“မိုးအောင်ရင်အမှုမှာ အဂတိလိုက်စားမှုတွေမကင်းနိုင်ဘူး” လို့ဆိုလာတဲ့ မိုးအောင်ရင်ရဲ့ဦးလေး

သရုပ်ဆောင် မိုးအောင်ရင်ဟာဆိုရင် အနုပညာအလုပ်ဖြစ်တဲ့ သရုပ်ဆောင်အလုပ်ကို အရမ်းကို ဝါသနာကြီးလွန်းခဲ့တဲ့ သူတစ်ယောက်ပဲဖြစ်ပေမယ့် အခုဆိုရင် သူချစ်တဲ့ အနုပညာအလုပ်တွေနဲ့ ကင်းကွာနေခဲ့ရပြီပဲဖြစ်ပါတယ်။နိုင်ငံကျော် အဆိုတော် အောင်ရင်ရဲ့ သားဖြစ်သူ မိုးအောင်ရင်ဟာ မူးယစ်ဆေးဝါး သုံးစွဲမှုနဲ့ရော၊ လက်ဝယ်တွေ့ရှိမှုနဲ့ပါ ထောင်ဒဏ် (၁၇) တိတိ နှစ်ရှည်ချမှတ်ခံခဲ့ရတာကြောင့် ချစ်ခင်ရသူတွေနဲ့ ပရိသတ်တွေက စိတ်မကောင်းဖြစ်နေကြတာပါ။

(၁၇) နှစ်ဆိုတဲ့ အချိန်ကာလဟာ လူငယ်တစ်ယောက်အတွက် အရေးပါတဲ့ အချိန်တွေကို အများအပြားပိုင်ဆိုင်နိုင်တာမို့ ပရိသတ်တွေက နှမြောတသဖြစ်နေရတာပါ။ အထူးသဖြင့် မိုးအောင်ရင်လို အောင်မြင်နေဆဲ လူငယ်တစ်ယောက်အတွက် ထိခိုက်နစ်နာမှုတွေ အများအပြားရရှိမှာဖြစ်ပါတယ်။

ပရိသတ်တွေနဲ့အတူတူ မိုးအောင်ရင်ရဲ့ မိသားစုတွေကပါ ယူကြုံးမရဖြစ်နေကြပါတယ်။ မိုးအောင်ရင်ရဲ့ ဦးလေးဖြစ်သူကလဲ တူဖြစ်သူမိုးအောင်ရင်ရဲ့ အမှုဟာ မတရားသဖြင့် ထောင်ဒဏ်ချမှတ်ခံရတယ်လို့ သူ့ရဲ့ဖေ့စ်ဘုတ်စာမျက်နှာမှာ မျှဝေပေးထားပါတယ်။ မိုးအောင်ရင်ရဲ့ ဦးလေးဖြစ်သူက အခုလိုပဲ ပြောပြထားပါတယ်။”ကျွန်တော်တူတော်မောင်မိုးအောင်ရင် မနေ့ကဘဲဥပဒေသားတွေရဲ့ပညာပေးဆုံးမတွေကိုခံယူဖို့ နိုဝင်ဘာ၂၆ရက်နေ့မှာသုံးစွဲမှုနဲ့(၅)နှစ် ဒီဇင်ဘာလ၁၂ရက်နေ့မှာ(၁၂)နှစ်၊ ပေါင်း(၁၇)နှစ် မတရားသဖြင့်ထောင်ချမှတ်ခံရပါတယ်။ အပြစ်ပေးအရေးယူခံရပြီဆိုတော့ ဘယ်လိုအခြေအနေက စဖြစ်တဲ့ဖြစ်စဉ်တွေ ဘယ်လိုဖန်တီးလဲ ဘယ်လိုညစ်ကပ်လဲ ဘယ်လိုအမှုစဉ်သွားလည်းကို မကြာမှီအသေးစိတ်တင်ပြပါမယ်။ နိုင်ငံတော်အကြီးအကဲများထံ ပြည်သူလူထုထံချပြသွားပါမယ်။”

“မိုးအောင်ရင်ကိုလာဖမ်းစဉ် တာမွေမှာသူမရှိခဲ့ပါဘူး။သူ့သူငယ်ချင်းအကောင်းစားနှစ်ကောင်သာ အိမ်ရှေ့တံခါးဖွင့်ပြီး အိပ်ခန်းအတွင်းဆေးသုံးစွဲနေတုန်း ဝင်ဖမ်းခံရတာပါ။ အဲဒီနှစ်ကိုလူခွဲပြီးနှိပ်စက်စစ်ဆေးလို့ လူလူသန်းဦးဆိုတဲ့တစ်ယောက်ကလိုက်ပြလို့ ပုဇွန်တောင်မှာမိပါတယ်။ပုဇွန်တောင်မှာမိတော့ သူ့ဆီမှာဘာမှမတွေ့ပါဘူး။ အဲဒီပုဇွန်တောင်က သူ့ကောင်မလေးအိမ်ဝင်နောက်ရှာဖွေမှသာ ပိုက်ဆံအိပ်ခါးပတ်အတွင်းice 1gm သာတွေ့ရှိခဲ့ပါတယ်။ အဲဒါလည်းမိုးအောင်ရင်ကိုလာဖမ်းစဉ်ထဲက အကွက်ကျကျယူလာဖွယ်ရှိပါတယ်၊မိုးအောင်ရင်ဟာသူသုံးစွဲကြောင်းတရာရုံးမှာဝင်ခံခဲ့ပါတယ်။”

ဝေဠုကျော်ကို တရားစွဲဆိုမယ်ဆိုတဲ့ အလှမယ် သင်းသင်းရဲ့ မျက်ရည်ကျလောက်စေတဲ့ စာတစ်စောင်

“တာမွေအခင်ဖြစ်အိမ်ဟာ မိုးအောင်ရင်ဦးလေးနဲ့ အိမ်အကူမချိုတို့ ဌားရမ်းထားတာပါ။ အဲဒီအိမ်ဟာ သူတပါတ်ကိုတစ်ခါမသွားပါဘူး။ သူတင်ကျွေးထားတဲ့ တပည့်အပေါင်းသင်းကောင်းများသာသွားနေကြတာပါ။ အိမ်အကူမချိုလည်း ချိန်းခြောက်ထွက်ဆိုခိုင်းသဖြင့် မိုးအောင်ရင်ဌားခိုင်းသဖြင့်ဌားရကြောင်းတရာရုံးမှာထွက်ဆိုခဲ့ပါတယ်။ အမှုစစ်ဆေးတဲ့အချိန်ကာလဟာ ၂နှစ်နဲ့၎လနီးပါးကြာမြှင့်ခဲ့ပါတယ်။ ဘာဖြစ်လို့ကြာတာလဲဆိုရင် သက်သေများဖြစ်ကြတဲ့ မူးယစ်ရဲများက တရားခံဘက်ကို တောင်းဆိုတဲ့ငွေကြေးမလိုက်လျောတဲ့အတွက် နောက်ဆုံးမဖြစ်မနေလာရမဲ့အချိန်မှသာလာရောက်ခဲ့ပါတယ်”

“နောက်တစ်ခုမေးခွန်းထုတ်ရမှာက တာမွေအိမ်ရှာဖွေပုံစံမှာ မိုးအောင်ရင်လုံးဝလက်မှတ်မထိုးခဲ့ပါဘူး။ သူရဲ့သူငယ်ချင်း၂ယောက်သာ လက်မှတ်ထိုးခဲ့တာပါ။ ပြီးတော့ပိုက်ဆံပေးနိုင်တဲ့ လူလူသန်းဦးက(၃)နှစ် ကျန်၂ဦးက(၁၂)နှစ်ဆိုတော့နဲနဲလွဲနေသလားလို့ပါ။ မိုးအောင်ရင် ပုဇွန်တောင်မှာ သုံးစွဲ(၅)နှစ်ကျထားပါတယ်။ တရာရေးစီရင်ချက်ကတော့အဂတိတော့ကင်းပုံမပေါ်ပါဘူး။”

“အသေးစိတ်လူအမည်စာရင်းနဲ့အတူ နိုင်ငံတော်အကြီးအကဲများ၊ သက်ဆိုင်ရာဌာနဆိုင်ရာလူကြီးမင်းများထံ တရားဝင်တိုင်ကြားသွားမှာပါ။ ပြည်သူများသိရှိနိုင်ဖို့လဲ Facebook မှတင်ပြပါမယ်။ မိတ်ဆွေသူငယ်ချင်းများဝိုင်ရံပြီး ဝိုင်းshareပေးကြပါ။ နောက်တစ်ခုကျန်တာက လာဖမ်းစဉ်မူးယစ်က အပိုင်လာတာပါ။ ကြိုတင်ပြင်ဆင်ထားတဲ့ အထုပ်ဖြူပေါင်းများစွာ သူ့အိမ်မှာကျန်ခဲ့ပါတယ်။ ဒါလဲ အိမ်အကူမချို နောက်တစ်ရက်အိမ်ရှင်းစဉ်တွေ့ရကြောင်း ကျွန်တော့ထံသတင်းပို့ခဲ့ပါတယ်။ ကျွန်တော်မှဘယ်မှာလဲလို့မေးတော့ ကြောက်လို့လွှတ်ပစ်လိုက်တယ်ပြောပါတယ်။ အဆိုပါအိမ်အကူမချိုအား မူးယစ်မှခေါ်စစ်စဉ်သူတို့နဲ့အတူညအိပ်ရမယ်ဟု အရက်မူးပြီစစ်ဆေးခဲ့ပါတယ်။ လာရောက်ဖမ်ဆီးချိန်တွင်လည်း မူးယစ်မှလူတချို့အရက်သေစာသောက်စားထားသည်ကို မိမိကိုယ်တိုင်တွေ့ခဲ့ရပါတယ်။ ဒီဖြစ်စဉ်တွေဟာအမှန်တွေကြည့်တင်ပြထားတာပါ။ ဖြစ်တဲ့အချိန်ကမတင်ပြတာ ကိုယ့်လူအထဲမှာမလို့ပါ။ ဒီဖြစ်ရပ်မှန်အားသိရှိသူဟာမိမိအပါဝင်လေးဦးသာရှိပါတယ်။”

မိုးအောင်ရင်ရဲ့ ဦးလေးပြောပြချက်အရဆိုရင် မိုးအောင်ရင်ရဲ့ အမှုကိစ္စက စိတ်ဝင်စားဖို့ကောင်းနေပါပြီ။ ဒါပေမယ့် ကာယကံရှင်တွေကသာ အမှန်တရားကို သိမြင်မှာဖြစ်ပါတယ်။ မိုးအောင်ရင်ကို ချစ်ခင်အားပေးကြတဲ့ ပရိသတ်ကြီးလဲ တော်တော်လေး စိတ်မကောင်းဖြစ်နေကြမယ်ထင်ပါတယ်။ အချိန်ပေးပြီး ဖတ်ရှုပေးတဲ့ ပရိသတ်ကြီးကို မိုမိုလေးမှ ကျေးဇူးအထူးတင်ရှိပါတယ်။

Rowena
Source; Zarni Kywe’s fb

Loading...

Facebook Comments