ကျန်းမာရေး ကောင်းလာပြီ ဖြစ်လို့ ဆေးရုံကဆင်းလာပြီဖြစ်တဲ့ ကစ်ကစ်

နိုင်ငံကျော် ဟာသသရုပ်ဆောင် ကစ်ကစ်ဟာဆိုရင် ပရိသတ်တွေချစ်ခင်အားပေးရတဲ့ နိုင်ငံကျော်အနုပညာရှင်တစ်ဦးပါ။ သူမက ကျောက်ကပ်ရောဂါကို ပြင်းထင်စွာခံစားနေရတာပဲဖြစ်ပါတယ်။ မကြာသေးခင်က ကစ်ကစ်ဟာ အသက်အန္တရာယ်ကို စိုးရိမ်နေရတာကြောင့် သရုပ်ဆောင် ခင်သဇင်က ကစ်ကစ်ကျန်းမာရေးအတွက် ကျောက်ကပ်အလှူရှင်လိုအပ်နေကြောင်းသူမရဲ့ ဖေ့စ်ဘွတ်ပေါ်မှာ ပြောထားတာပဲ ဖြစ်ပါတယ်။ဒီတစ်ခါမှာတော့ ကစ်ကစ် က ကျန်းမာရေးပြန်လာကောင်း မွန်လာပြီးဖြစ်လို့ ဆေးရုံမှ ဆင်းသွားပြီဖြစ်ကြောင်းကို မိုမိုလေးပရိသတ် ကြီးအတွက် ဖော်ပြပေးလိုက်ပါတယ်နော်။

သရုပ်ဆောင် ခင်သဇင်က ကစ်ကစ် ရဲ့ ကျန်းမာရေး အတွက် လိုအပ်တဲ့ အလှူရှင်များပေါက်ပေါက်စေ ရန် သူမရဲ့ ဖေ့စ်ဘွတ်ပေါ်မှာ ခုလိုပြောပြထားပါတယ်။ ခင်သဇင်ရေးထားတာကတော့ ” မကစ် ၁၁ ရက်နေ့က ဆေးရုံက နေဆင်းပြီး အိမ်ပြန်သွားရပါပြီ
အခုလက်ရှိတော့ ကျောက်ကပ် ဆက်ပြီး ဆေးပေးနေရပါတယ်ဒီနေရာမှာ ကန်ကျ စရိတ်လေးတွေ တွက်ပြချင်ပါတယ် ကျောက်ကပ် တစ်ခါ ဆေးရင် လူနာ အတင်အချ လူနာကားခေါ် သောက်ဆေးဝယ်နဲ့ အစားစားနဲ့ ၁၀၀,၀၀၀ ဝန်းကျင်ကုန်ကျပါတယ် တစ်လ ကို ၈ ကြိမ် အနည်းဆုံးဆိုတော့ ကျောက်ကပ်ဆေးခ တစ်လ ကို ၈၀၀၀၀၀ ကျသင့်ပါတယ်လက်ရှိလူနာစောင့်ဖို့ တစ်လ ၁၅၀၀၀၀ နဲ့ နေစားစရိတ်ငြိမ်း လူနာစောင့်တစ်ယောက် အိမ်မှာခန့်အပ်ထားပါတယ်မျက်စိ မမြင်ရတဲ့ အတွက် လူကလိုကိုလိုပါတယ်
(လူနာစောင့် ဆိုရာမှာ သမီး အရင်းဆိုသူကို ခဏမေ့ထားပြီးပဲ စဉ်းစားရအောင်ပါနော်)လူ၃ ယောက် တစ်လစားခကို ၂၀၀၀၀၀ ကျပ်သတ်မှတ်ထားပါတယ်
လူနာအတွက် တိုလီ မုတ်စ အိမ်သုံး ဝယ်တာလေးတွေပါ အပါအဝင်ပေါ့”

“အိမ်ခန်းက မုဒိတာ အိမ်ယာမှာ ဌားနေရတာ တစ်လ ၂၀၀၀၀၀ ပါ ၆ လစာ တစ်ခါတည်းသွင်းရပါတယ်သမီး ဖြစ်သူရဲ့ ၁၀ တန်း ကျူရှင် စားရိတ် က တစ်လ ၂၀၀၀၀၀ ကျသင့်ပါတယ်။အားလုံးပေါင်း အနည်းဆုံး ကွက်တိ တွက်မယ်ဆိုရင်တောင် ၁,၅၀၀,၀၀၀ သိန်းကျပ်တိတိ ကုန်ကျမှုရှိနေပါတယ်
နောက်ဆုံး တစ်ခေါက် ဆေးရုံတက်တာ သိန်း ၅၀ နည်းပါးလောက် ကုန်ကျခဲ့ပါတယ်( ဒါတောင် အစိုးရ ဆေးရုံမှာမို့ပါ ၊ ဆေးရုံ စားရိတ်မကုန်ကျပေမယ့် ကျောက်ကပ်ဆေး၊ သောက်ဆေးဝယ် ၊ nurse ဌားခတွေက ကိုယ်တိုင် အကုန်ကျ ခံခဲ့ရပါတယ်) လက်ထဲမှာ အလှူငွေ ကျန်စာရင်းက ၈၀ ကျော်ရှိနေသေးပေမယ့် ဒီငွေက ကျောက်ကပ်လဲဖို့ စုထားငွေနဲ့ ပုံမှန်ဆရာဝန် ပြခ တွေထဲ ပါသွားမှာပါ ”

“မကစ်က အလုပ်မရှိလို့ ဝင်ငွေ တစ်ပြားမှ မရှိပါ ။လုပ်ကျွေးမယ့်သူလည်းမရှိပါဘူး။အခု ခင်သဇင် ရည်ရွယ်ထားတာက ထာဝရ အလှူရှင် ၁၆ ယောက် (မကစ် အသက်ရှိစဉ် အချိန် အထိ) လှူဒါန်းသွားမည့် အလှူရှင် ရှာဖွေ ဖို့ပါ ။ထိုလူ ၁၆ ဦးမှ လူတစ်ဦးကို တစ်သိန်း ကျပ် တိတိ တစ်လ ကို ပုံမှန်လှူဒါန်းသွားရန်ပါ ။ပိုချမ်းသာသောကြောင့် ပိုလှူဒါန်းချင်လည်း တသတ်စာ ဖြစ်သောကြောင့် လှူဒါန်းသူ ဝန်ထုပ်ဝန်ပိုး ဖြစ်မည်စိုးပါသဖြင့် ပိုပြီး ထည့်ဝင်ခွင့် မရှိပါ ။တခြားသော ထာဝရ လှူဒါန်းမည့်အလှူရှင် အတွက်သတ်မှတ်ထားသော ကန့်သတ်ချက် အချက်အလက်များမှာ ( ရေရှည်တွင် အလှူရှင်မှ မပန်းစေ ၊ ဝန်ထုပ်ဝန်ပိုး မဖြစ်စေရန် ခင်သဇင့် ဘက်မှ စေတနာဖြင့် ရည်ရွယ်ထားသော အချက်အလက်များဖြစ်ပါသည်) -အသက် ၂၀ အောက်ရှိသူများ
-တစ်လ ဝင်ငွေ ၁၀ သိန်းအောက်ရှိသူများ
-ကိုယ်ပိုင် ဝင်ငွေ မဟုတ်ပဲ မိသားစု ဝင်ငွေဖြင့် လှူဒါန်းချင်သူများ
-မိမိကိုယ်တိုင် နာတာရှည်ရောဂါအား ချွေတာ ကုသနေရသူများ
-နိုင်ငံ ရပ်ခြားတွင် ကြာမြင့်စွာ ပြောင်းရွှေ့ နေထိုင်မည့် အစီအစဉ်ရှိသူများ ၊ လက်ရှိ ရေမြေခြားတွင် နေထိုင်သည့် သူများ
-မိမိ ကိုယ်ပိုင် ဆုံးဖြတ်ချက် မဟုတ်ပဲ တစ်ပါးသူမှ တိုက်တွန်းသောကြောင့် ခဏတာ သဒ္ဒါ စိတ်ဝင် လှူဒါန်းလိုသူများ
-မူးယစ်ဆေးဝါးတစ်ခုခုအား ဆက်စပ်သုံးစွဲမိနေသောသူများ
အစရှိသဖြင့် အထက်ပါ သူများအား မေတ္တာ ရှေ့ထား ပြီး ထာဝရ အလှူရှင် မဖြစ်နိုင်ပါကြောင်း ဦးစွာ အသိပေးပါရစေရှင် 🙏🏻🙏🏻ထာဝရ အလှူရှင် တစ်ဦးလျှင် တစ်လ ၁၀၀,၀၀၀ ကျပ်သာ ပါဝင်ခွင့်ရှိပါမည် ။သတ်မှတ်ထားသော ပမာဏထက် လှူဒါန်းခွင့် မပြုပါ ( ထပ်မံ လှူဒါန်းလိုပါက အရေးပေါ် ဘုံငွေ တွင်သာ ပါဝင်ခွင့်ရှိပါမည်ရှင်) ရေရှည် အလှူ ဖြစ်ပါသောကြောင့် မကစ် ကျန်းမာ အသက်ရှင်ချိန် အထိ လှူဒါန်းသွားရမည် ဖြစ်ပါသောကြောင့် သဘောတူ လက်မှတ် လေးရေးထိုး မှတ်တမ်းတင်ရမည်ဖြစ်ပါသည် ။ ထာဝရ အလှူရှင် ဖြစ်ရန်အလို့ဌာ ယခု ခင်သဇင့် comment အောက်မှာ အကြောင်းအရာအား ထားခဲ့န်ုင်ပါသည် ။Chat Box မှ တစ်ဆင့် ဆက်သွယ်ပါမည်။၇ရက်သားသမီးများ ထာဝရ စိတ်နှလုံးချမ်းမြေ့ သာယာပျော်ရွှင်ကြပါစေရှင် 🙏🏻🙏🏻ကုသိုလ်အရေး မျှော်ကိုးရ်ျ ဤ post လေးအား share ပေးကြပါဦးရှင် 🙏🏻🙏🏻🙏🏻” ဆိုပြီး ပြောထားပါတယ်။

သရုပ်ဆောင် ခင်သဇင် က သရုပ်ဆောင် ကစ်ကစ်အတွက် လတိုင်း အလှူရှင်ပေါ်ပေါက်စေဖို့ ခုလိုမျိုး ရေးသားပြီး သူမရဲ့ ဖေ့စ်ဘွတ်ပေါ်မှာဖော်ပြထားတာပဲ ဖြစ်ပါတယ်။

ဟာသ သရုပ်ဆောင် ကစ်ကစ်ရဲ့ ကျန်းမာရေးအတွက် အလှူရှင် ပေါ်ပေါက်အောင် မိုမိုလေးပရိသတ်ကြီးကလည်း ဒီ Post share ပေးပြီး ပြီးဆုတောင်းပေးကြပါဦးနော်။

Moekalay
Source;khin thazin’s facebook

Loading...

Facebook Comments