ ၄၆ နှစ်ဖြစ်သွားမှာပေါ့နော်။ ကျတော်ကတော့သူ့အသက်ကိုပူတာထက် ကျတော့်အသက်ကို ကျတော်ပူတယ် ဘာကြောင့်လဲဆိုတော့ မရှက်မကြောက်တမ်းဝန်ခံရရင် သားသမီးတွေကိုလည်း ပြည့်စုံလုံလောက်အောင် ထောက်ပံ့ပေးနိုင်မယ့် Background ကျတော့်မှာမရှိဘူး ကျတော့်အသက် အခု ၅၅ နှစ်ပြည့်တော့မယ် နောက် ၁၅ နှစ်ဆို အသက် ၇၀ အထိ ကျတော့်သားကို ထောက်ပံ့ပေးနိုင်ပါ့မလား အဲဒါစိတ်ပူမိတယ်။” လို့ သားအတွက် စိတ်ပူမိတာလေးကို မီဒီယာကတဆင့်ပြောပြလာခဲ့ပါတယ်။

သားဖြစ်သူ မိုးအောင်ရင်ကတော့ ဖခင်အောင်ရင်ကို စိတ်မပူဖို့ နဲ့ သူ့အနေနဲ့သေဆုံးသွားတာမဟုတ်တဲ့အကြောင်း ဖခင်ကို ပြန်အားပေးခဲ့တယ်လို့ အောင်ရင်ကဆိုပါတယ်။

“အဲ့နေ့ အမိန့်ချမယ့်နေ့က ကျတော်ရောက်သွားတော့ သားသေသွားတာမှမဟုတ်တာ အဖေ ဘာညာဆိုပြီး သူကတောင်မှ ကျတော့်ကိုပြန်အားပေးနေပါသေးတယ်။” လို့ သားဖြစ်သူကပြောတဲ့အားပေးစကားတွေကို ပြောပြလာခဲ့ပါတယ်။We Love Cele

Photos-BBC

Loading...

Facebook Comments