“မိုးအောင်ရင်အတွက် လိုအပ်ရင်အနုပညာသမားတွေ ဝိုင်းဝန်းကြမှာပါ” ဆိုတဲ့ ဇော်ဝင်းရှိန်

သရုပ်ဆောင် မိုးအောင်ရင်တစ်ယောက် မူးယစ်ဆေးဝါး သုံးစွဲမှုနဲ့ရော၊ လက်ဝယ်တွေ့ရှိမှုနဲ့ပါ ထောင်ဒဏ် (၁၇) တိတိ နှစ်ရှည်ချမှတ်ခံခဲ့ရတာကြောင့် ချစ်ခင်ရသူတွေနဲ့ ပရိသတ်တွေက စိတ်မကောင်းဖြစ်နေကြတာပါ။ ပရိသတ်တွေနဲ့အတူတူ မိသားစုအသိုင်းအဝိုင်းကရော စိတ်မကောင်းခြင်းများစွာဖြစ်ရပေမယ့် အားပေးစကားအသီးသီးဆိုပေးခဲ့ကြပါတယ်။ ထောင်ဒဏ် (၁၇) နှစ်ဆိုတာ လူငယ်တစ်ယောက်ရဲ့ တန်ဖိုးရှိတဲ့ အချိန်တွေကို ပျောက်ကွယ်သွားနိုင်တာမို့ နှမျောတသ ဖြစ်ကြတာဆိုရင်လည်း မမှားပါဘူး။

အဆို​တော်​ ​အောင်​ရင့်​အတွက်​လဲ မိဘချင်း ကိုယ်​ချင်းစာပြီး အား​ပေးစကား​တွေလဲ အသီးသီး​ပြော​ပေးကြတဲ့သူ​တွေကိုလဲ ​တွေ့မြင်​ရပါတယ်​။ အဆို​တော်​ ​အောင်​ရင်​နဲ့အတူတူ စတူဒီယို​တေးဂီတ​ခေတ်​မှာ နာမည်​​ကျော်​ကြားခဲ့တဲ့ အဆို​တော်​ ​ဇော်​ဝင်းရှိန်​ကလဲ သူငယ်​ချင်းဖြစ်​သူ ​အောင်​ရင်​အတွက်​ အား​ပေးစကား​လေးဆိုထားပါတယ်​။

“နိုင်​ငံတိုင်းမှာ ယခုလိုအမှားမျိုးကို လူငယ်​​တော်​​တော်​များများ စမ်းသပ်​ကြည့်​ရင်းနဲ့ လုပ်​ခဲ့မိကြပါတယ်​။ တချို့​တွေလဲ အဲဒီထဲက မထွက်​နိုင်​ကြသလို တချို့ကြ​တော့လဲ ပြန်​လည်​ပြုပြင်​နိုင်​ခဲ့ကြပြီး နိုင်​ငံမှာ အ​ရေးပါတဲ့သူ​တွေ၊ လုပ်​ငန်းရှင်​ကြီး​တွေ၊ အကျိုးပြုလုပ်​ငန်းကြီး​တွေ လုပ်​​နေကြတာကို ​တွေ့မြင်​နိုင်​ပါတယ်​။ လူငယ်​​တွေကို ပြန်​လည်​ပြုပြင်​ရန်​ အချိန်​​ပေးသင့်​ပါတယ်​။ ယခုအချိန်​မှာ လူသတ်​မှု​တွေ၊ သက်​ငယ်​မုဒိန်းကျင့်​မှု​တွေ ဒီ​လောက်​အ​ရေးယူမှု​တွေ ​တော်​​တော်​များများမှာ ဒီလိုနှစ်​ရှည်​ချတာ နည်းနည်း​လောက်​ပဲ​ ​တွေ့ရပါတယ်​။ သားသမီးချင်း ကိုယ်​ချင်းစာကြပါ။ လိုအပ်​ရင်​ အနုပညာသည်​များ ဝိုင်းဝန်းကူညီကြမှာပါ။ ညီ​လေး ကို​အောင်​ရင်​၊ မမိုးနဲ့ သား​လေးအတွက်​ စိတ်​မ​ကောင်းကြီးစွာဖြစ်​ခဲ့ရပါတယ်​။” ဆိုပြီး ဝမ်းနည်း​ကြောင်း​ရေးသားထားပါတယ်​။

မိုး​အောင်​ရင်​ရဲ့ အမှုနဲ့ပတ်​သတ်​ပြီး စိတ်​မ​ကောင်းဖြစ်​ရသး​တွေရှိသလို မိုး​အောင်​ရင်​ရဲ့ ဦး​လေးဖြစ်​သူကလဲ မိုး​အောင်​ရင်​ရဲ့အမှုဟာ အဂတိလိုက်​စားမှု​တွေကင်းနိုင်​မယ်​မထင်​​ကြောင်း၊ မိုး​အောင်​ရင်​အမှုဟာ မတရားသဖြင့်​​ထောင်​ဒဏ်​ချမှတ်​ခံရတယ်​လို့ ​ပြောဆိုထားပါတယ်​။

မိုးအောင်ရင်အတွက် အနုပညာလောကသားတွေ အားလုံးက စိတ်မကောင်းဖြစ်နေကြတာဖြစ်ပြီး သူတို့ရဲ့လူမှုကွန်ယက်ပေါ်မှာလည်း စိတ်မကောင်းကြောင်း စာလေးတွေ ရေးသားခဲ့ကြတာ တွေ့ရပါတယ်။ အနုပညာရှင် မောင်နှမတွေတောင် အခုလို ခံစားနေရတာ အောင်ရင်တို့ရဲ့ မိသားစုတွေဆိုရင်တော့ ပြောမပြတတ်အောင်ခံစားနေရရှာမှာပဲ။ မိုမိုလေးချစ်ပရိသတ်တွေလည်း မိုးအောင်ရင်တစ်ယောက် အမြန်ဆုံးလွတ်နိုင်ဖို့ ဆုတောင်းပေးလိုက်ကြပါဦးနော်။

Rowena
Source;Zaw Win Shein’s fb

Credit : momolay

Loading...

Facebook Comments